Friday, 7 December 2007

ဗမာတပ်မတော် အတွက် ဂါဝန် လက်ဆောင်

ဗမာ့တပ်မတော်အတွက် ဂါဝန်လက်ဆောင်

ဒေါ်ဝေေ၀ကံဦး ကွယ်လွန်သွားပြီလို့ ကျနော်မိတ်ဆွေတွေက ပြောပြတယ်။
သူက ကျူရှင်ဆရာ နေအုပ်စိန်ပေါလ်ရဲ့ဇနီးပါ။ မနေ့က သူမရဲ့အသုဘကို ချတယ်။ သူကွယ်လွန်မှုကတော့ ရန်ကုန်မြို့  (နအဖ) စစ်အစိုးရ လူကြီးသားသမီးများ အသိုင်းအ၀ိုင်းကို တုန်လူပ်ခြောက်ခြားပြီး ကျန်ရစ်ခဲ့ပါတယ်။

ဘာဖြစ်လို့လည်းဆိုတော့ (နအဖ) လူကြီးသားသမီးများ အတော်များများဟာ မူးယစ်ဆေးဝါးနဲ့ လိင်မှု လိုက်စားမှု တွေ အလွန်အကျွံ လုပ်နေကြလို့ ဖြစ်ပါတယ်။ အေအိုင်ဒီအက်စ်က မူးယစ်ဆေးဝါးနဲ့ လိင်မှုကနေ ရရှိတဲ့ ရာခိုင်နှုန်းက ပိုများတယ်လို့ သုတေသန တွေ့ရှိချက်တွေက ဆိုပါတယ်။ (နအဖ) လူကြီးသားသမီးတွေဟာ ငါတို့ အလှည့် ဘယ်တော့လဲလို့ တယောက်မျက်နှာ တယောက်ကြည့်ကာ ဖြစ်နေကြတယ်လို့ ရန်ကုန် သတင်းရပ်ကွက် အကဲဖြတ်တွေက ဆိုပါတယ်။


ဒေါ်ဝေေ၀ကံဦး ( အကျီအနီ ) - ၅၂ နစ် ကို အေအိုင်ဒီအက်စ်

ရောဂါနဲ့  မကွယ်လွန်မီ သုံးလ ခန့် ကတွေရပုံ -



အောက်ခြေဆင်းရဲတဲ့ ပြည်သူလူထုကတော့ အေအိုင်ဒီအက်စ် ကူးစက်ခံရတာဟာ ဆင်းရဲမွဲတေမှုနဲ့ တိုက်ရိုက်ပတ်သက် နေပါတယ်။ ချမ်းသာတဲ့အသိုင်းကလူတွေ အေအိုင်ဒီအက်စ် ရောဂါ နဲ့ 
သေဆုံးမှုတွေကတော့ စာရိတ္တချွတ်ခြုံကျမူ နဲ့ ဥပဒေကိုကွန်ဒွန် စွပ်ထားခဲ့မူကြောင့် ဖြစ်နေပါတယ်။
ဒီနှစ်မျိုးလုံး က အရင်းခံ ပြဿနာ ၃ ရပ်ရှိပါတယ်။ဒါကတော့  တစ်- နိုင်ငံရေး ပြသာနာ။ နှစ် - နိုင်ငံရေးပြဿနာ၊၊ သုံး- နိုင်ငံရေးပြဿနာပဲ ဖြစ်တယ်။ဒေါ်ဝေေ၀ကံဦးဟာ အေအိုင်ဒီအက်စ်ရောဂါကို ကုစားဖို့ အတွက် တနှစ်လောက် ဆေးတွေသောက်ခဲ့ပါသေးတယ်။ သူ့လို ပိုက်ဆံတတ်နိုင်တဲ့ ပညာတတ် အသိုင်းဝိုင်းတောင်မှာ ဒီတောင်ကို မကျော်နိုင်ခဲ့ရင် အောက်ခြေ ဆင်းရဲသား ဝေဒနာရှင်တွေရဲ့အခြေအနေက မတွေးဝံ့စရာ ဖြစ်နေပါတယ်။ အေအိုင်ဒီအက်စ်ရောဂါမှာ ကုရာနတ္တိ ဆေးမရှိပါဘူး။ ဒီရောဂါကို ပျောက်ကင်းအောင် ကုသဖို့ထက် ရောဂါဆက်လက် မပြန့်ပွားအောင်သာ လုပ်နိုင်ပါတယ်၊။ ကုလသမဂ္ဂ ကျန်းမာရေး အစီရင်ခံစာအရ မြန်မာလူမျိုး ၁၀၀ မှာ သုံးယောက်ဟာ ဒီရောဂါ ကူးဆက်ခံနေရတယ် လို့သိရပါတယ်။ ဒီအချိုးနှုန်းက အလွန်ကိုကြောက်စရာကောင်းတဲ့ အချိုးနှုန်း ဖြစ်နေပါတယ်။ သခင်မျိုးဟေ့ ဒို့ ဗမာကနေ ၊ သခင်မျိုးဟေ့ ဒို့ မသာ ဖြစ်သွားနိင်လို့ ပါပဲ။

