အီရန်နိုင်ငံအတွက်ကုန်ကျစရိတ်များ
မောင်လူမောင်
လွန်ခဲ့သောနှစ်တွေမှာ ၀ါရှင်တန်ဟာ အီရန်ကို သူ့ရဲ့ အရှေ့အလယ်ပိုင်း ပေါ်လစီမှာ ပထမဦးစားပေးအနေနဲ့ ဘောင်တစ်ခုအတွင်း ကန့်သတ်ထိန်းချုပ်မှုတွေလုပ်ဖို့စောင့်ကြည့် လာတယ်။ ၀ါရှင်တန်ဟာ ဒေသတွင်း အင်အားတွေညီမျှစေရန် အီရန်နဲ့ ၎င်းရဲ့ အစ္စလမ်မစ် အပေါင်းပါတွေဆီကို ရွှေ့ပြောင်းရန် စဉ်းစားလာတဲ့အခါမှာ အီရတ်နဲ့ အာဖဂန်နစ္စတန်မှာ ဖြစ် ပေါ်လာတဲ့ ဆူပူအကြမ်းဖက်မှုတွေ၊ လက်ဘနွန်ရဲ့ ဒုက္ခဆင်းရဲကြီးမားစွာခံစားရခြင်းတွေ နဲ့ ဟားမတ်စ်အုပ်စုတွေရဲ့ မလိုက်လျော ခေါင်းမာမှုတွေကို ကိုင်တွယ်ဖို့ တာရန်တွေမှာ တာဝန် ရှိလာတယ်။ တာရန်တွေရဲ့ ကြီးမားလာတဲ့သြဇာတိက္ကမတွေဟာ ဒေသတွင်း လုံခြုံရေးအရ ထိန်းချုပ်ဖို့လိုအပ်လာတယ်။
ဒုတိယသမ္မတ ဒစ်ချေနီဟာ ကျန်ခဲ့တဲ့ မေလက ပါရှန်ပင်လယ်ကွေ့ထဲက အမေရိကန် ပြည်ထောင်စု ရေတပ်သဘောင်္ ဂျွန်စီစတန်နီ ပေါ်မှာ ဒီလိုရည်ရွယ်ချက်အသစ်တွေကို ကြေငြာခဲ့ တယ်။ ချေနီက ‘‘ငါတို့ဟာ အစွန်းရောက်ဝါဒ တွေနဲ့ မဟာဗျူဟာခြိမ်းခြောက်မှုတွေကို ငါတို့ရဲ့ အပေါင်းပါတွေနဲ့အတူ လက်တွဲပြီး တွန်းလှန်သွားမှာဖြစ်တယ်၊ ငါတို့ဟာ ဆက်လက်ပြီးတော့ လွတ်လပ်ပြီး တရားမျှတမှုမရတဲ့သူတွေဆီကို တရားမျှတမှုတွေကို ဖြန့်ဝေပေးသွားမှာ ဖြစ်တယ်။ နောက်ပြီး တခြားအပေါင်းပါတွေနဲ့ လက်တွဲပြီး အီရန်ရဲ့နူကလီးယားပိုင်ဆိုင်မှုနဲ့ ဒေသတွင်း စိုးမိုးခြယ်လှယ်မှုတွေကို ကာကွယ်တားဆီးသွားမှာဖြစ်တယ်’’။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဆာရိုက်ကလည်း သူမရဲ့ ရပ်တည်ချက် သဘောထားကို ဤအတိုင်း ထုတ်ပြန်သွားပါတယ်..‘‘အရှေ့အလယ်ပိုင်းမှာ အီရန်ဟာ တစ်နိုင်ငံတည်း မဟာဗျူဟာနဲ့ အမေရိကန်ကို ခြိမ်းခြောက်နေတယ်လို့ ကျွန်မတို့တွေ့နေရပါတယ်’’၊ အဲဒီအချိန်မှာဘဲ အီရန်ဟာ နူကလီးယား စီမံချက်တွေကို အရှိန်အဟုန်ပြင်းစွာနဲ့ ဆက်လက်ပြီး ၀ါရှင်တန်နဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ခြောက်လှန့်နေပါတယ်။
ဝါရှင်တန်ဟာ ယခင် စစ်အေးတိုက်ပွဲစာအုပ်ကြီးထဲက စာမျက်နှာတွေကို ပြန်ထုတ်နေ ရသလိုဘဲ ၀ါရှင်တန်ဟာ ဆိုဗီယက်ယူနီယံရဲ့ ဖျက်လိုဖျက်ဆီးနယ်ချဲ့တွေရဲ့ ပုံစံတွေအတိုင်း တာရန်တွေရဲ့ ကြီးထွားလာတဲ့ သြဇာတိက္ကမကို စောင့်ကြည့်ပြီး၊ ဖြစ်နိုင်သလောက် လျော့ချဖို့ မျှော်လင့်နေတယ်။ သူ့ရဲ့ နဂိုရှိပြီးသား ပါဝါကို ထုတ်သုံးပြီး ရန်သူကို တိုက်ရိုက်ဖိအားပေးမှု တွေနဲ့ မဟာမိတ်ကို ကျယ်ကျယ်ပြန့်ပြန့် ခိုင်ခိုင်မာမာ တည်ဆောက်နေတယ်။ ၀ါရှင်တန်ဟာ ပါရှန်းပင်လယ်ကွေ့မှာ တည်ရှိနေတဲ့ အမေရိကန် ပြည်ထောင်စုတပ်တွေတည်ရှိနေမှုကို အားကိုးပြီး စစ်ရေးတည်ဆောက်မှုတွေကို မြှင့်တင်နေတယ်။ တချိန်တည်းမှာဘဲ တာရန်တွေရဲ့ အစိုးရ စနစ်ကို ဒီမိုကရေစီပြောင်းလဲဖို့ ရန်ပုံငွေဟာ ဒေါ်လာ ၇၅ သန်းရရှိခဲ့တယ်။ ပြီးခဲ့သော လများမှာတော့ ၀ါရှင်တန်ဟာ အထောက်အပံ့ကောင်းတွေ ရလာတယ်။ ကုလသမဂ္ဂရဲ့ အီရန်ရဲ့ နူကလီးယား အစီအစဉ်နဲ့ပတ်သက်ပြီး ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်များစွာ အတွက်၊ နောက်ပြီး အီရန်ကို အပြည်ပြည်ဆိုင်ရာ ငွေကြေးဈေးကွက်နဲ့ပတ်သက်ပြီး ငွေကြေးအရေးယူမှုတွေကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တယ်။
ဝါရှင်တန်မှာ တရားဝင်ခန့်ထားတဲ့ အီရန်နိုင်ငံသား တော်လှန်ရေးအစောင့် အရှောက် တွေရှိပြီး လက်နက်ခဲယမ်းတွေကို အများအပြားဖျက်ဆီးရန် တိုးတက်ခန့်ထားတယ်။ IRG ရဲ့ အထက်လွှာ အယ်လ်ကွက် စစ်တပ်ကို အကြမ်းဖက်သမားတွေရဲ့ ထောက်ပံ့ရေးသမားများ ဘဏ္ဍာတိုက်ကို အုပ်စုဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေနဲ့ အမေရိကန်စစ်တပ်ကို အမြဲတမ်း နှောင့်ယှက် ရန်နှင့် သူတို့ရဲ့ အီရတ်မှာရှိတဲ့ တပ်သားတွေကို ဖမ်းမိဖို့ရန် ခွင့်ပေးထားတယ်။
