Friday, 28 December 2007

ငို ကြွေးဦးပေါ့ ပါကစ္စတန်ရေ


ပုဝါဖြူရှင် ကိုတော့ မြုပ်နှံလိုက်ပါပြီ။

ငို ကြွေးဦးပေါ့ ပါကစ္စတန်ရေ

ခံစားချက်တွေ နဲ့ ပေါက်ကွဲ ထွက်နေတဲ့ ထောင်ပေါင်းများစွာသော လူထုကြီးဟာ ဘန်နီဇာ ဘူတို ရဲ့  နောက်ဆုံးခရီးကို လိုက်ပါပို့ ဆောင်နေကြပါတယ်။ ဘူတိုက ၀န်ကြီးချုပ်ဟောင်းတဦးပါ။ ပါကစ္စတန်ပြည်သူတွေရဲ့ ဒီမိုကရေစီနမိတ်ပုံ တဦး။ သူရဲ့  ဆွေမျိုးညာတိတွေရဲ့ ရွာလေးတခုမှာ အခုသဂြိုလ် လိုက်ပါပြီ။ နိင်ငံရေး မုန်တိုင်းအလယ်မှာ သူကိုမြုတ်နှံလိုက်ပါပြီ။ သူ့ ဈာပနကို လိုက်ပါပို့ ဆောင်တဲ့ လူအုပ်က ငြိမ်ငြိမ်သက်သက်ရှိပေမဲ့ ရုမ်းရင်းဆန်ခတ် ဖြစ်မူတွေကတော့ နိုင်ငံတလျားကို အလျင်အမြန် ကူးဆက်ပြန့် နှံနေပါပြီ။ နိင်ငံရေးအခြေအနေကတော့ မသေချာမရေမူများ ရောပြွန်းလျက်ပါ။ သူကိုထောက်ခံတဲ့သူတွေက ကားတချို ကို မီးရှို့ ခဲ့တယ်။ စတိုးဆိုင်တွေကိုရိုက်ခွဲခဲ့တယ်။ ဘဏ်တွေကို တိုက်ခိုက်ခဲ့တယ်။ သတင်းတွေအရ လူဆယ်ဦးထက်မနည်း သေဆုံးခဲ့ပြီလို့ ဆိုတယ်။ ဆင်းဒ် - Sindh- ဆိုတဲ့ သူရဲ့ ဇာတိချက်ကြွေ မှာတော့ အစိုးရက အဓိကရုဏ်း ကို ပြစ်ခတ်နှိမ်နိင်းဖို့ အမိန့် ပေးခဲ့ရပါတယ်။

အစိုးရ အဆင့်မြင့် အရာရှိတဦးရဲ့ အဆိုအရ ဂျန်န၀ါရီလ ၈ ရက်နေ့ မှာ စတင်ပြုလုပ်မဲ့ ရွေးကောက်ပွဲ ကို တော့ အစောတလျင် ရွှေ့ဆိုင်းဖို့ အစီအစဉ်မရှိသေးပါဘူး။ ဒီရွေးကောက်ပွဲက ရှစ်နစ်ကြာ စစ်အာဏာရှင်စနစ် အုပ်ချုပ်အပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ ပြန်လည် အသက်သွင်းနိုင်ဖို့ ဖြစ်ပါတယ်။ ဘူတို ဟာ ပါကစတန်ရဲ့ အကြီးဆုံးပါတီ ခေါင်းဆောင်တဦး ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာရှေ့ ဆုံးက ပြေးနေသူလည်းဖြစ်တယ်။ သူက ပါတီကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားခဲ့တယ်။ ဒါကြောင့် သူနေရာကို ဘယ်သူက ဆက်ခံမလည်းဆိုတာနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

