Wednesday, 9 January 2008

ဒုတိယအကြိမ် ထပ်မံ ကြေညာချက်

ဒေါ်အောင်ဆန်းစုကြည် အသက်အန္တရယ် စိုးရိမ်စရာရှိနေပြီ သူကို အစွမ်းကုန် ကာကွယ်ကြ

ညီအကို မောင်နှမအပေါင်း တို့ ခင်ဗျား သန်းရွေ ၊ ဒေါ်ကြိုင်ကြိုင် နဲ့ အောင်သောင်းတို့  ပူးပေါင်း ပြီး ဒေါ်အောင် ဆန်းစုကြည်ကိုအဆိပ်ခတ်ထားလိုက်ပြီ။သူမအိမ်ကိုသွားတဲ့ရေပိုက်ကနေတဆင့် အဆိပ်ခတ် တာဖြစ်တယ်။ အဆိပ်က ရုတ်တရုက်သေဆုံးတာမျိုးမဖြစ်ပဲ တဖြေးဖြေးဦးဏှောက်နဲ့အာရုံကြောတွေ ထိခိုက် ပျက်ပြား သွားအောင် လုပ်တာလို့ သိရပါတယ်။ ဒီသတင်းကို ပြည်တွင်းရှိ ဒီမိုကရေစီကွန်ယက်တခု မှပေးပို့ လာတာဖြစ် ပါတယ်။ ဒီလုပ်ရပ်ဟာ ဖြစ်နိင်ချေရှိတယ် လို့ကျနော်ယုံကြပါတယ်။ ဒီကိစ္စဟာ ဒီမိုကရေစီ လှုပ်ရှားမှုကြီး တခု လုံး အတွက်အလွန် အရေးကြီးတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို ကျမ္မာရေး ဆေးဝါး စစ်ဆေး မှု ပြုလုပ်ပေးဖို့  ကုလသမဂ္ဂ အတွင်းရေးမှုး ၊အမေရိကန်သမတ နဲ့ သမတကတော်နဲ့ ဥရောပ ပါလီမာန်တို့ကို တောင်းဆိုပေးကြဖို့ အလေးအနက် မေတ္တာရပ်ခံပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အသက်အန္တာရယ် ကို အစွမ်းကုန် ကယ်တင်ကြပါစို့ 

မိုးသီးဇွန်
ရွေဝါရောင်လှုပ်ရှားမှု

2 comments :

Thiha Kyaw Zaw said...

ကျွန်တော်စဉ်းစားမိတာတစ်ခုရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်အိမ်ကိုသွားတဲ့ ရေပိုက်ကနေတစ်ဆင့် အဆိပ်ခပ်ထားတယ်ဆိုတော့ တကယ်လို့ ရေကို ကျွက်ကျွက်ဆူအောင် အချိန်တော်တော်ကြာ ကျိုချက်ပြီးသောက်မယ်ဆိုရင် အဆိပ်ရဲ့ အာနိသင်ပြောင်းသွားနိုင်လား။ ဓာတ်ပြုမှု့ တစ်ခုဖြစ်ပြီး အဆိပ်ပါတယ်ဆိုရင် အနယ်ကျသွားနိုင်သလား ဒါမှမဟုတ် အဆိပ်ပါတယ်ဆိုရင် ရေရဲ့အရောင် ပြောင်းသွားနိုင်သလား။ နားလည်တတ်ကျွမ်းတဲ့ chemist တွေနဲ့  တိုင်ပင် နိုင်ရင်ပိုကောင်းမယ်။ နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည်က အိမ်မှာ ရေဒီယို နားထောင်လေ့ရှိတယ်ဆိုရင် ဒီလိုရေကို ကြိုချက်ပြီး ဒါမှမဟုတ် အလွယ်တကူ စစ်ဆေးနိုင်မယ့် နည်းလမ်းတစ်ခုကို ရေဒီယိုက တစ်ဆင့် ထပ်တလဲလဲ လွင့် ပေးနေမယ်ဆို တစ်ခေါက်မဟုတ်တစ်ခေါက် သူမနားထဲ ရောက်သွားလိမ့်မယ်လို့  ကျွန်တော်ထင်ပါတယ်။ ကျေးဇူးပြုပြီး အားလုံး
ဝိုင်းစဉ်းစားပေးကြပါ။

Thiha Kyaw Zaw said...

ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ ဈေးထွက်ဝယ်ပေးတဲ့ သူတစ်ယောက်ရှိတယ်မဟုတ်လား။ နေ့ တိုင်း ဈေးဝယ်ထွက်တိုင်း အပြင်က ရေသန့် တစ်ဗူး တစ်ဗူး ဒေါ်အောင်ဆန်းစုကြည် သောက်ဖို့  ၀ယ်လာနိုင်တယိဆိုရင် ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ရေဒီယိုစတေရှင်တွေဖြစ်တဲ့ BBC , RFA, DVB ကနေ ဒေါ်အောင်ဆန်းစုကြည်ကို ဒီလို အဆိပ်ခပ်နိုင်တဲ့ အကြောင်း သတိပေးတဲ့ ကျေညာချက်ကို ထပ်တလဲလဲ လွှင့်ပေးနိုင်မယ်ဆိုရင် တစ်ခေါက်မဟုတ် တစ်ခေါက် ဒေါ်အောင်ဆန်းစုကြည် နားထဲ ရောက်သွားပြီး သူမ အနေနဲ့  ပိုပြီး ဂရုစိုက်နိုင်လိမ့်မယ်လို့  ထင်ပါတယ်။ ဒီတော့ ရေဒီယိုစတေရှင်တွေရဲ့ အကူအညီလိုအပ်တာမို့  ရေဒီယိုစတေရှင်တွေကို ကူညီကြဖို့  ၀ိုင်ဖိအားပေး တောင်းဆို စေချင်တယ်။