ဝါရှင်တန်ဟာ အရှေ့အလယ်ပိုင်းမှာ အခုဘယ်လိုသဘောထား ပျော့ပျောင်းတဲ့ အစိုးရဆီက အထောက်အပံ့ တွေ ရမလဲဆိုတာ စုဆောင်းဖို့ကိုလဲပဲ လုပ်ဆောင်နေတယ်။ အများအားဖြင့် ဒေသတွင်းမှာ ပြဿနာအမြောက်အမြားရင်ဆိုင်နေရတဲ့ အာဏာရှင်ဆန်သော အာရပ်အစိုးရများဆီကဖြစ်တယ်။ ၀ါရှင်တန်ရဲ့ ရည်မှန်းချက်ကတော့ တာရန်ရဲ့ သြဇာကို ပြန်လည်ရရှိအောင် ပြန်သွင်းခြင်းနှင့် သူတို့မဟာမိတ်တွေရဲ့ ထောက်ခံမှုကို ငြင်းဆန်ဖြင်းအား ဖြင့် အီရန်ရဲ့ သြဇာကို အာရပ်ကမ္ဘာမှ ဖယ်ထုတ်လိုက်ရန် ဖြစ်တယ်။ အကျိုးဆက်ရလဒ်က တော့ လက်ဘနွန်မှ အိုမန်နိုင်ငံထိ မျဉ်းရေးဆွဲပြီး အီရန်ကို သူရဲ့ အာရပ် အိမ်နီးချင်းများနားမှ ခွဲထုတ်ရန်ဖြစ်တယ်။ အီရတ်၊ လက်ဘနွန်နဲ့ ပါလက်စတိုင်းနယ်စပ်တွေမှာရှိတဲ့ အီရန်နိုင်ငံသား တွေရဲ့ ပေါ်လစီတွေကို ဆန့်ကျင်ဖို့အာရပ်အစိုးရများထံမှ ထောက်ခံမှုများကို ဘုရှ်အစိုးရ အဖွဲ့က ရရှိထားတယ်။
ဆော်ဒီအာရေဗျနှင့် မွတ်စလင်တိုင်းပြည်များကို ဒေါ်လာ ဘီလီယံ ၂၀ ဖိုးရှိတဲ့ လက်နက်တွေကို ထောက်ပံ့ပေးထားခြင်းအားဖြင့် ပါရှန်းပင်လယ်ကွေ့နိုင်ငံများရဲ့ စစ်တပ်တွေရဲ့လုပ်နိုင်စွမ်းကိုကြိုးစားပြီးကျားကန်ပေးထားတယ်။ အမေရိကန်အစိုးရဌာနအကြီးအကဲဖြစ်သူ နီကိုလပ်ဘမ်းစ်ရဲ့ အဆိုအရကတော့ လက်နက်တွေကို အဓိကထားပြီးရောင်းချထားခြင်းများရဲ့ တစ်ချက်ကတော့ ‘‘အနာဂတ်မှာ အီရန်နိုင်ငံရဲ့ ခြိမ်းခြောက်ကျူးကျော်ရန်စမှုတွေကို ဆန့်ကျင်ဖို့ အထောက်အပံ့နဲ့သူတို့ နိုင်ငံတွေရဲ့ ကာကွယ်ရေးတွေကို ပိုမိုခိုင်မာတောင့်တင်းစေဖို့ ဖြစ်တယ်’’။ နောက်ထပ်ပြီး ဒေသတွင်း ညှိနှိုင်းဆွေးနွေးပွဲနှင့် သီးသန့်ဆွေးနွေးပွဲပေါင်းများစွာ ပြီးနောက် ဘုရှ်အစိုးရအဖွဲ့ဟာ အစ္စရေး၊ ပါလက်စတိုင်းငြိမ်းချမ်းရေးကို တိုးတက်စေဖို့ မျှော်လင့်တယ်။ နောက်ပြီး ဒေသတွင်းရဲ့အစိုးရတွေဟာ အီရန်ရဲ့ ခြိမ်းခြောက်မှု ပြဿနာကို မေးခွန်းထုတ်ပြီး ပြန်လည်အာရုံစိုက်လာဖို့မျှော်လင့်တယ်။
တကယ်တော့ အီရန်ပါဝင်နေတာဟာ ဆန်းသစ်တဲ့ အိုင်ဒီယာတစ်ခုတော့ မဟုတ်ဘူး။ ဒါပေမယ့် ၀ါရှင်တန်ရဲ့ မျှော်လင့်တဲ့ အကျိုးအမြတ်ကတော့ အသစ်ဖြစ်တယ်။ အစ္စလမ်မစ် သမ္မတနိုင်ငံ ကနဦးကတည်းက သမ္မတစနစ်လိုလားသူများနှင့် ဒီမိုကရေစီဝါဒ အခြေခံသော အုပ်ချုပ်ရေးတွေဟာ အမျိုးမျိုးသော မူဝါဒတွေ၊ သြ၀ါဒတွေနှင့် ဘုရားသခင်နှင့်ဆိုင်သော အစိုးရအုပ်ချုပ်ရေးတွေကို ဆက်တိုက်တီထွင်ခဲ့ကြတယ်။ သို့သော်လည်း ဘုရှ်အစိုးရအဖွဲ့ အတွက် အီရန်ကို ထိန်းချုပ်ဟန့်တားခြင်းဟာ အရှေ့ အလယ်ပိုင်းမှာရှိတဲ့ ပြဿနာ အမျိုးမျိုးအ တွက် ဖြေရှင်းနည်းပဲဖြစ်တယ်။

အရှေ့ အလယ်ပိုင်းမှာဆိုရင် ဆွန်နီအာရပ်နိုင်ငံတွေဟာ အီရတ်မှာ ခိုင်မာတောင့်တင်းတဲ့ အစိုးရတစ်ခုပြန်လည်တည်ဆောက်ရာမှာ ကူညီဖို့အသင့်ဖြစ် နေပြီး အဲဒီအစိုးရ ဘဂ္ဂဒက်မှာ ပြိုကွဲစေဦးတော့ အီရန်ရဲ့ သြဇာတွေကတော့ ခိုင်မာတောင့် တင်းစေမှာပင်ဖြစ်တယ်။ အရှိန်အ၀ါတွေကျနေတဲ့ ဟစ်ဆဘိုလာတွေကို ဒေသတွင်းမှ အဓိကအကျဆုံးဖြစ်တဲ့ ရှီးရိုက်တွေက ဆော်ဒီအာရေဗျနှင့်အီဂျစ်တို့ကို ဖြားယောင်းသွေးဆောင်ပြီး တက်ကြွစွာ ကူညီ ကြလိမ့်မယ်။ နောက်ပြီး သီအိုရီအရဆိုရင် အခုအစ္စရေးနဲ့သူ့ရဲ့ တွဲဖက်ဟောင်း အာရပ်တို့ဟာ တာရန်ရဲ့ လျော့ကျလာတဲ့ပါဝါနဲ့ ရပ်ဆိုင်းသွားတဲ့သူ့ရဲ့ တပည့်ရင်းချာတို့ရဲ့ သြဇာတွေကို စိတ်ဝင်စားတာချင်း တူညီနေကြတယ်။
ဟားမတ်စ်တွေဟာအစ္စရေးပါလက်စတိုင်းတို့နဲ့သဘောတူညီချက်ပြုဖို့အချိန်ကျရောက်လာတယ်။ အပြန်အလှန်အားဖြင့် ဒီလိုဖြစ်ရတာဟာ အရေးတကြီးဖြစ်နေတဲ့ ပါရှန်းပင်လယ်ကွေ့ အန္တရာယ်ထဲက ပါလက်စတိုင်းတွေရဲ့ အရေးကိစ္စ ကနေ အရှေ့အလယ်ပိုင်းကိစ္စရပ်တွေဆီ ကျိန်းသေပေါက်ပြောင်းလဲသွားလိမ့်မယ်။ စိုးရိမ်ပူပန်ဖို့ နေနေသာသာ အရှေ့အလယ်ပိုင်းမှာ အခုမီးတောက်နေပြီ။ ဘုရှ်အစိုးရဟာ အခုတော့ ဒေသ ကြီးကို ပုံစံပြန်ချဖို့အတွက် အခွင့်အရေးတွေ မကြုံစဖူး ပရမ်းပတာ ကစဥ့်ကလျားဖြစ်ခြင်းကြား ထဲမှာ ခေါင်းမီးတောက်နေပြီ။ အဲဒါကြောင့် နောက်ဆုံးတော့ u.s နဲ့ အစ္စရေးတို့ရဲ့ ပြောင် မြောက်သော ကျွမ်းကျင်လိမ္မာမှုနှင့် သြဇာကြီးခြင်းတို့နဲ့ ငြိမ်းချမ်းအောင်လုပ်ဆောင်နေရတယ်။
