နောက်ထပ် လှိုင်းတလုံး လာဦးမည်
ဓါတ်ဆီးဈေး မျာ တဟုန်တိုးထပ်မံတက်လာပါဦးမည်။ ယခုဓါတ်ဆီပေါက်ဈေးမှာတဂါလံကို ၄၀၀၀ကျပ် ( နအဖဈေး) နှင့် ၅၀၀၀ ကျပ် ( အပြင်ပေါက်ဈေး ) ကြားဖြစ်ပါတယ်။ ကားတစီးကို တနေ့ ၂ ဂါလံရောင်းပေးနေပါတယ်။ နောက်လအနည်းငယ်အတွင်း ဓါတ်ဆီဈေး မှာ ယခုပေါက်ဈေးထက်ကို ထပ်မံတက်နိင်စရာရှိနေတယ်လို့  သယ်ယူပို့ ဆောင်ရေး အသိုင်းဝိုင်း မှာ ခန့် မှန်းထားပါတယ်။ ဓါတ်ဆီ ဈေးကွက် ပုံပျက်ယွင်းနေမှု အပေါ်မှာ ဓါတ်ဆီမှောင်ခိုရောင်းသူပေါ်လာရတယ်။ ဓါတ်ဆီမှောင်ခိုရောင်းသူဖြစ်လာတော့ နယ်မြေပိုင်များ၊ စွမ်းအားရှင်များ၊ မိုးကျရွေကိုယ်များသဖွယ် ဆိုင်ကယ်နှင့်ပေါ်လာတဲ့ ထောက်လှမ်းရေးများရဲ များ ကလည်း အိမ်သာထဲကလောက်တွေလို ပေါ်လာတော့တယ်။ဓါတ်ဆီဈေးတက်လာရင် ကုန်ဈေးနူန်းများအဆမတန် ခုန်ပျံတက်လာမှာဖြစ်ပါတယ်။ ကုန်ဈေးနှုန်း ကြီးမြင့်မူကြောင့်လူထု လှုပ်ရှားမှုများလည်း ထပ်မံဖြစ်ပွားလာနိင်ပါတယ်။
No comments :
Post a Comment