ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်
ဘူမိဗေဒဘာသာရပ် အဓိက ဂုဏ်ထူးတန်းကို တက်ရောက်နေတဲ့ ကျောင်းသားကို ပါမောက္ခ
(ဌာနမှူး) နဲ့ ဆရာတို့ ပူးပေါင်းပြီး ပထမနှစ်ဝက်အတွက် ငွေကျပ်
သုံးသိန်းယူကာ အအောင်ပေးခဲ့ပြီး ဒုတိယနှစ်ဝက်မှာတော့ တောင်းတဲ့ လာဘ်ငွေကို
မပေးတဲ့အပေါ် စာမေးပွဲအောင်စာရင်းမှာ နာမည်မပါဝင်မှု ဖြစ်ပွားတဲ့အတွက်
သက်ဆိုင်ရာ ကျောင်းသားမိဘက ပညာရေးဝန်ကြီးဌာနထံ တိုင်ကြားမှု
ဖြစ်ပွားနေပါတယ်။ ဒီဘာသာရပ်မှာပဲ သင်ကြားနေတဲ့ တခြား ကျောင်းသား
ကျောင်းသူတွေထံကလဲ လာဘ်ငွေကို ယူပြီး စာမေးပွဲ အအောင်အရှုံးကို
ဆုံးဖြတ်ပေးနေတယ်လို့ သိရပါတယ်။ စာမေးပွဲမှာ ကောင်းမွန်စွာ
ဖြေဆိုနိုင်ခဲ့ပေမဲ့ စာမေးပွဲကျရှုံးတဲ့အတွက် ကျောင်းသားမိဘနဲ့ ဆရာအကြား
လာမယ့် စာသင်နှစ်မှာ ဆရာကိုယ်တိုင် တာဝန်ယူပြီး စာမေးပွဲအောင်အောင်
ကြိုးစားပေးမယ် ဆိုတဲ့ သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပေမဲ့ ကာယကံရှင်
ကျောင်းသားကို စိတ်ရောကိုယ်ပါ ထိခိုက်အာင် ပြုလုပ်နေတဲ့အတွက် အဆိုပါ
ကျောင်းဆရာနဲ့ ပါမောက္ခ (ဌာနမှူး) တို့အပေါ် ကျောင်းသားမိဘက အခုလို
တိုင်ကြားလိုက်တာလဲ ဖြစ်ပါတယ်။
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဘူမိဗေဒဘာသာရပ် အဓိက ဂုဏ်ထူးတန်းကို
တက်ရောက်နေတဲ့ ကျောင်းသားကို ပါမောက္ခ (ဌာနမှူး) နဲ့ ဆရာတို့ ပူးပေါင်းပြီး
ပထမနှစ်ဝက်အတွက် ငွေကျပ် သုံးသိန်းယူကာ အအောင်ပေးခဲ့ပြီး
ဒုတိယနှစ်ဝက်မှာတော့ တောင်းတဲ့ လာဘ်ငွေကို မပေးတဲ့အပေါ်
စာမေးပွဲအောင်စာရင်းမှာ နာမည်မပါဝင်မှု ဖြစ်ပွားတဲ့အတွက် သက်ဆိုင်ရာ
ကျောင်းသားမိဘက ပညာရေးဝန်ကြီးဌာနထံ တိုင်ကြားမှု ဖြစ်ပွားနေပါတယ်။
ဒီဘာသာရပ်မှာပဲ သင်ကြားနေတဲ့ တခြား ကျောင်းသား ကျောင်းသူတွေထံကလဲ
လာဘ်ငွေကို ယူပြီး စာမေးပွဲ အအောင်အရှုံးကို ဆုံးဖြတ်ပေးနေတယ်လို့ သိရပါတယ်။
စာမေးပွဲမှာ ကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့ပေမဲ့ စာမေးပွဲကျရှုံးတဲ့အတွက်
ကျောင်းသားမိဘနဲ့ ဆရာအကြား လာမယ့် စာသင်နှစ်မှာ ဆရာကိုယ်တိုင် တာဝန်ယူပြီး
စာမေးပွဲအောင်အောင် ကြိုးစားပေးမယ် ဆိုတဲ့ သဘောတူစာချုပ်ကို
ချုပ်ဆိုခဲ့ပေမဲ့ ကာယကံရှင် ကျောင်းသားကို စိတ်ရောကိုယ်ပါ ထိခိုက်အာင်
ပြုလုပ်နေတဲ့အတွက် အဆိုပါ ကျောင်းဆရာနဲ့ ပါမောက္ခ (ဌာနမှူး) တို့အပေါ်
ကျောင်းသားမိဘက အခုလို တိုင်ကြားလိုက်တာလဲ ဖြစ်ပါတယ်။
No comments :
Post a Comment