ကဗျာတပုဒ်ကြောင့်အဖမ်းခံရတယ်ဆိုတဲ့သတင်းဟာနိင်ငံတကာသတင်းလောကမှာဂယက်ရိုက်နေတုံးဖြစ်ပါတယ်။ စီအန်အန်နဲ့ အေအက်ပီသတင်းတွေမှာကဗျာဆရာကိုစောဝေရဲ့ အချစ်ကဗျာ လေးကြောင့် အဖမ်းခံ ရတယ် ဆိုတဲ့သတင်းဟာ ဆက်တိုက်ဆိုသလို ဖေါ်ပြခံနေရပါတယ်။ မဆလ ခေတ်တုံးကလည်း ဆရာဦးဝင်းခက် ဦးစီးထုတ်ဝေတဲ့ ရူ့ ဒေါင့်ဂျာနယ်ဟာ အပိတ်ခံရဘူးပါတယ်။ ဒီတုံးကလည်း မျက်လှည့် ဆရာ လို့ နာမည် ပေးထားတဲ့ ကဗျာ လေးကြောင့် ပါ။ အယ်ဒီတာရော ကဗျာ ဆရာပါအဖမ်းခံခဲ့ရတယ်။
ထူးဆန်းတာကတော့ မြတ်ခိုင် ဦးစီးထုတ်ဝေနေတဲ့ အချစ်ဂျာနယ်မှာ ပါလာတာပါ။ မြတ်ခိုင် ဦးစီးထုတ်ဝေနေတဲ့ ဂျာနယ်တွေ ကတော့ လျုပ်တပြက်ဂျာနယ်၊ အချစ်ဂျာနယ်တို့ ဖြစ်ကြပါတယ်။
့မြတ်ခိုင်ဆိုတာ ဂျာနယ်လောကမှာအလွန် နာမည်ပျက်နေတဲ့ အယ်ဒီတာဖြစ်ပါတယ်။ မြတ်ခိုင်နဲ့ သူသား ရဲ့  အကျင့်ပျက်မှုနဲ့ နအဖ ကို ဖေါ်လန်ဖါးမှုတွေကြောင့်ဖြစ်ပါတယ်။ကိုစောဝေက အချစ် ဂျာနယ်မှာ ခုလို အဓိပ္ပါယ် လေးနက်တဲ့ ကဗျာလေးကို ပေးပို့ ခဲ့တာကတော့ အလွန် ကောင်းတဲ့ နည်းစနစ်တခု ဖြစ်ပါတယ်။ တခါကလည်း နအဖနဲ့  အပေးအယူလုပ်ပြီးရပ်တည်နေရတဲ့ မြန်မာတိုင်းကို နယ်သာလန်နိင်ငံသားတွေက ကြေညာတပုဒ်နဲ့  လှုပ်ရှားမှု တခုဖြစ်အောင် လုပ်သွားနိင်ခဲ့ပါတယ်။
1 comment :
မြတ်ခိုင်..သူ့သားက ဇေယျာမြတ်ခိုင်...သောက်ပေါ။
အရင် မယားကြီးနဲ့မွေးတဲ့ကောင်။
အဟီး အင်ဖော်မေးရှင်း ဖြည့်လိုက်တာ။
အင်တွေကို ဖော်ပြီး မေးသမျှ ရှင်းလိုက်တာပဲ။
မောင်ဒိုင်း
Post a Comment