စည်းလုံးကြပါ …
2008 Jan 2 ရက်နေ့တွင် စင်္ကာပူနိုင်ငံ မြန်မာသံရုံးမှ Mandarin Hotel, Orchard မှာပြုလုပ်မည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကပွဲ၌ Poly ကျောင်းသားဟောင်း/သစ်များ အပါအ၀င် န အ ဖ ကပ်ဖား ရပ်ဖား အောက်ဆွဲများ၊ မျိုးချစ်စိတ် ကင်းမဲ့သူများ ဖျော်ဖြေကပြ အသုံးတော်ခံရန် ရှိပါသည်။
န အ ဖ တွေကို ကပြဖျော်ဖြေမယ့် အက၀ါသနာရှင်များ စက်တင်ဘာအရေးအခင်း အပါအ၀င် အရးအခင်းတိုင်းမှာ ကျဆုံးသွားခဲ့တဲ့ ရဟန်း၊ ရှင်လူ ပြည်သူတွေရဲ့ စွန့်လွှတ်အနစ်နာခံမှု၊ု န အ ဖ စစ်အာဏာရှင်တွေရဲ့ ရက်စက်ယုတ်မာမှုကို ဘယ်တော့မှမမေ့ပါနဲ့။ သေတောင် မမေ့လိုက်ပါနဲ့။
လူတွေအကုန်လုံး ကြေကွဲစွာ ခံစားနေရချိန်မှာ န အ ဖ လို ကျက်သရေ တစ်စက်မှ မရှိတဲ့ လူ့မိစ္ဆာတွေရဲ့ ဖျော်ဖြေခိုင်းမှု့ကို လက္ခံတာ န အ ဖ ရဲ့လုပ်ရပ်တွေကို ထောက်ခံနေတာနဲ့ အတူတူပါပဲ။
ဒီတော့ မိမိတို့ဟာ ဘာလဲ။ န အ ဖ အောက်ဆွဲတွေလား။ ဒါဆိုရင်လည်း ရှင်းပါတယ်။ ဒါမှ မဟုတ်ဘူးဆိုရင်တော့ မိမိတို့ ဘာလုပ်သင့်တယ်ဆိုတာ အချိန်မနှောင်းခင် သေသေချာချာ စဉ်းစားဆုံးဖြတ်ပါ။ လူ့အသိုင်းအ၀ိုင်းက စက်ဆုတ်ရွံရှာရတဲ့သူ မဖြစ်ပါစေနဲ့။
န အ ဖ စစ်အာဏာရှင်အုပ်စုတွေရဲ့ ဒီပွဲကို မပျက်ပျက်အောင် ဖျက်ဖို့ လွတ်လပ်ရေးနေ့ တိုက်ပွဲအနေနဲ့ မျိုးချစ်စိတ်ရှိသူတိုင်း မိမိတတ်နိုင်ရာ နေရာကနေ ပါဝင်ဆောင်ရွက်ကြပါ။
ဖိတ်ကြားထားခံရတဲ့ စီးပွားရေးလုပ်ငန်းရှင်များ မျိုးချစ်စိတ်ဓါတ် ရှိတယ်ဆိုရင် ဆန္ဒပြတဲ့ အနေနဲ့ မတက်ရောက်ကြပါနဲ့။ အားလုံးဟာ တစ်သွေးတစ်သားတည်းရှိကြောင်း ပြကြပါ။
စစ်အာဏာရှင် ဆန့်ကျင်သူ
3 comments :
Shoot the video and publicize on the net.These people who participate or attend that event must be the supporters or the slaves of the military dogs.
ပြတ်ပြတ်သားသား စည်းခြားသင့်ပြီ၊
န၀တနဲ့ စစ်အာဏာရှင်စံနစ်ကိုထောက်ခံသောသူတွေနဲ့ 
ဒီမိုကရေစီဘက်တော်သားတွေဆိုတာ၊
ဝိုင်းပြီးတော့ လုပ်ဆောင်ပေးကြပါ။
ပြည်တွင်းမှာသော်၎င်း၊ ပြည်ပမှာသော်၎င်း
န၀တကျင်းပသော လွတ်လပ်ရေးပွဲကို တက်ရောက်ကျသော အလွှာအသီးသီးကလူတွေကို ဓါတ်ပုံရိုက်ပြီးတော့စာရင်းစုကာကြေငြာသင့်ပါတယ်၊
ဒီထက်ပိုပြီးတော.
့ရဟန်းရှင်လူအပေါင်း၊ ပြည်သူအပေါင်း၊အလုပ်သမား၊လယ်သမား၊အတတ်ပညာရှင်၊အသိပညာရှင်၊
ကျောင်းသားတွေနဲ့ တိုင်းပြည်ကိုချစ်သော တပ်မတော်သားအားလုံး ပြတ်ပြတ်သားသား ပြည်တွင်းတွင်ခေါ်ဆောင်နေသော January 4,2008 ဒီမိုကရေစီတိုက်ပွဲဖေါ်ဆောင်မှူ့ အောက်တွင် ရပ်ကြရန်နှင့် စစ်အာဏာရှင်စံနစ်နှင့် အာဏာရှင်အားအပြီးသက်ကြပါစို့ ။
ဒီမိုကရေစီနဲ့ လွတ်လပ်သော၊တရားမျှတသော၊ညီမျှသော၊ တန်းတူသော၊အခွင့်ရေးများရှိပြီးတော့၊ပြည်သူကတင်မြောက်သောအစိုးရတစ်ရပ်ပေါ်ပေါက်ရန်အပြည့် အ၀တာဝန်ရှိသောသူမှာဗမာနိုင်ငံတွင်နေထိုင်ကြသော ဗမာနိုင်ငံသားအားလုံးတာဝန်ပါလို့ ထပ် လောင်းတိုက်တိုက်တွန်းတွန်းပြောပါရစေ၊
Totally agreed with Kyaw and Maung. Canabals must be exposed and hunted down to hell, where they belong.
Post a Comment