ဒါပေမယ့်အဲဒီဟာက ပြဿနာတစ်ခုဖြစ်တယ်။ ၀ါရှင်တန်ရဲ့ကန့်သတ်ထိန်းချုပ်မှုမဟာ ဗျူဟာက စိတ်မချရဘူး။ နောက်ပြီး ကောင်းစွာ ထိထိရောက်ရောက်အထမြောက်အောင် အကောင်အထည်မဖော်နိုင်ဘူး။ ထပ်ပြီးတော့ အဲဒီဟာက တခြားအရေးကိစ္စအတော်များများ ကို ပို၍ဆိုးရွားသွားကောင်းသွားစေနိုင်တယ်။ အောင်မြင်သော ကန့်သတ်ထိန်းချုပ်မှုကို ကြိုးပမ်းဖို့အတွက် ပါဝင်သောအရာများဟာ ရိုးရိုးရှင်းရှင်းတည်ရှိမနေဘူး။ အဲဒီအခြေအနေ တွေအောက်မှာ ၀ါရှင်တန်ရဲ့ မရမကတောင်ဆိုခြင်းဟာ အာရပ်နိုင်ငံများရဲ့ အီရန်ကို ဆန့်ကျင် တဲ့အစီအစဉ်တွေဟာ အမြဲပြောင်းလဲနေတဲ့ဒေသတွင်းမှာ ဒီထက်ပိုပြီး မငြိမ်မသက်ဖြစ်သွားစေ နိုင်တယ်။

အီရန်ကတော့ ယခုလက်ရှိမှာ အမေရိကန် အတွက် တော်တော်လေးကို ခေါင်း စားနေတဲ့ ပြဿနာပဲဖြစ်တယ်။ သူဟာ နူကလီးယားအသုံးပြုမှုတွေကို စမ်းသပ်နေတယ်။ သူဟာ အီရတ်မှာလဲ ကြားဝင်စွက်ဖက်ပြီး ၀င်ရှုပ်နေတယ်။ နောက်ပြီး မကျေနပ်ချက် မြောက် မြားစွာနဲ့ အစ္စရေး-ပါလက်စတိုင်းတွေရဲ့ ငြိမ်းချမ်းရေးလုပ်ဆောင်ချက်များကိုလဲ မုန်းစရာ ကောင်းလောက်အောင် ဆန့်ကျင်နေတယ်။ ဒါပေမယ့် ကြီးမားတဲ့ပြဿနာ တစ်ရပ်ကတော့ အီရန်ဟာ အရှေ့အလယ်ပိုင်းနဲ့သူရဲ့ မနှစ်မြို့စရာ အပြုအမူတွေဟာ သံတမန်ခင်းအရ ပြောင်းလဲလို့မရနိုင်သလို အကောင်းဘက်ကို ပြုပြင်ပြောင်းလဲဖို့မရနိုင်ဘူးလို့ ဘုရှ်အစိုးရအဖွဲ့ က လေးနက်စွာယုံကြည်နေတယ်။ အီရန်ဟာ တကယ့်ကိုဘဲ ဖရိုဖရဲဖြစ်နေတဲ့ အခြေအနေ တွေကို ကောင်းကောင်းမွန်မွန်နဲ့ ကတိတွေပေးနိုင်မလား၊ ဒါမှမဟုတ် နယ်ချဲ့သမားတွေလိုဘဲ မရောင့်ရဲနိုင်တဲ့ ရည်မှန်းချက်တွေနဲ့ သူရဲ့ပါဝါတွေကို ထုတ်သုံးမလား ဆိုတာကို မခန့်မှန်းနိုင်သေးဘူး။ ရုရှနဲ့တရုတ်တို့နဲ့ မတူတာကတော့ အီရန်ဟာ သူရဲ့ပါဝါကို ဒေသတွင်းမှာ အချက်အချာကျအောင် ရယူလိုခြင်းဘဲဖြစ်တယ်။
အခြားဝါရှင်တန်ရဲ့ အမှားတစ်ခုကို ယူဆရတာကတော့ အီရန်ကို ဆိုဗီယက်ယူနီယံလို စစ်အေးတိုက်ပွဲတုန်းက ပုံစံအတိုင်း အရှေ့ အလယ်ပိုင်းကို အသုံးပြုပြီး ကိုယ်တွယ်လို့ရမယ် ဆိုတာကိုဘဲ ဖြစ်တယ်။ ၂၀၀၆ တုန်းက လက်ဘနွန်စစ်ပွဲလို စိုးရိမ်ပူပန်နေရတာကတော့ တာရန်နဲ့ ဟစ်ဆဘိုလာတို့အကြား ဆက်သွယ်မှုတွေပို အားကောင်းလာခြင်းနဲ့ အီရန်ရဲ့ နူကလီးယား ရည်မှန်းချက်တွေကို အစ္စရေးနဲ့ အာရပ်အစိုးရတွေက ၀ါရှင်တန်ကို ကိုင်တွယ်ဖို့ ဖိအားပေးနေတယ်။ သူတို့ဟာ အီရန်နိုင်ငံနဲ့ ဆီးရီးယားနိုင်ငံ အစိုးရတို့အကြား ပူးပေါင်း လိမ်လည်ရန်ညှိထားခြင်းကို ချိုးဖောက်ဖို့ကြိုးစားခြင်းနှင့် ဘေရွတ်မှာရှိတဲ့ Fouad Siniora အစိုးရရဲ့ကျောထောက်နောက်ခံ အထောက်အပံ့တွေကို စွန့်ပစ်ဖို့ တုံ့ပြန်သတိပေးခြင်း ခံထား ရတယ်။ ၀ါရှင်တန်ဟာ အီရန်ဆီက အမြတ်အစွန်းရရှိဖို့ သူရဲ့ စစ်အင်အားကို ပါရှန်းပင်လယ် ကွေ့ မှာ ထားရှိခြင်းနဲ့ ကျန်ခဲ့တဲ့နှစ်မှာ အီရတ်မှာ အမေရိကန်စစ်တပ်ရဲ့ အရေအတွက်ကို တိုးလိုက်ခြင်းဖြင့် အထောက်အကူတွေပေးခဲ့တယ်။
ဒါပေမယ့် အာရပ်အစိုးရတွေဟာ တချိန် တည်းမှာ အီရတ်မှာရှိတဲ့ ရှီးရိုက်အစိုးရအဖွဲ့ကိုလဲပဲ တာရန်တွေရဲ့ သြဇာကို ဆန့်ကျင်ဖို့ မကျေ မနပ်တိုင်တန်းခဲ့ကြတယ်။ အီရန်နဲ့ အမေရိကန်ကို ထောက်ခံလိုလားသောသူများဟာ သူတို့ရဲ့ ဆွန်နီ ယှဉ်ပြိုင်ဘက်တွေကို အကူအညီပေးခဲ့ကြတယ်။ ၀ါရှင်တန်ဟာ ဆွန်နီအာရပ်နိုင်ငံတွေ နဲ့လဲပဲ ဒေသတွင်း မဟာမိတ်တည်ဆောက်နေတုန်းမှာ အီရတ်အစိုးရနဲ့ ဘယ်လိုဆက်ပြီး အလုပ်လုပ်ရမလဲဆိုတာကို အဖြေထုတ်ထားတယ်။ ၀ါရှင်တန်ရဲ့ ကန့်သတ်ထိန်းချုပ်မှုဟာ အီရတ်နဲ့ အမေရိကန်-အီရန်ထိပ်တိုက်တွေ့ဆုံမှု ရှေ့တန်းမှာ မလွဲဧကန် မငြိမ်မသက် ဂယက် ရိုက်မှုတွေဖြစ်လာလိမ့်မယ်။