အိမ်စောင့်အစိုးရ ၀န်ကြီးချုပ်မိုဟာမက်မီယန်ဆုံမ်ရိုက အစိုးရကပါတီအားလုံးနဲ့ စကားပြောကောင်း ပြောနိုင်ပါတယ်။ ဒါပေမဲ့ ခုထိတော့ ရွေးကောက်ပွဲကို မူလအစီအစဉ်အတိုင်းကနေ ရွေ့ ဆိုင်းဖို့  မရှိသေးပါဘူး လို့  အစ္စလန်မာဘတ်မှရှိတဲ့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ တောင်ပိုင်း ဆင်ဒ် ပြည်နယ် ရဲ့ ဂါရာဟိ ဂူဒါ ဘာခ်ရှ် မှာ တော့ သူကို ထောက်ခံတဲ့သူတွေက ဘူတို အတွက် အမှတ်တရ အုတ်ဂူကို မဂို ထုံစံ ကျောက်ဖြူသားနဲ့ တည်ဆောက်နေကြပါတယ်။ မုံမှိုင်းနေတဲ့နေ့လည် မှာ ကြွင်းကျန်တဲ့ သူရဲ့ ရုပ်အလောင်းကို အရေးပေါ်ကားက ဖြေးညင်းစွာနဲ့တင်ဆောင်သွားခဲ့ပါတယ်။ ငိုကြွေး မြည်တမ်းနေတဲ့သူတွေ က သူအခေါင်းကို ကိုင်တွယ်ပွတ်သပ်ခဲ့ကြတယ်။ -- နောက်ဆုံး အနေနဲ့  အလေးမြတ်ပြုကြတယ်။




ပြီး သူ့ကို ထောက်ခံသူတွေက ငိုကြွေးကြ။ ပါကစတန် ပြည်သူပါတီရဲ့ အနီနဲ့ အစိမ်းရောင် အလံကိုခေါင်းမှာလွှားတယ်။ ဒီပါတီကို နှစ်ပေါင်းများစွာ ဦးဆောင်ခဲ့တာပါ။ သူကို ဖခင်မြုပ်နှံထားတဲ့နေရာရဲ့ နဘေးမှာ ချထားခဲ့ပါပြီ။ ဖခင်ကြီးကလည်း ၀န်းကြီးချုပ်တဦး စစ်တပ်က ၁၉၇၀ မှာ ကြိုးပေးကွပ်မျက်မှုကို ခံခဲ့ရသူ ဖြစ်ပါတယ်။

ရိုက်တာသတင်းပေးပို့ ချက်အရ ဈပန ကိုလိုက်ပို့ တဲ့သူတွေက သမတ ပရီဗာဇ် မူရှာရှဖ် နဲ့ အမေရိကန် ကို ကန့် ကွက်ရှုတ်ချ တဲ့ ကြွေးကြော်သံတွေကို တိုင်ခဲ့ကြတယ်။ အမေရိကန်ကတော့ စစ်ခေါင်းဆောင်ကို နစ်ပေါင်းများစွာ ကျောထောက်နောက်ခံ ပြုပေးခဲ့တယ်။ မူရှာရှဖ် ကတော့ ဘူတို နဲ့ လက်တွဲ ဖို့ ကို ငြင်းဆန်ခဲ့သူပါ။ လူသတ်သမား မူရှာရှဗ် မရှက်ဘူးလားကွ၊ အမေရိကန် မရှက်ဘူးလား လို့  ခင်ပွန်းဖြစ်သူ အာရှဖ် အလီ ဇာဒါယီ က ခေါင်းနဘေးက လိုက်ပါ ငို ကြွေး ရင်း စွပ်စွဲ ပါတယ်။