ဒီရောဂါကို တိုက်ဖျက်ဖို့ အတွက် (နအဖ) ရဲ့လုပ်ဆောင်ချက်တွေကလည်း နထ္ထိမရှိလို့ ပြောရမယ်။
သကန်းကျွန်း မြို နယ် မဂ္ဂင်ကျောင်းတိုက်က အေအိုင်ဒီအက်စ် ရောဂါဝေဒနာရှင်တွေကို ကုသနေတာကို ပိတ်ပင်တားဆီးခဲ့ တယ်။ ကျောင်းကို ချိတ်ပိတ်သိမ်းခဲ့တယ်။ အေအိုင်ဒီအက်စ်ရောဂါ သည်တွေကို ကူညီစောင့်ရှောက်တဲ့ မဖြူဖြူသင်းရဲ့ လုပ်ငန်းတွေကို နည်းမျိုးစုံနဲ့ နှောက်ယှက်ဖျက်ဆီးနေတယ်။



မဂ္ဂင်ကျောင်းက နောက်ဆုံးကျန်ရစ်ခဲ့ တဲ့ဆရာတော်ကြီးကို နအဖကမောင်းချတယ်။

မြန်မာတပ်မတော်က ဒီကျောင်း နအဖသိမ်းပိုက်သွားတာကိုကာကွယ်မပေးခဲ့ဘူး။သူရဲဘော်ကြောင်လှတဲ့တပ်ပဲ။


ပြည်သူအပေါ်မှာသစ္စာရှိတဲ့သူရဲကောင်းဖြုဖြူသင်းအေအိုင်ဒီအက်စ်ဝေဒနာရှင်တွေကိုသူမကူညီစောင့်ရှောက်ပေးခဲ့တယ်။

နအဖ က ဒီလိုလုပ်နေရတာတွေဟာ ဦးသန်းရွေရဲ့ အမိန့်နဲ့ လုပ်နေတာပါ။အေအိုင်ဒီအက်စ်ရောဂါ အကြောင်းပြောရင်သူရဲ့လာဘ်စားမူတွေ၊မှားယွင်းတဲ့ပေါ်လစီတွေကိုယ်ကျိုးအတ္တကိုရှေ့တန်းတင်မှုတွေက ညောင်မြစ်တူး ပုတ်သင်ဥပေါ်ဆိုသလို ဖြစ်လာမှာမို့ပါ။အေအိုင်ဒီအက်စ် ရောဂါမှာ မြန်မာ့တပ်မတော်ထဲမှာလည်း အကြီးအကျယ် ပျံ့နှံ့နေပါတယ်။ ထိုင်းနိုင်ငံအခြေစိုက်လူမူရေး အသင်းတခုရဲ့ အစီရင်ခံစာမှာ မြန်မာတပ်မတော်ဟာ အေအိုင်ဒီအက်စ်ကို အဓိက သယ်ဆောင်ဖြန့်ဖြူးနေတဲ့ အဖွဲ့ကြီးဖြစ်နေပြီလို့ သတိပေးခဲ့ပါတယ်။ သန်းရွေကတော့ ဘယ်သူသေသေ ငတေမာရင်ပြီးရော လုပ်နေပါပြီ။ မြန်မာ့ တပ်တော်အရာရှိတွေ တပ်သားတွေကရော မြန်မာပြည်မှာ ကံဆိုးမိုးမှောင်ကျမှုတွေကို ငါတို့ ကစစ်သား အမိန့်အတိုင်းလုပ်ရမှာပဲ ဆိုတဲ့ ဆင်ခြေကိုပဲ ဘုရားနှုတ်ကပတ်တော်လို ရွတ်ဆိုနေကြဦးမှာလား ။

တရုပ်စစ်သူကြီး ဆွန်စူဝူ ကဘုရင်ကေရာဇ် တို့ အမိန့်ပင် ဖြစ်ပါစေ မတရားတဲ့အမိန့်တွေ ဆိုရင် မလိုက်နာကြနဲ့လို့ သူ့စစ်သားတွေကို အမှာရှိခဲ့တယ်။ " There are occasions when the commands of the sovereign need not be obeyed" အလွန် အမျှော်အမြင်ရှိတဲ့ စစ်သူကြီးတဦးပါလားလို့ လေးစားမိတယ်။ ဒီစကားကို သူက လွန်ခဲ့တဲ့ နစ်ပေါင်း ၂၅၀၀ ကျော်က ပြောခဲ့တာ။ ဗုဒ္ဒမြတ်စွာ ဘုရားပွင်တဲ့ ခေတ်ကာလက ပြောခဲ့တာ။