ဘုရှ်အစိုးရရဲ့ မဟာဗျူဟာတွေဟာ အမျိုးမျိုးကွဲပြားသော အာရပ်နိုင်ငံတွေရဲ့ အမြင်မှာ နားလည်သဘောပေါက်ဖို့ လွဲသွားရတယ်။ အာရပ်အစိုးရတွေဟာ တကယ်ကိုဘဲ အီရန်နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်ခဲ့ကြတယ်။ ဆော်ဒီအာရေဗျနဲ့ ဘာရိန်းတို့ဟာ သူတို့ရဲ့ ပြည်တွင်းရေး တွေကို တာရန်တွေ ၀င်ရောက်စွက်ဖက်မှု အန္တရာယ်နဲ့ အီရန်ရဲ့ နယ်ချဲ့ ၀ါဒတွေကို ဝေဖန်ရှုတ် ချကြတယ်။ ဒါပေမယ့် အီဂျစ်နဲ့ဂျော်ဒန်တို့ ပိုပြီးစိုးရိမ်တာကတော့ အီရန်ရဲ့ အရေးပါလာခြင်းက သူတို့ရဲ့ ဒေသတွင်းရပ်တည်မှုကို တဖြည်းဖြည်းမှေးမှိန်လာစေမှာကိုဘဲဖြစ်တယ်။ သူတို့ရဲ့ အခိုင်အမာ ရပ်တည်နိုင်မှုကတော့ နယ်နိမိတ် ဒါမှမဟုတ် ဒေသတွင်းတည်ငြိမ်မှုတွေသာမက ပါလက်စတိုင်း အရေးကိစ္စတွေမှာပါ သြဇာရှိစေဖို့ပဲဖြစ်တယ်။
ပါရှန်းပင်လယ်ကွေ့ အတွင်းမှာ တောင်မှ အီရန်ကိုဆန့်ကျင်တဲ့သဘောထားတွေမရှိဘူး။ ဘာရိန်း၊ ကူဝိတ်နဲ့ ဆော်ဒီအာရေဗျ တို့နဲ့ မတူတာကတော့ ဥပမာအားဖြင့် ကာတာနဲ့ အာရပ်ပြည်ထောင်စုစော်ဘွားနိုင်ငံတွေက တော့ ရှီးရိုက်လူနည်းစုတွေရဲ့ ပြဿနာလေးတွေနဲ့ ၁၉၉၀ နှစ်လယ်ပိုင်းလောက်ကစပြီး တာရန် တွေနဲ့ စီးပွားရေး ဆက်သွယ်ဆောင်ရွက်ပြေပြစ်မှုတွေကို မခံစားရဘူး။ အီရန်နဲ့ ထိပ်တိုက် ရင်ဆိုင်တွေ့ဖို့ နေနေသာသာ သူတို့ဟာ အီရန်နဲ့ အမေရိကန်တို့ကြား မြင့်မားလာတဲ့ တင်းမာ မှုရဲ့ အကျိုးဆက်အန္တရာယ်တွေကို ကြောက်ရွံ့ နေကြတယ်။ အရှေ့ အလယ်ပိုင်းမှာရှိတဲ့ အမေရိ ကန်မဟာမိတ်တွေကတော့ သူတို့ရဲ့လုပ်နိုင်စွမ်းအားနည်းခြင်း၊ မဟာမိတ်များရဲ့ အနေအထားနဲ့ သူတို့ရဲ့ နားလည်မှုနဲ့ စိတ်ဝင်စားမှုတွေကိုလိုက်ပြီး အီရန်ရဲ့ သြဇာလွှမ်းမှုတွေကို အကဲဖြတ်ချင့် တွက်နေလိမ့်မယ်။ အမေရိကန်ရဲ့ ကန့်သတ်ထိန်းချုပ်မှုမဟာဗျူဟာအရကတော့ အာရပ်တွေရဲ့ စည်းလုံးညီညွတ်မှုက သီအိုရီထဲမှာတော့ စိတ်မချရဘူးလို့ ယူဆရတယ်။
နှစ်တစ်ရာရဲ့ ထက်ဝက်တိုင်အောင် အာရပ်ကမ္ဘာဟာ အီရတ်နိုင်ငံရဲ့ စစ်ရေးအင်အား ကို သူရဲ့ မြေကတုတ်အဖြစ် ပါရှန်းပင်လယ်ကွေ့ မှာ မြင်ခဲ့ရတယ်။ ၂၀၀၃ ခုနှစ်မှာ သူရဲ့ အင်အားကို ဖြိုဖျက်ပြီးနောက် အမေရိကန်ဟာ ပင်လယ်ကွေ့ မှာ ယခု တစ်ခုတည်းသော စစ် မက်ရေးရာအရ အင်အားရှိ နိုင်ငံဖြစ်တယ်။ ဒေသတွင်းမှာ စစ်သားတွေကို အကန့်အသတ်မရှိ အရေအတွက်များစွာ ထားမှသာ ထိရောက်သော တာဝန်ယူနိုင်ခြင်းဖြစ်တယ်။ ဒါပေမယ့် ယခု ပါရှန်းပင်လယ်ကွေ့တစ်ခုလုံး အမေရိကန်ဆန့်ကျင်ရေးတွေ နေရာအနှံ့ ပျံ့ နှံ့နေတယ်။ ကူဝိတ် မှလွဲ၍ ဒေသတွင်း မည်သည့်နိုင်ငံမှ သူတို့ရဲ့ နယ်မြေတွေမှာ များပြားသော အမေရိကန် စစ်တပ်တွေ စစ်မက်ပြင်ဆင်တာကို သဘောမတူနိုင်ကြတော့ဘူး။ ဒါကြောင့် ၀ါရှင်တန်ဟာ အီရန်ရဲ့ အရေးမှာ ပါရှန်းပင်လယ်ကွေ့ မှာ အရွယ်အစား၊ လူဦးရေနဲ့ စီးပွားရေးအရတွေရော အကြီးဆုံးနိုင်ငံဖြစ်တဲ့ သူကြိုးဆွဲရာ ကနိုင်တဲ့ ဒေသတွင်းအားနည်းတဲ့ နိုင်ငံတွေကို အားထား နေရတယ်။

ဝါရှင်တန်ရဲ့ ဆန်းသစ်သောအားထားမှုအရ အရှေ့ အလယ်ပိုင်း ငြိမ်းချမ်းရေး လုပ် ဆောင်မှုတွေမှာ အခရာအဖြစ် သူရဲ့ အီရန်ကိုထိန်းချုပ်တဲ့ မဟာဗျူဟာကလည်းဘဲ အခက် အခဲတစ်ခုဖြစ်နေတယ်။ ဘုရှ်အစိုးရအာဏာပိုင်တွေ ယူဆချက်ကတော့ အစ္စရေးနဲ့သူရဲ့ အိမ်နီးချင်းနိုင်ငံများကြား သံတမန်ရေးအရ ပြန်လည်ဆက်သွယ်ခြင်းဟာ အာရပ်နိုင်ငံအရေး တွေကို သက်သာစေလိမ့်မယ်။ အမေရိကန်နိုင်ငံရဲ့ နောက်မှာတော့ အာရပ်အစိုးရရဲ့ အထောက်အပံ့ရှိတယ်။ နောက်ပြီး အီရန်ကိုဆန့်ကျင်ဖို့ ပြည်ထောင်စုအာရပ်နိုင်ငံများနဲ့ အစ္စရေးတို့ကို မြေပြင်အလုပ်တွေ လုပ်ခိုင်းထားတယ်။ ဒါပေမယ့် ဒီမျှော်လင့်ချက်ဟာ ယခု သူတို့ရဲ့ အခြေအနေအတွက် လျစ်လျူရှုစရာအချက်ဖြစ်နေတယ်။
ပါလက်စတိုင်းနဲ့ အစ္စရေးတို့ ရဲ့ ပေါ်လစီတွေဟာ ယုံကြည်စိတ်ချရသော ထိုးဖောက်ကျော်လွှားမှုတွေအတွက် လိုအပ်တဲ့ အပေးအယူအမျိုးအစားတွေကို အထောက်အပံ့ပေးနိုင်လိမ့်မှာ မဟုတ်ဘူး။ အစ္စရေး ၀န်ကြီးချုပ် အွတ်အိုမတ်နဲ့ ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ် တို့နှစ်ယောက်လုံးဟာ အလားအလာရှိတဲ့ စိတ်မချမ်းမြေ့စရာ ငြိမ်းချမ်းရေး လိုက်လျောချက်တွေကို သူတို့ရဲ့ မဲဆန္ဒနယ်များမှ မဲဆန္ဒပြည်သူတွေဆီက ရယူဖို့ အားနည်းနေတယ်။ အာရပ်ခေါင်းဆောင်များ ဆီက မျှော်လင့်ချက်များကတော့ အစ္စရေးနှင့် ယူနိုက်တက်စတိတ် တို့ထက်တောင် ပိုလွန်နေ တယ်။