ဈာပနကို တက် လာသူတွေကလည်း ပါကစတန်အစိုးရ သတ်တယ်လို့ ပဲ စွပ်စွဲခဲ့ကြပါတယ်။ အစိုးရက လုံခြုံရေး ပေးတာ မလုံလောက်ဘူးလို့ ဆိုကြပါတယ်။ ဘူတို နိုင်ငံကိုပြန်လာတဲ့ အချိန်တွင်း ဗုံးကွဲမူမှာလည်း အစိုးရက လုံလောက်တဲ့ လုံခြုံရေးအစီအမံတွေ ပျက်ကွက်ခဲ့ပါတယ်။
ကြားဖြတ်အစိုးရ၀န်ကြီးချုပ် မစ္စတာ ဆူမ်ရို ကတော့ ထိမ်းသိမ်းကြဖို့ နဲ့  ဘူတို သေဆုံးမှု အပေါ်မှာ တရားဥပဒေအရ စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ လုပ်ကြံသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ သူက ထင်မြင်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ ပြည်ထဲရေးဝန်ကြီး ဟာမဒ် နာဝ်ဇ် ခန် ကတော့ ဘူတိုကို ပုလိပ် ကားတစီးပေါ်ကနေ ပြစ်ခတ်ခဲ့တာ မဟုတ်ပါဘူးလို့ ခုခံခဲ့ပါတယ်။ ဒီဇင်ဘာ၂၁ရက်နေ့ကလည်း လုပ်ကြံသတ်ဖြတ်လိမ့်မယ်ဆိုတဲ့ သတင်းကို မိမိတို့ ရရှိထားကြောင်းနဲ့ ဘူတိုရဲ့လုံခြုံရေးအရာရှိ ရီမာန်မာလဒ်ကို အကြောင်းကြားထားပြီး ဖြစ်ကြောင်းဆိုပါတယ်။ သတိထားဖို့  အသိပေးထားပြီး ဖြစ်ကြောင်းဆိုပါတယ်။ မစ္စတာခန်ကပဲ ဆက်ပြီးတော့ အာဏာပိုင်တွေက ဘူတို့ကို ၂၄ နာရီ လုံခြုံရေးအစောင့်အရှောက်တွေ ထူထူထပ်ထပ်ချထားဖို့ လို ကြောင်းကိုလည်း အသိပေးခဲ့ပါတယ်လို့ ဆိုတယ်။ အဖရဂန်နယ်စပ် ပက်ရှ်ဝါဒေသမှာလည်း ဆူပူမှုတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ ဆန္ဒပြသမားတွေက ဘဏ်တွေကို တိုက်ခိုက်ခဲ့တယ်။ မီးရထားဘူတာ ၁၀ ခု အတိုက်ခိုက် ခံရပါတယ်။ အာဏာပိုင်တွေက ကရာချိနဲ့  ပန်ခ်ျဗ် ပြည်နယ် ရထားကို ထိန်းချုပ်ထားလိုက်ပြီ ဖြစ်ပါတယ်။ မူလတန်မြို့ မှာ ထောင်ပေါင်းများစွာသော လုံခြုံရေးရဲတွေကို ချလိုက်ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းရှိနေတဲ့ အစလန်မာဘတ် မြို့ မှတောင် ဆန္ဒပြသမား ၁၀၀ ခန့် က ကားတာရာတွေကို မီးရှို့  သွားခဲ့ပါတယ် လို့  ရိုက်တာသတင်းဌာနက ဆိုပါတယ်။ ပီရှဝါ ပြည်နယ်က ဘူတို ကိုထောက်ခံသူ အင်အားလေးထောင် ခန့် ဟာ ခွေး ကောင် မူရှာရှ်ဗ် လို့ ကြွေးကြော် ချီတက်ဆန္ဒပြခဲ့ ပါတယ်။




Source: http://www.nytimes.com/2007/12/28/world/asia/28cnd-pakistan.html?hp

1 comment :

Anonymous said...

pyarr tot a kyii a kyae tote nay par b, PAK gov and U.S gov

myanmar pyi a yayy twey ma aye twerr boe lae` a yayyy kyii par tae
sooner or later , if burmese gov release aunty su from house arrest, that will be trap and more dangerous for her.