Sunday 15 February 2015

မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ ကို အမြဲဆိုသလို တစ္ဆေခြောက်ခြင်း ခံခဲ့ရသည့် Made in China ပြဿ နာ

အစားထိုးဖို့ အကြံပြုခဲ့သည့် ပြင်သစ်နိုင်ငံလုပ် မီရပ်ခ်ျ တိုက်လေယာဉ် အမျိုးအစားပီကင်း တပ်မတော် ပြတိုက်မှာ ပြသထားသော ချင်ဒူး Chengdu Jian-7 (export versions F-7) J-7 / F-7 Airguard
 ဗိုလ်ရှု့ခံ မှာ ထုတ်ပြခဲ့တဲ့ Made in China စစ်လက်နက်ပစ္စည်းတွေရဲ့ သမိုင်း အကြောင်းပါ။

၁၉၈၀ ခုနှစ် ပတ်ဝန်းကျင်ကာလမှစတင်ပြီး နအဖ စစ်အုပ်စုကို တရုတ်နိုင်ငံက ထုတ်လုပ်ရောင်းချခဲ့တဲ့ ချင်ဒူး Chengdu Jian-7 (export versions F-7) နှင့် F-7M တိုက်လေယာဉ်များဟာ ရုရှား လုပ် Mikoyan-Gurevich MiG-21 တိုက်လေယာဉ်များမှာ ရင်ဆိုင်ခဲ့ရတဲ့ နည်းပညာ အားနည်းချက်၊ ချို့ ယွင်းချက်တွေကို ပြင်ဆင်ကာ ပုံတူခိုးချ ထားတဲ့ တိုက်လေယာဉ် အမျိုးအစားများဖြစ်ပြီး ၁၉၆၆ ခုနှစ်မှာ တရုတ်နိုင်ငံမှာ ပထမဆုံး စမ်းသပ်ပျံသန်းခဲ့တယ်လို့ သိရှိရတယ်။ ဒီတိုက်လေယာဉ်များ ကို ၁၉၈၀ ခုနှစ်မှ ၂၀၀၆ ခုနှစ် အတောအတွင်း နိုင်ငံခြားတိုင်းပြည်များသို့ တင်ပို့ရောင်းချ ခဲ့တယ်။

၁၉၅၀-၁၉၆၀ ခုနှစ်ကတည်း ရုရှားနည်းပညာ အကူအညီဖြင့် ပုံတူထုတ်လုပ်ခဲ့တဲ့ ချင်ဒူး Chengdu Jian-7 (export versions F-7) နှင့် F-7M တိုက်လေယာဉ်များဟာ အိုမင်းနေမှု၊ နည်းပညာ ချွတ်ယွင်းမှုများ မကြာခဏဆိုသလို ကြုံတွေ့လာရမှုတွေကြောင့် ယခုအခါ တရုတ်လေယာဉ်သမိုင်းပြတိုက်တွေမှာတောင် ပြသနေရတဲ့ အဆင့်ကိုရောက်ရှိ နေပြီဖြစ်ကြောင်း တရုတ်အစိုးရက အတည်ပြုခဲ့သည်။

ဒီလေယာဉ်တွေ ကို တရုတ်အစိုးရ ရဲ့ အဆိုအရ ၆၄ စင်းကို နအဖထံသို့ ၁၉၈၀ -၁၉၉၀ ပတ်ဝန်းကျင်ကာလ အတောအတွင်းရောင်းချခဲ့ပြီး၊ အပျက်အစီးနှင့် နည်းပညာ ချို့ယွင်းမှုတွေကြောင့် ၃၆ စင်းသာ ကျန်ရှိတော့တယ်လို့သိရတယ်။ တရုတ်လုပ် တိုက်လေယာဉ်များပေါ်တွင် တင်ဆောင်လာတဲ့ ဝေဟင်ပစ်ဒုံးကျည်တွေ ဟာ ကွန်ပြူတာနည်းပညာ ချို့ယွင်းမှုတွေကြောင့် လေဆာထိမ်းချုပ်မှုဖြင့် ပစ်ခတ်နိုင်စွမ်း မရှိဘူးလို့ ခိုင်လုံတဲ့ စစ်ဘက်ထောက်လှမ်းရေး သတင်းများ အရလည်း သိရှိရပါသည်။ ထိုင်း-မြန်မာ နယ်စပ်ပြဿနာစစ်ပွဲ မှာ ဒီအချက်ဟာ မှန်ကန်ခဲ့ကြောင်း အတည်ပြု ပြောကြားနိုင်ခဲ့တယ်လို့ ထောက်ပြပြောဆိုကြသည်။

၁၉၉၇ ခုနှစ်မှာတော့ ကျန်ရှိတဲ့ Chengdu Jian-7 (export versions F-7) တိုက်လေယာဉ် ၃၆ စင်းကို ပြုပြင်မွမ်းမံပြင်ဆင်ဖို့ အစ္စရေးနိုင်ငံ ကာကွယ်ရေးဆိုင်ရာ Elbit ကုမ္ပဏီနဲ့ သဘောတူညီမှု ရရှိခဲ့တယ်။ ဒါပေမဲ့လည်း တရုတ်က ပြန်လည် မွမ်းမံပြီးပုံတူခိုး မူကွဲ ထုတ်တားတဲ့ ဒီလေယာဉ်အမျိုးအစားဟာ အရည်အသွေးအဆင့် မမှီတာကြောင့် ၀ယ်ယူခဲ့ကြတဲ့ နိုင်ငံအတော်များများမှာလည်း ပျက်ကျခဲ့ကြပြီး၊ လေယာဉ်မှူးများလည်း မကြခဏဆိုသလို အသက်ဆုံးရှုံး ခဲ့ရတယ်လို့သိရှိရပါတယ်။

တိုက်လေယာဉ်များကို ပြည်ပသို့ တင်ပို့ရောင်းချရာမှာ မူလထုတ်လုပ်တဲ့နိုင်ငံအစိုးရတွေဟာ အဆင့်မြင့်နည်းပညာ အပြည့်အ၀မပါဝင်တဲ့ Version B မူကွဲ ပုံစံအသစ်ဖြင့် ရောင်းချခဲ့သလို၊ ထပ်ဆင့်ပုံတူ ခိုးချထုတ်လုပ်ရောင်းချတဲ့ နိုင်ငံတွေဟာလည်း Version C မူကွဲ ပုံစံအသစ်ဖြင့် ထပ်မံရောင်းချလေ့ ရှိကြတယ်။ ရောင်းချမှုမှာ နှစ်နိုင်ငံ စစ်ရေးသဘောတူစာချုပ်များ ပေါ်တွင်လည်း မှုတည်လေ့ရှိတယ်။ ဥပမာ- ထိုင်း-အမေရိကန် စစ်ရေးသဘောတူ စာချုပ်များအရ ထိုင်းနိုင်ငံသို့ရောင်းချခဲ့တဲ့ F16 တိုက်လေယာဉ်များမှာ အဆင့်မြင့်နည်းပညာအချို့ မပါဝင်တဲ့ Version B မူကွဲ ပုံစံကိုရောင်းချခဲ့သော်လည်း၊ နှစ်နိုင်ငံ စစ်ရေးသဘောတူ စာချုပ်များအရ အရေးပေါ်အခြေအနေများတွင် ချန်လှပ်ထားသည့် နည်းပညာများကို အလွယ်တကူ တပ်ဆင်သုံးစွဲသွားနိုင်ရန်အဆင်သင့်ပြုလုပ်ထားပေးတယ်။ ထို့အတူ ရုရှား လုပ် Mikoyan-Gurevich MiG-21 တိုက်လေယာဉ်များတွင် နည်းပညာအချို့ကို ချန်လှပ်ထားခဲ့ပြီး ဖြစ်သလို၊ ယင်းကို ပုံတူခိုးချထုတ်လုပ်ရောင်းချခဲ့သည့် Chengdu Jian-7 (export versions F-7) များတွင်လည်း မူလ နည်းပညာများပါဝင်မှု မရှိခဲ့ပါ။