သူတို့ရဲ့ တံခါးဖွင့် နောက်ဆုံးအဆင့် စေ့စပ်ဆွေးနွေးပွဲတွေ လုပ်နေစဉ်မှာပဲ အတွင်းရေးမှူး ရိုက်စ်က ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်တွေမြှင့်ပြီးလုပ်ဆောင်နေတယ်လို့ ပြောသွား သေးတယ်။အကယ်၍ ငြိမ်းချမ်းရေးလုပ်ဆောင်ချက်တွေ အောင်မြင်စွာ ထုတ်ပြန်နိုင်ရင်တောင်မှ အာရပ်နိုင်ငံတွေဟာ အီရန်ရဲ့ ပုန်ကန်မှုကို ကြီးမားတဲ့ ပြဿနာတစ်ရပ် အနေနဲ့ ဆယ်စုနှစ်များ စွာကြာတဲ့ အာရပ်-အစ္စရေး ပဋိပက္ခထက်ပိုကြီး ယုံမှားပြီးမြင်တယ်လို့ သဘောထားမိတယ်။ အာရပ်လူထုနဲ့ အာရပ်အကြံပေးပုဂ္ဂိုလ်တွေကတော့ အစ္စရေးကို ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခု လို့ဆက်လက်ပြီး သတိမူမိကြတယ်။
အီရန်သမ္မတ မာမွတ်အမာဒင်ဂျတ်ကတော့ ဒါကို ကောင်းကောင်းနားလည်တယ်။ သူဟာ ပါလက်စတိုင်းတွေရဲ့ အရေးကိစ္စတွေကို ထိထိမိမိ ဒေါသတကြီးနဲ့ တုံ့ပြန်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့သူဟာ အာရပ်ပြည်သူတွေကြားကို တိုးတက်မှုတွေပြုလုပ်ချင်တာနှင့် သူတို့ဟာ သူတို့အစိုးရတွေအပေါ် အီရန်ဆန့်ကျင်ရေး သဘောထားတွေ မဖြန့်ဝေဘူးလို့ နားလည်တာကြောင့်ဖြစ်တယ်။
သူရဲ့ စွပ်စွဲရှုတ်ချခြင်းကို လှုံ့ဆော်ချက်အတိုင်း ဟားမတ်စ်နဲ့ ဟစ်ဆဘိုလာတို့ကို အစ္စရေးနဲ့ တာရန်တွေရဲ့ အကူအညီအထောက်အပံ့တွေပေးတယ်။ အမာဒင်ဂျတ်ရဲ့ လက်ခံယုံ ကြည်ချက်ကတော့ အာရပ်တွေရဲ့ စုဆောင်းခြင်းဟာ သူ့ကို အဆင့်တစ်ခုထိရောက်အောင် ထောက်ပံ့လိမ့်မယ်လို့ယုံကြည်တယ်။
တကယ်တော့ ယနေ့အရှေ့ အလယ်ပိုင်းမှာ တာရန်တွေ ရဲ့ အင်အားတွေဟာ သိသိသာသာ လျော့ကျလာနေတယ်။ ၀ါရှင်တန်ရဲ့ ယူဆချက်ကတော့ အာရပ်-အစ္စရေးရဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်နဲ့စပ်လျဉ်းပြီး လူတိုင်းဟာ သွယ်ဝိုက်ပြီး တစ်နည်းနည်းနဲ့ အီရန်ရဲ့ အရေးကို စိုးရိမ်ပူပန်နေလိမ့်မယ်။ လက်ရှိကြိုးစားမှုတွေဟာ အာရပ် ရဲ့ တောင်းဆိုမှုတွေကို ဖြည့်ဆည်းပေးနိုင်လိမ့်မှာမဟုတ်ဘူးလို့တာရန်တွေယုံကြည်တယ်။ ဒေသတွင်းရဲ့ ဆန္ဒတွေကိုဖော်ထုတ်ပြီး သတိထားကြည့်ရင်တော့ အီရန်ဟာ ယူနိုက်တက် စတိတ်ထက်ပိုပြီး မြဲမြံခိုင်မာနေတာကို တွေ့နေရတယ်။
တကယ်တော့ ဒါဟာ အရှေ့အလယ်ပိုင်းမှာ ပါလက်စတိုင်းတွေရဲ့ တူညီမျှတဲ့အင်အား တွေသာမက အာဖဂန်နစ္စတန်၊ အီရတ်နဲ့ လက်ဘနွန်နိုင်ငံတွေရဲ့ ချွတ်ယွင်းချက် ကံကြမ္မာတွေ ကြောင့်လဲဖြစ်တယ်။ သေချာနေတာကတော့ အီရန်တွေရဲ့ သြဇာတိက္ကမတွေဟာ နောက်ထပ် ထပ်ပြီး ကျယ်ပြန့်လာနိုင်တယ်လို့ တွေ့မြင်နေရတယ်။
အရှေ့ မြေထဲပင်လယ်နိုင်ငံများနဲ့ ကျွန်းတွေထဲမှာတော့ အစ္စရေးရဲ့ လုံခြုံရေးနဲ့ အမေရိကန်ရဲ့ ပုံရိပ်နဲ့ သိက္ခာဂုဏ်ဒြပ်တို့ဟာ ပါလက်စတိုင်းတို့ရဲ့ အရေးကိစ္စတွေမှာ အရေးကြီးတဲ့ အကြောင်းအချက်တစ်ခုအနေနဲ့ ကျန်ရစ် တယ်။ အဲဒါဟာလဲ ဒေသတွင်းယှဉ်ပြိုင်မှုများအတွက် အပြောင်းအလဲဖြစ်စေရန် အထောက်အ ကူတစ်ခုဖြစ်တယ်။ ဒါပေမယ့် ပါလက်စတိုင်းတို့ရဲ့ အရေးကိစ္စဟာ အဓိကကျတဲ့ဒေသတွင်း ကုလားထိုင်လုပွဲမဟုတ်သလို သူတို့ရဲ့ အကျိုးရလဒ်တွေ ထွက်ပေါ်လာလိမ့်မယ် ဆိုတာလည်း ဆုံးဖြတ်လို့မရနိုင်သေးဘူး။
ဒါတွေအားလုံးရဲ့ စိုးရိမ်ပူပန်မှုအကြောင်းတွေကတော့ အီရန်ရဲ့ ကြီးထွားလာတဲ့ အင်အားကြောင့်ပဲဖြစ်တယ်။ ၀ါရှင်တန်ရဲ့ နားလည်သဘောပေါက်မှုတွေ လွဲခဲ့ရတာကတော့ အရှေ့အလယ်ပိုင်းမှာ ရှိတဲ့ မဟာဗျူဟာမြောက် အခရာ ကျလှတဲ့ အရှေ့ပိုင်းမြေထဲ ပင်လယ်မှာရှိတဲ့ ကျွန်းတွေနဲ့နိုင်ငံတွေဆီကနေ ပါရှန်းပင်လယ်ကွေ့ကို ပြောင်းလဲရောက်ရှိလာ ခဲ့ခြင်းပဲဖြစ်တယ်။
ယခုဖြစ်နိုင်ခြေကတော့ ပါရှန်းပင်လယ်ကွေ့ မှာရှိတဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုတွေဟာ တခြားနည်းလမ်းထက်စာရင် အရှေ့ ပိုင်းမြေထဲပင်လယ်ထဲမှာရှိတဲ့ ကျွန်းတွေနဲ့နိုင်ငံတွေဆီကို အဲဒီငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုတွေကို သယ်ဆောင်သွားကောင်း သွားလိမ့်မယ်။ ဘုရှ်အစိုးရအဖွဲ့ ဟာ အ ရှေ့အလယ်ပိုင်း ရဲ့ လောလောလတ်လတ်သမိုင်းကြောင်းကို မယုံမရဲနှင့်ဆုပ်ကိုင်ထားရတယ်။အစိုးရအနေနဲ့အရှေ့အလယ်ပိုင်းမှာလုပ်ခဲ့တဲ့ပေါ်လစီတွေမှန်ကန်ကြောင်း ကို မကြာခဏ သက်သေပြနေရတယ်။

၁၉၈၀နှစ်များအတွင်းကအီရန်ကိုအရေးယူဖို့အာရပ်ကမ္ဘာကိုအမေရိကန်ကနောက်ဆုံးအထောက်အကူတွေပေး
ခဲ့ သေးတယ်။ အမေ ရိကန်ဟာ ဆွန်နီနိုင်ငံရေး မူဝါဒတွေကို နောက်ဆုံး အယ်ကေဒါကို မကျေမ နပ်အလျော့ပေးခြင်းနဲ့ အဆုံးသတ်ခဲ့ရတယ်။ ဒီအချိန်မှာ ထွက်ပေါ်လာတဲ့ အကျိုးရလဒ်တွေ ဟာလည်း ဆိုးရွားကောင်းဆိုးရွားမယ်။
ကန့်သတ်ထိန်းချုပ်မှုမူဝါဒဟာပြန်လည်အားကောင်းလာတဲ့ဆွန်နီအစွန်းရောက်တွေကိုသာလျှင် အတွေးအမြင် သဘောထား အဟန့်အတားတွေ အဖြစ် အကူအညီပေးလိမ့်မယ်။အစ္စရေးနိုင်ငံသားတွေနဲ့ လက်ဘနွန်သားတွေရဲ့ ၂၀၀၆ စစ်ပွဲအပြီးမှာ ၁၉၈၀ နှစ်တွေ မှာ တောင်အာရှမှ ဆင်နွဲခဲ့တဲ့ ဆော်ဒီအာရေးဘီးရားရဲ့ ယှဉ်ပြိုင်ဘက် အီရန်နှင့် ဆန်းသစ် သော Salafisစည်းရုံးရေးတွေဟာ ဟစ်ဆဘိုလာရဲ့ တဟုန်ထိုး ထင်ပေါ် ကျော်ကြားလာမှုကို မှေးမှိန်အောင် ခုနှိမ်လိုက်တယ်။ စစ်အေးတိုက်ပွဲအတွင်းမှာ ကွန်မြူနစ်ဝါဒဟာ အရင်းရှင်ဝါဒ နှင့် ဒီမိုကရေစီစနစ်ကို တိုးမြှင့်ပြီး အကျိုးသက်ရောက်သွားတယ်။
ယခုအီရန်ကိုကန့်သတ်မှုတွေပြုလုပ်ခြင်းဟာဆွန်နီအစွန်းရောက်တွေကိုအထောက်အကူပေးသလိုဖြစ်နေပြီး ၀ါရှင် တန်အတွက် ကိုယ့်တပ်ကိုယ်ပြန်နင်းသော အဆိုတစ်ရပ်ဖြစ်နေတယ်။ အရှေ့ အလယ်ပိုင်းမှာ မျက်မြင်ဒိဌတွေ့ မြင်နေရတဲ့ လက်တွေ့ဘ၀တွေဟာ နောက် ဆုံးတော့ ၀ါရှင်တန်ရဲ့ စိတ်ကူးယဉ်စစ်အေးထဲမှာ ကျဆုံးသွားလိမ့်မယ်။
အီရန်ဟာ အမေရိ ကန်၊ အာရပ် ဒါမှမဟုတ် အစ္စရေးတို့ရဲ့ စိတ်ဝင်စားရာ ပြင်းထန်တဲ့ စိန်ခေါ်ခြင်းတွေ မဟုတ်ဘူး လို့လဲပြောလို့မရဘူး။ ဒါပေမယ့် တွေးကြည့်ရရင်တော့ မဟာမိတ်အင်အားကြီး အမေရိကန်- အာရပ်နဲ့ အစ္စရေးတို့ရဲ့ ကန့်သတ်နိုင်စွမ်းဟာ အီရန်ကို အာဖဂန်နစ္စတန်၊အီရတ်နဲ့လက်ဘနွန်တို့လိုကြီးမားတဲ့ရုန်းရင်းဆန်ခတ်အဓိကရုန်းတွေကဲ့သို့နစ်ဝင်သွားပြီးအစ္စလာမ်မစ်တွေကိုတဟုန်ထိုးမီးလောင်ရာလေပင့်သလိုဖြစ်သွားလိမ့်မယ်။ နောက်ပြီး ယူနိုင်တက်စတိတ်ကို အရှေ့ အလယ်ပိုင်းမှာ ကုန်ကျစရိတ်များနဲ့ ရှည်ကြာစွာ နေရလိမ့်မယ်။
အစီအစဉ်အသစ်
A New Order
အရှေ့ အလယ်ပိုင်းဟာ ဒေသတစ်ခုလုံးဆက်တိုက်မပြတ် သူ့နည်းသူ့ဟန်နဲ့ အမျိုးမျိုး ပဋိပက္ခတွေဖြစ်ပြီး ပြိုကွဲနေတယ်။ ၁၉၆၀ နှစ်တွေမှာ သက်ဦးဆံပိုင်ဘုရင်စနစ် အုပ်ချုပ်တဲ့ တိုင်းပြည်များရဲ့ အင်အားတွေနဲ့ အာရပ်အစိုးရတွေ တရားဝင်ဦးဆောင်မှု ကုလားထိုင်နေရာ အတွက် အပြိုင်အဆိုင် ယှဉ်ပြိုင်လုခဲ့ကြတယ်။ ၁၉၇၀ နှစ်တွေမှာတော့ အစ္စလာမ်နဲ့ တင်းကျပ် သော ဘာသာရေးဝါဒီတွေ ရေပန်းစားနေသော ခရစ်ယာန်လောကီဘာသာရေး ခေါင်းဆောင် တွေကို ဖယ်ရှားပြီး ဒေသတစ်ခုလုံးကို ဘုရားသခင်ရဲ့ အလိုတော်အတိုင်းဖြစ်စေလိုက်တယ်။ ၁၉၈၀ နှစ်များမှာတော့ အီရန်ရဲ့ ဘာသာရေးအစိုးရစနစ်ကို အစားထိုးဝင်နေရာယူသူအဖြစ် မျိုးဖြုတ်သတ်ဖြတ်သူ ဆက်ဒမ်ဟူစိန်ကို အာရပ်ကမ္ဘာအများစုက ထောက်ခံခဲ့ကြတယ်။

ယနေ့ အရှေ့အလယ်ပိုင်းဟာ ဒီအချိန်တွေရဲ့ အထက်စီးရမှုတွေကို ပွက်လောညံအောင် ကန့်ကွက်သံတွေနဲ့အတူယနေ့အရှေ့အလယ်ပိုင်းဟာနောက်တစ်ကြိမ်ထပ်ပြီးအက်ကွဲကြောင်းတွေ ဖြစ် ပေါ်နေတယ်။ နောက်ထပ်ထပ်ပြီး အင်အားတွေတည်ငြိမ်စေဖို့ အကြောင်းတွေ အတွက်ကြောင့်အမေရိကန်ရဲ့မူဝါဒတွေဟာဒေသတွင်းဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေကြောင့်ပါဝင်ခဲ့ရတယ်။ဒါကြောင့်ရှိပြီးသားတင်းမာကျယ်ပြန့်တဲ့အက်ကွဲကြောင်းတေဟာပို၍ဆိုးရွားလာတယ်။အာရပ်အစ္စရေးပဋိပက္ခတွေအလွန်မှာယူနိုင်တက်စတိတ်ဟာပဋိပက္ခဖျန်ဖြေစေ့စပ်ရေးတွေ၊အငြင်းပွားစရာတွေကိုကျေအေးစေရာတွေ ဒါမှမဟုတ် ရန်ငြိုးထားမုန်းတီးမှု ပဋိပက္ခတွေမှာ သူရဲ့ စိတ်ဝင်စားမှုကို အကန့်အသတ်နဲ့သာ ဖော်ပြတော့တယ်။