သူရဲဘော အလွန်ကြောင်သော တပ်မတော်။ ပြည်သူအပေါ် သစ္စာ မဲ့ တယ်။

ဒီနေ့ အိုင်တီခေတ်ကြီးမှာ ခင်ဗျားတို့ ရဲ့စစ်သားဆိုတာအမိန့်ကို နာခံရမှာပဲ ဆိုတဲ့ ဆင်ခြေ ကိုပဲ လက်ကိုင်စွဲနေဦးမယ် ဆိုရင် တော့ သတင်းကြီးလှတဲ့ ဝေေ၀ကံဦးက စကပ်တွေ ၊ ဂါဝန်တွေ ၊ နှုတ်ခမ်းနီဆိုးထောင့်တွေ ခင်ဗျားတို့ အတွက် ထားခဲ့တယ်လို့ သတင်းကောင်းပါးပါရစေ။လူထုတွေ အသတ်ခံရတော့လည်း မြန်မာတပ်မတော် အရာရှိတွေ တုတ်တုတ်မလူပ်။သံဃာတွေ အသတ်ခံရတော့လည်း မြန်မာ့တပ်မတော်အရာရှိ အရာခံ အကြပ်တပ်သားတွေ တုတ်တုတ်မလူပ်။ အေအိုင်ဒီအက်စ်က တပ်မတော်ရော လူထုကိုပါ သတ်ဖြတ်နေပြီသန်းရွေက ဒီပြဿနာကို ဘာမှမလုပ်ဘဲ ကြပ်ပြေးမှာ ထင်ရာစိုင်းနေတာကိုလည်း မြန်မာ့တပ်မတော်သည် တုတ်တုတ် မလူပ်။

မြန်မာပြည်ဟာ အခြေအနေဆိုးကို လုံးလုံးကျရောက်နေပြီ။ နေ့လားညလားပဲ၊ ဒီအခြေအနေမှာ
ပျဉ်းမနားနေပြည်တော်က မြန်မာတပ်တော် အရာရှိတွေ။ ရုရှားမှာပညာသင်ရောက်နေတဲ့ မြန်မာ့တပ်မတော် အရာရှိ ငယ်တွေ ခင်ဗျားတို့ ဘာလုပ်မလည်း တချက်ကြည့်မယ်။ အေအိုင်ဒီအက်စ် နဲ့ ကူးစက်ရောဂါပေါင်းစုံက
ဗမာ့တပ်မတော် စစ်ရုံး ချုပ်ေ ရှ့ မှာတခါးခေါက်နေပြီ။


မိုးသီးဇွန်

ဒီဇင်ဘာ လ ၇၊ ၂၀၀၇။

3 comments :

TTT said...

Actually, army officers are not more than waiters when Than Shwe and his family arrive. And one business man witnessed even the wife of Shwe Man has to work like housemaid for Kyaing Kyaing and her children.

shanmadi said...

It is so sad that slavery still exists in our country, in army to be exact. Everyone, young or old has to have respect of each other.But the word respect is being misused in the army how the lower rank families served to the higher rank families.That's how Daw Kyaing Kyaing and her children think so highly of themselves.The truth is they are the most pittiful people on earth with very little poor thinking skills.They are the ones with no freedom of all. Although how wealthy they are they can't go out without their guards fearing who's going to attack them, can't enjoy their life freely like others, no true friends, no true religion either. They say themselves as Buddhists.Can they really worship the true Buddhism with the guilt of killing the monks? Can they sleep each night without the help of sleeping pills? Are they so dumb and numb to know that they are in living hell depite all the wealth they have? Guess they are!! Dumb people can be taught but numb people... can't do anything about that. Well .. your days are coming soon with the "myitta" that you give upon people and people give upon you. May the slave system that you people laid be gone with the arising of freedom and democracy.

Unknown said...

မင်း မေလိုး သူရဲဘောကြောင်တာလား၊ မင်းတို့ ကောင်တွေ စစ်တပ်ကို ကြောက်လို့ သူများနိုင်ငံမှာ ကပ်ရပ်နေရတာ မဟုတ်လား၊ မင်းတို့ စာလဲ မတတ်၊ စစ်လဲ မတိုက်တတ်တဲ့ ဓါးပြသာသာ အင်အားရှိတဲ့ ကျောင်းသားတပ်မတော် ကို အရင်တန်းစီ စစ်တပ်က လူတွေ က တန်းစီပြီး သေးနဲ့ ပန်းရင်တောင် မင်းတို့ သေးကြောထဲ မျော်ပါသွားပြီး သေအုံးမယ်။
ကြားလား လဒ ခွေး မိုးသီးဇွန်၊ မအေလိုးကြီး ငါ့ အိုင်ပီ ကို မဖျောက်ဖူးနော်၊ ငါ ဘယ်ကလဲဆိုတာ မင်းသိအောင် တမင် မဖျောက်တာ၊၊