Thursday, 13 December 2007

စိတ်ချ ရတဲ့ ထိုင်ခုံ

လေယာဉ်စီးရင် ဘယ် ခုံမှာထိုင်ရင် စိတ်ချရလည်း

အေဘီစီ သတင်းရဲ့ အဆိုအရ ၂၀၀၇ခုနစ်၊ ခရစ်စမစ် ဟောလီးဒေး မှာ လူဦးရေ သန်း ၆၀ ခန့် က ခရီးထွက်ကြ မယ်လို့ သိရတယ်။ ဒီထဲမှာလေယာဉ်နဲ့ ခရီးသွားမဲ့ သူ တွေ ပါတယ်။ လေယာဉ်နဲ့ ခရီးသည်တွေက လေယာဉ် နဲ့ ခရီး သွားတဲ့အခါမှာ ဘယ်နေရာထိုင်ရင် လုံခြုံ မလည်း လို့  မသိစိတ်ကနေ စဉ်းစားလေ့ရှိကြတယ်။ တကယ်လို့ ပျက် ကျရင် ကိုယ်ထိုင်တဲ့နေရာ က စိတ်ချရတဲ့နေရာ ဖြစ်စေ ခြင်တယ်။ ဒီတော့တချို့ က လေယာဉ်ရှေ့ ပိုင်းမှာနေတာဟာ အန္တရယ်ကျရောက်လာရင် မြန်မြန် ထွက် ပြေးနိင်တယ်လို့ ယူဆပြီးရှေ့ ကထိုင်တယ်။ တချို့ က ရှေ့ ကိုအရင်တိုက်မှာလို့ ယူဆတယ် ဒီတော့ နောက်မှာ ထိုင်တယ်။ တချို့ က လူသွားလမ်း အနီးမှာ ထိုင်တယ်။ ဒါပေမဲ့ အမျိုးသား သယ်ယူပို့ ဆောင်ရေး လုံခြူံမူ အဖွဲ့ - National Transportation Board - အဖွဲ့ ရဲ့  စစ်တန်းကောက်မူ တွေအရ လေယာဉ်ထဲမှာ ဘယ်ထိုင်ခံက စိတ်အချဆုံး လည်းဆိုတာ မရှိဘူးလို့ ဆိုပါတယ်။ ဆူစီးတီးမြို့  အနီးမှာလေယာဉ်ပျက်ကျတုံးက အလယ်က လူတွေလွတ်တယ်။့ နောက်က လူတွေသေတယ်။ ဒါလစ် မြို့ အနီးလေယာဉ်ပျက်ကျတုံးက နောက်က လူတွေသေတယ်။ လောစ်အိန်ဂျဲလိစ် တုံးက နောက်နဲ့ အလယ်က လူတွေလွတ်တယ်။ ရှေ့ ကလူတွေသေတယ်။ ဒါကြောင့် ဘယ်နေရာမှာ ထိုင်မှလွတ်မယ် ဆိုတာ မသေချာဘူးလို့  ဆိုတယ်။ - zena-
အေဘီစီသတင်း

No comments :