ဝါရှင်တန်ဟာ အာရပ်ဆိုရှယ် လစ်သမ္မတနိုင်ငံတွေကို ဆန့်ကျင်ပြီး ရှေးရိုးစွဲ သက်ဦးဆံပိုင် ဘုရင်စနစ်တွေဘက်ကပါလာတယ်။လောကီရေးရာအစိုးရတွေရဲ့ဆန့်ကျင်မှုတွေနဲ့လူမဆန်တဲ့တင်းကျပ်သောဘာသာရေးအယူဝါဒီတွေကိုနှိမ်နင်းခြင်းကိုမျက်စိမှိတ်လိုက်လျောခဲ့တယ်။အရာတိုလာရဟိုလာခိုမိုင်နီရဲ့အစ္စလာမ်ဘာသာဝင်များရဲ့ထိန်းမနိုင်သိမ်းမရ ဒေါသစိတ်တွေဆီကို ဆော်ဒီရဲ့ အင်အားနဲ့အီရတ်တို့ရဲ့စစ်လက်နက်များက ထောက်ခံအားဖြည့်ပေးထားတယ်။
ယခု ဆွန်နီလူ မျိုးအစိုးရတွေဟာအီရန်နဲ့သူရဲ့ပြန်လည်နိုးကြားလာတဲ့ရှီးရိုက်မဟာမိတ်တွေကို ဆန့်ကျင်ပြီး တန်းညှိဖို့ မျက်နှာချိုသွေးနေတယ်။ ၀ါရှင်တန်ရဲ့ အမြဲတမ်းပဲအရှေ့အလယ်ပိုင်းရဲ့ အားပြိုင်ပွဲတွေမှာနွံနစ်နေသကဲ့သို့သူ့ရဲဒေသတွင်းတည်ငြိမ်မှုရအောင်လုပ်ဖို့ရည်မှန်းချက်ဟာလည်း ပို၍လျော့နည်း ကျဆင်းသွားတယ်။
ယခင်အင်အားတွေကို ပြန်လည်စုစည်းဖို့ အာရုံစိုက်မယ့်အစား ယူနိုင်တက်စတိတ်ဟာ ဒေသတွင်း ပေါင်းစည်းမှုနှင့် ရှိရင်းစွဲတည်ငြိမ်မှုရှိသော ဆီလျော်တဲ့အင်အားအားလုံးရှိမဲ့ လူမှု အဆောက်အအုံကို မြှင့်တင်ရန်အကြံပြုပြီး ရည်းမှန်းချက်တွေထားလိမ့်မယ်။ အီရန်ရဲ့ ရန်လိုမှု ဟာ အမေရိကန်ပါဝင်နေမှုနဲ့ ပတ်သက်ပြီး ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း မှန်ကန်တဲ့ နားလည်မှုတစ်ခုအဖြစ် ဘုရှ်အစိုးရအဖွဲ့ဟာ နားလည်ထားတယ်။ ဒါပေမယ့် အီရန်ကို ကန့် သတ်ထိန်းချုပ်မှုအရ တပ်များကို ဖြန့်ကျက်ထားခြင်းနဲ့ ရန်လိုသော မဟာမိတ်တပ်များသက် သက်အတွက် ယုတ္တိရှိသော မဟာဗျူဟာတစ်ခုတော့ မဟုတ်ဘူး။ သာမန် သရုပ်ဖော်ပြထား ခြင်းဖြစ်စေကာမူ အီရန်ဟာ အကြမ်းဖက်လိုသော အစ္စလာမ်မစ်တွေရဲ့ ဒေသတွင်းအာဏာကို ကယ်တင်ရှင်မဟုတ်ဘူးလို့ ချေပထားတယ်။ အီရန်ဟာ သာမန်မျှသော အထက်စီးရယူမှုကို သူရဲ့ အနီးဆုံး အိမ်နီးချင်းနိုင်ငံတွေထဲမှာ သူတပါးလက်ခံသော လွှမ်းမိုးမှုမျိုးကို ရှာဖွေနေ တယ်။
ဒါကြောင့် ၀ါရှင်တန်ရဲ့ လုပ်ရမယ့် လုပ်ငန်းဆောင်တာတွေကတော့ အီရန်ဟာ သူ့ရဲ့ ရည်မှန်းချက် အတိုင်းအတာတစ်ခုထိရောက်အောင်နဲ့ အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းမှာ ခိုင်မာသော စံသတ်မှတ်ချက် တစ်ခုဖြစ်အောင် အကျိုးရလဒ် အခြေအနေတစ်ခုကို ဖန်တီးရန် ဖြစ်တယ်။
စကားအချီအချအပြန်အလှန်ဆွေးနွေးခြင်း၊ အပေးအယူလုပ်ခြင်းနဲ့ ကုန်သွယ်မှုတွေ ဟာ ဥစ္စာဓနကြွယ်လုပ်ရာမှာ သူ့အရာနဲ့သူ ခက်ခဲမှုရှိကြတာဘဲဖြစ်ပါတယ်။ အမေရိကန်အစိုး ရရဲ့ ကျေးဇူးများနဲ့ တာရန်ဟာ တကယ့်ကိုတရားဝင် အကျိုးကျေးဇူးများနဲ့ အီရတ်ကို ပါဝင်ပတ် သက်ခြင်းဟာ နောက်ဆုံးအမှန်တကယ်တော့ အစိုးရနှစ်ခုစလုံးမှာ တူညီတဲ့ရည်မှန်းချက်တွေရှိ တယ်။ နှစ်ဦးစလုံးဟာ အီရတ်မှာရှိတဲ့ နယ်မြေပိုင်နက်တွေ တည်တံ့ခိုင်မြဲမှုနဲ့ အရှေ့ အလယ် ပိုင်း လွှမ်းမိုးမှုမှ ပြည်တွင်းစစ်ပွဲကို ကာကွယ်တားဆီးရန် အလိုရှိကြတယ်။
အီရန်နဲ့ ယူနိုက် တက်စတိတ်တို့အကြား သံတမန်ရေးနှင့် စီးပွားရေးဆက်သွယ်မှုတွေကို ပြန်သုံးသပ်ရရင် အီရန်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဟာလဲဘဲ အီရန်ရဲ့ နူကလီးယား မပြန့်ပွားရေး စာချုပ်အရ သူ့ရဲ့ တာဝန်ဝတ္တရားများအတိုင်း နောက်ဆုံးရှေ့ပြေးနိမိတ်အဖြစ် အကြောင်းအရာတွေကို စီစဉ် ခြင်းဘဲဖြစ်တယ်။ အကယ်၍ အီရန်ဟာ လုံခြုံရေးနှင့်စီးပွားရေး မျက်နှာသာပေးမှုများကို လက် ခံခဲ့ပြီး ယူနိုက်တက်စတိတ်နဲ့သာ ပူးပေါင်းရင်သူ့ရဲ့ ဒေသတွင်းမှာ ငြိမ်းချမ်းနေပြီး သူရဲ့ နူကလီး ယားရည်မှန်းချက်များကိုလည်း ချုပ်ထိန်းရလိမ့်မယ်။
အီရန်ရဲ့ အာရပ်အိမ်နီးချင်းနိုင်ငံများနှင့် ယူနိုက်တက်စတိတ်ရဲ့ ဆက်သွယ်မှုကုန်ကျ စရိတ်တွေဟာ တာရန်ကို ဆွဲဆောင်မှုရှိဖို့ မလိုအပ်ဘူး။ အီရန်ရဲ့ အစွန်အဖျားအနားပိုင်းမှာ အင်အားချည့်နဲ့သော မဟာမိတ်များနဲ့ ပါရှန်းပင်လယ်ကွေ့မှာ စစ်တပ်တွေနဲ့ ကျားကန်ထောက် ပံ့ထားမဲ့အစား ၀ါရှင်တန်က ဒေသတွင်းလုံခြုံရေးစနစ်သစ်တွေနဲ့ ဆောင်ရွက်သွားသင့်တယ်။ ဒီစနစ်မှာ ဒေသတွင်းလူများအားလုံးကို ခြေပြုထားရန်၊ အခြားအချက်များထဲကတော့- ဒေသ တွင်းရဲ့ နယ်စပ်တွေမှာ ထာဝရတည်မြဲရန် စာချုပ်များချုပ်ထားခြင်း၊ လက်နက်အမျိုးအစားအ လိုက် လက်နက်ထိန်းချုပ်ရေးစာချုပ်များ တရားဝင်ချုပ်ထားရန်၊ အများနှင့်ဆိုင်သောလွတ်လပ် သောကုန်သွယ်ရေးဈေးကွက်ဇုန်များနှင့် အငြင်းပွားဖွယ် လုပ်ထုံးလုပ်နည်းများကို စစ်ဆေး အကဲဖြတ်ပေးရန်အချက်များ ပါဝင်သင့်တယ်။
