ပင်တီလှလှ မပို့ကြနဲ့ 
ကိုမိုးသီးခင်ဗျား
ဂျာမန်မှာ အမျိုးသမီး အတွင်းခံဘောင်းဘီ ပို့တဲ့ ကန်ပိန်း အားကောင်းနေတယ်ဗျို့။ ဂျာမဏီမှာရှိတဲ့ မြန်မာအမျိုးသမီးတွေက သံဃာတွေကို သတ်ဖြတ်တဲ့ စစ်အစိုးရကို ရှုတ်ချတဲ့အနေနဲ့  မြန်မာသံရုံးကို အတွင်းခံဘောင်းဘီတွေ ပေးပို့တဲ့ လူပ်ရှားမှု ကို သူတိုနည်းသူတို့ဟန်နဲ့ လူပ်ရှားလာကြတာ ပြီးခဲ့တဲ့ အပတ်ကတည်းကဗျ။ အင်တာနက်ကနေ တယောက်နဲ့ တယောက် ဆက် သွယ်ပြီး ဒီလိုလုပ်ကြတာလို့  ရင်းနှီးတဲ့ အမျိုးသမီးတဦးက ကျနော့်ကိုပြောတယ်။ သူတို့ မိတ်ဆွေ ဂျာမာန် အမျိုးသမီးတွေကို လည်း စည်းရုံးပြီးကန်ပိန်းထဲမှာ ပါဝင်စေခဲ့တယ်။ ခုဆိုရင် ဘာလင်မြို့ မှာရှိတဲ့ ဂျာမာန်သံရုံးကို အတွင်းခံဘောင်းဘီ အဟောင်းတွေဟာ စာတိုက်ကတဆင့် ရောက်လာမစဲ တဖွဲဖွဲ ဖြစ်နေသဗျ။ တစ်ထောင်ကျော်သွားပြီလို့ သိရတယ်ဗျ။
တနှစ်လုံး ဘာသောက်လုပ်မှ မည်မည်ရရမရှိတဲ့ သံအမတ် တင်ဝင်းက အခု အလုပ်အရမ်းများနေတယ် ဆိုပဲ။
အတွင်းခံ ဘောင်းဘီတွေထဲက ကောင်းနိုးရာရာတွေကို ရွေးပြီး မြန်မာပြည်မှာ ပြန်ရောင်းစားဖို့ အကြံအဖန်လုပ်နေတယ် ဆိုပဲ၊၊ ဒီသတင်းကို သံရုံးနဲ့ နီးစပ်တဲ့ အသိုင်းဝိုင်းကလူတွေက ပြောပြတယ်၊၊
ဒါကြောင့် သိပ်ကောင်းတဲ့ ဘောင်းဘီ တွေ ကို မပို့ကြဖို့ အမျိုးသမီးတွေကို ခင်းဗျား ဘလောက်ကနေ ပြောပေးစမ်းပါဗျာ။ တော်ကြာ (နအဖ) စစ်အစိုးရ ဂျီဒီပီ တိုးလာဦးမယ်၊၊ ဒီလူပ်ရှားမှုကို စိတ်ပါဝင်စားတဲ့ အမျိုးသမီးတွေ အနေနဲ့ အောက်ပါ လိပ်စာ အတိုင်း ပေးပို့နိုင်ပါတယ်။
Tin Win ,
Ambassador
Thielallee19 , 14195 Berlin , Germany
ကိုဆန်နီ
ကိုလုံးမြို့  ။
Wednesday, 31 October 2007
Subscribe to:
Post Comments
(
Atom
)
1 comment :
Hi Ko Sunny
All they have to do is to post something called penty liners. Ladies know what that is. It is smaller and neater, no bigger than the folded normal A4 sheet , so it even saves postage.It can fit perfectly in the normal envelope. They just have to make sure that it is the used one. Unlike the parcel, it also makes the nothing to do embassy staffs that it could be a big cheque. Good luck!
Post a Comment