Type your summary here.
Type the rest of your post here.
Khin Mgoo အသတ်ခံရသူကျောင်းဆရာမနှစ်ဦးထဲမှ တစ်ဦးမှာ စစ်ရှောင်ဒုက္ခသည်ဖြစ်နေ(Kwave) အသတ်ခံရသူ ကျောင်းဆရာမ တစ်ဦးမှာ သာလောကြီးကျေးရွာမှဖြစ်ပြီး ယခုအချိန်တွင် မြစ်ကြီးနားမြို့ရွှေစက် နှစ်ခြင်းအသင်းတော် ဒုက္ခသည်စခန်းတွင် မိဘများနှင့်အတူ စစ်ရှောင် နေသူဖြစ်ပြီး ကျန်တစ်ဦးမှာ ဝိုင်းမော်မြို့နယ် ဗေသလနှစ်ခြင်းအသင်းတော်မှ ဖြစ်ကြောင်းသတင်းရရှိသည်။ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မာန်ဝိန်းကြီးနယ်စပ် နမ်တောင်(မ်) နှင့် မုန်းဘော်ကြားရှိ ကောင်းခါးကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဘုရားကျောင်းဝင်းနေ KBC မှ စေတနာ့ဝန်ထမ်းကျောင်းဆရာမ နှစ်ဦးအား ဗိုလ်မှုး တစ်ဦး ဦးဆောင်သည့် အစိုးရစစ်တပ် ခမရ (၅၀၃)စစ်သားများမှ အဓမ္မပြုကျင့်ကာ တုတ်ဖြင့်ရိုက်သတ်ထား ခြင်းဖြစ်ကြောင်းလည်းသိရသည်။ အလောင်းအား မူဆယ်ဆေးရုံတွင် ထားရှိစစ်ဆေးလျက်ရှိပြီး ၄င်းတို့၏ မိသားစုဝင်များနှင့် KBC အတွင်းရေးမှုး ဒေါက်တာခလမ်ဆမ်ဆွန် တို့ ၂၁ ဇန်နဝါရီတွင် မူဆယ်သို့ လိုက်သွားမည်ဖြစ်ကြောင်းသိရသည်။ (ဓါတ်ပုံ- အသတ်ခံရသည့် ဆရာမ (၂)ဦး၏ရုပ်အလောင်း အားသူမတို့၏နေအိမ်မှ သယ်ထုတ်လာစဉ်။၂၀.၁.၂၀၁၅)

No comments :
Post a Comment