ပင်လယ်ကွေ့ နိုင်ငံများအတွက် ဒီအမိန့်သစ်မှာ ရှီးရိုက်တွေကြီးစိုး ချုပ်ကိုင်သော နိုင်ငံများဖြစ်တဲ့ အီရန်နှင့် အီရတ်ကို အပြုသဘောဆောင် သော စီးပွားဖြစ်မိတ်ဖက်များအဖြစ် ကောင်းကျိုးများ ယူဆောင်လာလိမ့်မယ်။ ဒါကြောင့် ဂိုဏ်း ဂဏဆိုင်ရာ ပဋိပက္ခတွေလဲ လျော့နည်းလာလိမ့်မယ်။ လုံခြုံရေး အစီအစဉ်သစ်တွေဟာ အီရန် အတွက် သူရဲ့ ပါဝါနှင့် ရပိုင်ခွင့်တွေကို သူ့ရဲ့ရည်မှန်းချက်တွေအတိုင်း ထိပ်တိုက်ရင်ဆိုင်မတွေ့ ပဲနှင့် ပူးပေါင်းဆောင်ရွက်မှု လုပ်ခြင်းအားဖြင့် တရားဝင် အခွင့်အလမ်းသစ်တွေ ရရှိမှာဖြစ် တယ်။
သူရဲ့ ကိုယ်ပိုင်သြဇာတိက္ကမကို အသုံးပြုခြင်းနဲ့ ကောလဟလများ အလွန်ဖော်ထုတ် ခြင်းတွေဟာ တာရန်ကို အကူအပံ့သဘောမျှသာဖြစ်ကြောင်း အီရတ်တို့ရဲ့ အစိုးရအတွက် လမ်းဖွင့်ပေးလိမ့်မယ်။ ဒေသတွင်းရဲ့ ထိပ်သီးနှစ်နိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေဗျနဲ့ အီရန်ဟာ သူ တို့ရဲ့ အီရတ်နိုင်ငံအတွင်းမှာ ရလဒ်သုံညယှဉ်ပြိုင်မှုနှင့် သူတို့ရဲ့ မဟာမိတ်တွေကို အမျိုးသား သဘောတူချက်သစ်တွေဟာ အီရတ်မှာရှိတဲ့ ဆွန်နီနဲ့ ကာဒစ်ရှ် လူမျိုးလူနည်းစု အကျိုးစီးပွား တွေအတွက် လုပ်ငန်းများအောင်မြင်ရန် ဆက်လက်ချီတက်သွားမှာဖြစ်တယ်။
သို့သော်လည်း အမေရိကန်ရဲ့ တက်ကြွတဲ့ ပူးပေါင်းပါဝင်မှုနဲ့ အားပေးတိုက်တွန်းမှုတွေ သာမပါရင် ဒီလိုအကျိုးရလဒ်တွေ တစ်ခုမှ ထွက်ပေါ်လာမှာမဟုတ်ဘူး။ အကယ်၍ ပါရှန်းပင် လယ်ကွေ့နိုင်ငံတွေဟာ သူတို့ရဲ့ ကာကွယ်ရေးတွေကို ဒေသရဲ့ အမိန့်သစ်မှာ အပ်နှံမယ်ဆိုရင် စိတ်ချရရန် အာမခံချက်တွေလိုအပ်မှာ ဖြစ်တယ်။ အီရန်နိုင်ငံအတွက် သူ့ရဲ့ အဓိကပြိုင်ဘက် ယူနိုက်တက်စတိတ်ကတော့ ဒေသတွင်းမှာ အထွတ်အထိပ်အဖြစ် ကျန်ရှိနေသေးတယ်။ ၀ါရှင်တန်သာ မပါဝင်ရင်တော့ ပူးပေါင်းပါဝင်ဖို့ ဘာအကြောင်းပြချက်မှ မရှိနိုင်ဘူး။
အမေရိကန် ရဲ့ အပိုင်းကဏ္ဍအတွက်ကတော့ သာတူညီမျှတဲ့ အင်အားတွေသာ မက ဒေသတွင်းလုပ်ထုံးလုပ်နည်းတွေကို ဆီလျော်တဲ့ အစိုးရတွေ အတည်ပြုပေးဖို့ အတွက်ပါ ရှာဖွေဖော်ထုတ်သွားမှာဖြစ်တယ်။ နောက်ဆုံးမှာတော့ ပါရှန်းပင်လယ်ကွေ့ နိုင်ငံအားလုံး အခြား ပူးပေါင်းဆောင်ရွက်မှုသာမက ဒေသတွင်းမှာ ယူနိုက်တက်စတိတ်ကို ဆက်လက်ပြီး တည်ရှိနေဖို့ ထောက်ခံပေးရခြင်းရလဒ် အခြေအနေသစ်တွေဘဲဖြစ်တယ်။ ဒီမဟာဗျူဟာ ဟာ အမေရိကန် ရဲ့ ဥရောပမဟာမိတ်တွေရဲ့ အကျိုးစီးပွားသာမက တရုတ်နဲ့ ရုရှတို့အတွက် လဲ အထောက်အကူ ဖြစ်တယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့လိုအပ်တဲ့စွမ်းအင်အရင်းအမြစ်တွေ ကြောင့်အရှေ့ အလယ်ပိုင်းမှာ တည်ငြိမ်မှု လိုအပ်တယ်။
အီရန်ရဲ့ မြှင့်တက်နေတဲ့ အင်အားကို ဒေသတွင်းမှာ လုံခြုံရေးအစီအစဉ်အနေနဲ့ ကန့် သတ်ထိန်းချုပ်လိုက်ခြင်း ဟာ အီရတ်မှာ တည်ငြိမ်ရေးအတွက် အကောင်းဆုံးနည်းလမ်းဖြစ် ခြင်း၊ ယူနိုက်တက်စတိတ်ရဲ့ အာရပ်မဟာမိတ်တွေကို ဖျောင်းဖျနှစ်သိမ့်မှုဖြစ်ခြင်း၊ အာရပ်-အစ္စရေးငြိမ်းချမ်းရေး လုပ်ဆောင်မှုတွေကို ကူညီရာဖြစ်ခြင်း၊ နောက်ပြီး အီရန်ရဲ့ နူကလီးယား အစီအစဉ်တွေအပေါ် ညှိနိုင်းမှုအသစ်တွေကို ပေးခြင်းအားဖြင့် ဆွဲဆောင်ရာရောက်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီချည်းကပ်နည်းမှာ ယူနိုက်တက်စတိတ် အတွက် အရှေ့ အလယ်ပိုင်း မှာ သူနဲ့ ပတ်သက်တဲ့နိုင်ငံများကို အခွန်အခအနည်းဆုံး မဟာဗျူဟာနဲ့ ဆက်လက်ထိန်းထား နိုင်သောကြောင့်ဖြစ်တယ်။ ။

The Costs of Containing IranWashington's Misguided New Middle East PolicyVali Nasr and Ray TakeyhFrom Foreign Affairs, January/February 2008 မှ ဘာသာပြန်ပါတယ်။
1 comment :
ဘာသာပြန်ထားတာလား..
ကိုယ်ပိုင်ရေးထားတာလား..
စာရေးတာ မရှင်းဘူးဗျ။
ဒေါင်းပျို
Post a Comment