Thursday 1 November 2007

ပျင်းမိလို့

ပျင်းမိလို့ 

တနေ့တော့ အင်းစိန်ထောင်ထဲကို အကျဉ်းသားသုံးဦး ရောက်လာပါတယ်။ သူတို့ကတော့ ဇာဂနာရယ်၊ ကျောင်းသားတဦး ရယ်၊ ကြံဖွတ်တဦး ဖြစ်ပါတယ်။ ထောင်မှူးက သူတို့ကို ဘာဖြစ်လို့ ထောင်ကျလာသလည်း ဆိုတာကို မေးပါတယ်။
ထောင်မှူးက ဇာဂနာ ကို “မင်းဘာဖြစ်လို့ ထောင်ကျလာတာလဲ”
ဇာဂနာ - “ ဟာသ ပြောမိလို့ ”
ထောင်မှူး က ကျောင်းသားကို မေးပြန်တယ်။ “မင်းကရော ”
ကျောင်းသား- “သူပြောတဲ့ ဟာသကို နားထောင်မိလို့ ”
ထောင်မှူး - “ အင်း ဘာလို့ နားထောင်ရတာလဲ ကွ ” လို့ ပြောလိုက်တယ်၊၊ ပြီးတော့ ကြံဖွတ်ဘက်ကို

မင်းကရော ဘယ်လိုဖြစ်လာတာလဲ။ ”
ကြံဖွတ်- “ ပျင်းမိလို့ပါ ခင်ဗျာ။ ”
ထောင်မှူး - “ဘာကွ ၊ ပျင်းရုံနဲ့ မြန်မာပြည်မှာ အဖမ်းခံရသလားကွ ”

ကြံဖွတ် - “ ဖမ်းတယ်ခမြ၊ ဒီလိုပါ ထောင်မှူး ၊ တညနေ မှာ ရပ်ကွက်ထဲ က လူတွေ ဟာသတခု ပြောနေတာကို ကြားမိပါတယ်။ ဒီအကြောင်းကို မနက်ကျမှ ရ၀တကို အကြောင်းကြား တော့မယ်ဆိုပြီး ပျင်းလိုက်မိပါတယ်။ ညတွင်းချင်းပဲ စစ်သားတွေ စွမ်းအားရှင်တွေ က ၀ိုင်းပြီး သတင်းထိမ်ချန်မှုနဲ့ ကျနော်ကို ဖမ်းလိုက်တာကို ခံလိုက်ရပါတယ်ခင်ဗျာ။ ”

KS

No comments :