၁၉၉၀ ခုနှစ်ပတ်ဝန်းကျင်ကာလ ၊ တနည်းအားဖြင့် ၁၉၉၀ ရွေးကောက်ပွဲပြီးနောက် မကြာခင်မှာပဲ နအဖစစ်အုပ်စု ခေါင်းဆောင်များဟာ တရုတ်အစိုးရမှ ယင်း Chengdu Jian-7 (export versions F-7) နှင့် နှင့် F-7M တိုက်လေယာဉ်များကို ထပ်မံ ၀ယ်ယူဖို့ဆုံးဖြတ်ခဲ့ကြပြန်တယ်။ ယင်း တိုက်လေယာဉ်များဟာ အရည်အသွေးအဆင့်မမှီတော့ သလို၊ အိမ်နီးချင်းနိုင်ငံများရှိ တိုက်လေယာဉ်များကို မယှဉ်နိုင်တာကြောင့်၊ ပြင်သစ်နိုင်ငံလုပ် မီရပ်ခ်ျ တိုက်လေယာဉ်များ ကို ၀ယ်ယူဖို့ မိတ္တီလာလေတပ်အခြေစိုက်စခန်းမှ ကျွမ်းကျင်သူ ပညာရှင် လေတပ်အရာရှိကြီးတစ်ဦးက အခြအတင်ဆွေးနွေးတင်ပြပြီး အကြံပြုခဲ့ဘူးပါသည်။ ထိုစဉ်က တရုတ်အစိုးရ၏ နိုင်ငံရေးထောက်ခံမှုရရှိအောင်ကျိုးစားနေသည့် နအဖ စစ်ခေါင်းဆောင်များ ၏ နိုင်ငံရေးလှို့ဝှက် ကြံစည်မှုများကြောင့် ယင်းအရာရှိကြီးမှာ မြစ်ကြီးနားအခြေစိုက် လေတပ်စခန်းသို့ ပြောင်းရွေှ့ခြင်းခံခဲ့ရပြီး၊ နောက်ဆုံးတွင် အရပ်ဘက်ဆိုင်ရာဝန်ကြီးဌာန မှတဆင့် ရာထူးမှ အနားယူခြင်း ခံခဲ့ရတယ်။ တနည်းအားဖြင့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအပြီး တရုတ်အစိုးရ၏ထောက်ခံမှုကိုရရှိလိုသော နအဖ စစ်အုပ်စုခေါင်းဆောင်များ က တရုတ်အစိုးရနှင့် ဆက်ဆံရေးကောင်းမွန်အောင် ဒေါ်လာဘီလီယံနဲ့ချီ စစ်လက်နက်ပစ္စည်းများကို ၀ယ်ယူခဲ့ခြင်းသာ ဖြစ်တယ်လို့ နောက်ပိုင်းမှာသိရှိခဲ့ရတယ်။ ယင်းဖြစ်ရပ် ကို စစ်တပ်အတွင်းရှိ လူငယ်အရာရှိများ မသိရှိအောင်တော့ ဖုံးကွယ်ခဲ့ကြသည်။

လောလောဆယ် မြန်မာ့လေတပ်တွင် အသင့်အနေအထားရှိနေကြသည့် လေ့ကျင့်ရေးနှင့် လေကြောင်းကာကွယ်ရေး လေယာဉ်များတွင် တရုတ်လုပ် ချင်ဒူး(Chengdu)၊ရှင်ယန်း(Shenyang)၊နန်ချန်(Nanchang) ရှန်စီ(Shaanxi)၊ ဟုန်ဒူး(Hongdu)လေယာဉ်များသာ ရှိကြတာကြောင့် လေယာဉ်မှူးများကလည်း မောင်းနှင်ဖို့ အထိတ်တလန့်အဖြစ် ရောက်ရှိနေကြပြီး၊ နအဖ ခေါင်းဆောင်များလည်း သူ့တို့၏မှားယွင်းခဲ့သော ဆုံးဖြတ်ချက်များအပေါ် အမြဲဆိုသလို တစ္ဆေခြောက်ခြင်းခံနေရပါပြီ။

အနှစ်ချုပ်ဆိုရသော် ယနေ့ မြန်မာလေတပ်အတွင်း လေ့ကျင့်ပျံသန်းနေသော ဒေါ်လာ သန်းချီကုန်ကျ ခဲ့ရသည့် Chengdu Jian-7 (export versions F-7) နှင့် F-7M တိုက်လေယာဉ်များ ပျက်ကျနေမှု၊ အဖိုးတန်သော လေယာဉ်မှူးများဆုံးရှုံးနေမှုသည် တာဝန်ယူမှု မရှိသည့် နအဖ စစ်အုပ်စု ခေါင်းဆောင်များ၏ဆုံးဖြတ်ချက် မှားယွင်းခဲ့မှု များကြောင့်သာဖြစ်ပြီး၊ အမှားကို ၀န်ခံဖို့ သူရဲဘောကြောင်နေကြခြင်းသာ ဖြစ်သည်လို့ မှတ်ယူရပါတော့မည်။

-မြတ်စိုး(WFWW)-
၀၂.၀၃.၂၀၁၀

ကိုးကား- Israeli military aid to Burmese regime: Jane's

No comments :