ရန်ကုန်မှာ ငွေလွှဲနေတဲ့ လူတွေကို ဖမ်းနေတယ်။
နိုဝင်ဘာ ၁ ရက်
ရန်ကုန်
ရန်ကုန်မှ လာတဲ့သတင်းတွေအရ နိုင်ငံခြားမှငွေလွှဲနေတဲ့ အိမ်တွေကို စစ်အစိုးရက လိုက်လံဖမ်းဆီးနေပါတယ်။ သံဃာတွေ ဦးဆောင်တဲ့လူထုလူပ်ရှားကြီးကို စစ်တပ်က နှိမ်နင်းအပြီး၊ သတင်းတွေမှာ ဒီလှုပ်ရှားမူတွေကို နိုင်ငံခြားက ငွေတွေ ထောက်ပံ့နေတယ်လို့  စွပ်စွဲလာပါတယ်၊ ပြီးခဲ့တဲ့အပတ်က စပြီး ငွေလွှဲလုပ်နေတဲ့ သူများကို စစ်ထောက်လှမ်းရေး (စရဖ) အဖွဲ့က စောင့်ကြည့်နေပါတယ်။ ငွေလွှဲနေသူများကို နောက်ယောင်ခံပြီး လိုက်လံကြည့်ပြီး လာရောက်ပေးသူကိုပါ ငွေလက်ခံ သူရောကိုပါ ဖမ်းဆီးလိုက်ပါတယ်လို့  အမည်မဖေါ်လိုတဲ့ ပြည်ပရောက် မြန်မာတဦးက ပြောပါတယ်။ သူအိမ်ကိုငွေလွှဲပေး စဉ်မှာ ရန်ကုန်ရှိ ငွေလာပို့တဲ့သူရော၊ သူ့ညီပါ အဖမ်းခံရပုံကို ပြောပြပါတယ်။
၁၉၈၈ ခုနှစ် စစ်တပ်က အဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံသားများ အစုအလိုက်အပြုံလိုက် နိုင်ငံခြားကို ထွက်လာ ကြပါတယ်။ မြန်မာတွေ အများစု ရောက်သွားတဲ့ နိုင်ငံတွေကတော့ ဂျပန်၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ တောင်ကိုရီးယား နိုင်ငံ တွေကို ထွက်လာကြပါတယ်။ ထိုင်းနိုင်ငံရောက် ဒုက္ခသည်တွေ အပါအ၀င် အမေရိကန်နဲ့ အနောက်နိုင်ငံတွေကို ရောက်လာ ကြတယ်၊၊
ပြည်ပရောက် မြန်မာ ၉၀. ၃၄ ရာခိုင်နူန်း ကျော်ဟာ ပြည်မှာကျန်ရစ်ခဲ့တဲ့ မိဘ ညီအကိုမောင်နှမများကို မိမိတို့ ရတဲ့ ချွေးနည်းစာနဲ့  ထောက်ပံ့နေကြရတာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပါတယ်၊၊ ပြည်တွင်းမှာကျန်ရစ်တဲ့ မိသားစုဝင် အများစုဟာလည်း အလုပ်အကိုင် ကောင်းမွန်စွာမရှိကြဘဲ ပြည်ပရောက် မိသားစုဝင်များအပေါ်မှာ လုံးဝမှီခိုအားထားနေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဘဏ်စနစ် မရှိတဲ့အတွက် ငွေလွှဲချင်တဲ့ သူတွေက ပြည်ပရောက်ငွေလွှဲစနစ်ကိုပဲ အားပြု နေကြရပါတယ်။ အခုလို ပြည်ပမှပေးပို့နေတဲ့ငွေ၊ လူတွေကို လိုက်လံဖမ်းဆီးမယ်ဆိုရင် ပြည်တွင်းမှာရှိတဲ့ မိသားစု ၀င်များ စီးပွားရေးကျပ်တည်းမှုကို အရင်ကထက် ပိုမိုခံလာရတော့မယ်လို့ ယူဆနိုင်စရာ ရှိနေတယ်။ အခုတလော စစ်အစိုးရ က သိမ်းကြုံးဖမ်းနေတဲ့အတွက် ငွေလွှဲနေသူများအနေနဲ့ သတိပြုနိုင်ဖို့ တင်ပြလိုက်ပါတယ်။ အလုံခြုံဆုံး နည်းစနစ်ကတော့ စစ်အစိုး အမြန်ဆုံးဖြတ်ချပြီး အမျိုးသားပိုင်ဘဏ်တွေ ကို ထူထောင်ကြဖို့ပါပဲ။
Thursday, 1 November 2007
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment