ဇန်န၀ါရီလ ၁၁ ရက် နေ့  ၇ နာရီ ခွဲ ခန့် တွင် ဖြူးမြို့ ညောင်ပင်သာ ဘောလုံးကွင်း မှာ အလွန်ပြင်း ထန်တဲ့ ဗုံးတလုံးပေါက်ကွဲသွားခဲ့ပါတယ်။ ပျဉ်းမနားမှာ စေလွတ်ထားတဲ့ စွမ်းအားရှင် အဖွဲ့ ဝင် ၄ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့နအဖ ကိုယ်စားလှယ် ဗိုလ်မူးချုပ်အောင်ကြည် တို့တွေ့ဆုံမှုဖြစ်ပြီး မကြာခင်မှာ ခုလိုဗုံးကွဲမှုဖြစ်ပွားလာတဲ့ အတွက် နိင်ငံရေးအကဲခတ်များက နအဖလက်ချက်လား လို့သံသယ ရှိနေကြပါတယ်။ နအဖက နိင်ငံတော် လုံခြုံရေးမကောင်းသေးလို့  အကြောင်းပြပြီး တွေ့ ဆုံဆွေးနွေးပွဲကို အချိန်ဆွဲလေ့ရှိလို့ ဖြစ်ပါတယ်။ ဒီ ဗုံးကွဲမှု နဲ့  ပတ်သက်ပြီး ကေအင်ယူ တပ်မဟာ၃၊ တပ်ရင်း၈မှာ တပ်ကြပ်စောဒီသောမူး လက်ချက် လို့ စွပ်စွဲထားပါတယ်။ ကေအင်ယူ တပ်မဟာ (သုံး) လှုပ်ရှားတဲ့နယ်မြေက ဖြူးကို လက်လှမ်းမီနိင်တဲ့ အ နေထားမှာ ရှိတဲ့အတွက် ကေအင်ယူကို စွပ်စွဲတာဖြစ်နိင်ပါတယ်။
ဒါဟာ တပတ်အတွင်းမှာ ဒုတိယ အကြိမ်မြောက် ဗုံးပေါက်ကွဲခြင်းဖြစ်ပါတယ်။ ပထမအကြိမ် ဗုံးပေါက် ကွဲမှု က နအဖ အမာခံနယ်မြေဖြစ်တဲ့ ကြပ်ပြေး မြို့ မှာ ပေါက်ကွဲ ခဲ့တာဖြစ်ပါတယ်။
သတင်းပေးပို့ သူ- စိုင်းခမ်းဇော်
2 comments :
နအဖ လက် ချက်။ ထုံးဆံ အတိုင်း မုဆိုးမကြံ ကြံ တတ်တဲ့ နအဖရက် လက် ချက်။
Post a Comment