Thursday, 13 December 2007

Wednesday, 12 December 2007


နအဖ ရွှေ တွေကို လှိမ့် ဝယ်နေပြီ ။ ရွေကုန်သည်တွေ သတိထားကြ ။ မြေအောက်ရဲ ဘော်တွေ သတိထားကြ ။

နအဖက ရွှေ ကုန်သည်တွေကို အတင်းအဓမ္မ ဈေးချခိုင်းနေတဲ့ သတင်း ကို ရောဝတီ အင်တာနက်စာမျက်နှာ မှာဖတ်လိုက်ရပါတယ်။ အောင်သောင်း က ရွှေ ကုန်သည်ကြီးတွေကိုေ ခ်ါတွေ့ ပြီး ရွှေ ဈေး ချခိုင်းတယ်။
စီးပွားရေး ပညာရှင်တွေ က ဈေးနူန်းကို သတ်မှတ်တာ ဈေးကွက် ရဲ့ ရောင်းအားနဲ့ ဝယ်အားကပဲ သတ်မှတ်တယ် လို ဆိုကြပေမဲ့ နအဖ ကတော့ ဈေးနူန်းကို သေနပ်နဲ့  ချိန်ပြီ ချကြတယ်။ ရွှေ ဈေးချခိုင်းတာနဲ့ ပတ်သက်ပြီး နအဖ မှာ တိတိကျကျ အကြောင်းပြချက်ရှိပုံမရဘူး ရွေဈေးတက်ရင် ကုန်ဈေးနှုန်းတက်မှာစိုးလို့  လည်းပြောတယ်။ ပြည်ပဈေးကွက် ကိုထိုးဖေါက်ရမယ်လည်းပြောပါတယ်။ လောလော ဆယ်တော့ ရွှေကုန်သည်တွေ သိန်းရာနဲ့ ချီရူံးနေပြီလို့ သတင်းထွက်နေပါတယ်။ ရွှေ ဆိုင်တွေကို ပိတ်ထားရင် လိုင်စင်ချမပေးဘူး။ အရူံးခံရောင်းတော့ အရူံးပေနေတယ်။ ဒါဟာ သာမာန်သတင်းတခုမဟုတ်တော့ပါဘူး။ မဟာဗျူးဟာမြောက်သတင်းဖြစ်လာနိင်ပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ဒီလောက်စီးပွားရေးကြပ်တည်းနေတဲ့အချိန်မှာ ရွေကို ၀ယ်နိင်တာ လူထုတွေ မဟုတ်လို့ ပါပဲ။ နအဖ ငွေမာရ အောင် ရွေကုန်သည်တွေဆီက တရားဝင် ဓမြတိုက်နေတာလား။ နအဖ နိင်ငံခြားငွေ ပြတ်တောက်နေပြီလား။ တဆက်ထည်းမှာပဲ ပြည်တွင်းမှာရှိတဲ့ ကျနော်ရဲ့ ကွန်ယက်သတင်းတွေအရ နအဖ လူကြီးတွေ၊ ဗိုလ်ချုပ်တွေ နဲ့ ညွန်ကြားရေးမူးတွေကလည်း အခြေအနေကို အခွင့်ကောင်းယူ ပြီးရွေတွေကို အလုအယက်ဝယ်ယူနေတယ်လို့ သိရပါတယ်။ ဥပမာ
အမိန့် ထုတ်ပြီး နာရီပိုင်းအတွင်းမှာပဲ ဗိုလ်ချုပ် သိန်းဇော် က ရွှေ အိမ်က ရွှေ နစ်ပိသာ ၀ယ်ခဲ့တယ်။
ဗိုလ်မူးကြီး ၀င်းမော် ( ဦးဆောင် ညွန်ကြားရေးမူး - စက်မှုလယ်ယာ ) အိမ်က ရွှေတပိသာ
ဗိုလ်ချုပ်အောင် ထွေး အိမ်က ရွှေ နှစ်ပိသာ ၀ယ် ခဲ့တယ် လို့ သိရပါတယ်။ သူတို့ အတွက် ရွှေ တွေကို ရွှေ ဘုံသာလမ်းကနေ ၀ယ်ယူပေးနေတဲ့ ကိုယ်စားလှယ်ကနေတော့ ဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့ အက်ဖ် အမ်အိုင် မှာရှိတဲ့ ရွေဆိုင်တဆိုင်က ဒါတွေကိုလုပ်ပေးနေတယ်။ ဒါက ကျနော် တို့ ရတဲ့  သတင်းမျှသာ။ တခြား ဘယ်ဗိုလ်ချုပ်တွေ ဘယ်လောက်ဝယ်နေတယ်ဆိုတာ ကျနော်တို့ မသိနိင်ဘူး။ ဗိုလ်ချုပ် တွေ ၀န်ကြီးတွေ နဲ့  ညွန်းကြားရေးမူးအဆင့်ရှိတဲ့ သူတွေဟာ အခြေအနေ ရူတ်ရူတ်သဲသဲ ဖြစ်တိုင်း ရွှေ တွေကို လှိမ့်ဝယ်လေ့ရှိတယ် လို ဆိုတယ်။

ကျနော်ရဲ့  အကြံပြုချက် - Recommendation

  • ရွေကုန်သည်တွေ ရွေတွေကို ဈေးချမရောင်းနဲ့ 
  • ဈေးချရောင်းရင် ခင်ဗျားတို့ ရွေ တွေကို လာဝယ်မှာ ပြည်သူတွေမဟုတ်ဘူး

နအဖ ဗိုလ်ချုပ်တွေ ဖြစ်တယ်။

· ကုန်ဈေးနူန်း ကြီးတာက ရွေဈေးတက်တာနဲ့ မဆိုင်ဘူး။

· ရွေ တွေကို လုံခြုံတဲ့နေရာမှာ ဖွက်ထားပါ။

· လူထုလူပ်ရှားမူဖြစ်လာရင် သံဃာများ၊ ကျောင်းသားများ နဲ့ လူထုတွေကို ထောက်ပံ ကူညီပါ။

· နအဖ က သွေးရူးသွေးတန်းဖြစ်နေပြီ ။ ကုလသမဂ ဌာနေကိုယ်စားလှယ် ချားလ် ပက်ထရီယာ ပြောသလို ပဲ ပေါက်ကွဲ မူကြီးအချိန်မရွေး ဖြစ်နိင်နေပြီဆိုတာကို နအဖ တွေ ရိပ်မိနေပြီ။ မြေအောက်ရဲ ဘော်တွေ အခြေအနေကို မျက်ခြေမပြတ်စောင့်ကြည့် နေဖို့ လို တယ်။ လုံ ခြုံရေးနဲ့  လူပ်ရှားမူကို ဟန်ချက်ညီပေါင်းစပ်ပေးနိင်ဖို့ အတွက်ပြင်ဆင်ကြ ရမယ်။

မိုးသီးဇွန်

Related News

http://www.irrawaddy.org/bur/news2007/December/Dec_12_07.html

No comments :