Summary
နှစ်ဟောင်းထဲက မပြောင်းလဲတဲ့ န.အ.ဖ လက်ကိုင်တုတ်များ ၏ ယုတ်မာပက်စက်မှု အချို့ 
တောင်ဥက္ကလာပ၊(၁၅)ရပ်ကွက်ရယကဥက္ကဌဝေလင်းထွန်း၊ ရာအိမ်မှူး ကျော်လွင်ပြည်ခိုင်ဖြိုးစည်းမှုးမမာမာအေးနဲ့ ၊စွမ်းအားရှင်၊မီးသတ်အဖွဲ့ တို့ဟာ
၁၈-၁၁-၀၇ ည ၈း၃၀ မှာကျောင်းသားများဖြစ်တဲ့ပြည့်ဖြိုးပိုင်(ဒုနှစ်သချာင်္၊ဝေး၊ဒဂုံ)၊ခင်ဇော်လွင်(ပနှစ်၊ဓါတု၊ဝေး၊ဒဂုံ)၊အောင်ဗိုလ်(တိနှစ်၊သချာင်္၊နေ့၊ဒဂုံ)တို့ကိုမီးသတ်ရဲဘော်နှစ် ဦးကှိုဆဲတယ်ဆိုပြီးရယကရုံးမှာခေါ်ရိုက်တယ်၊နောက်ဆုံးရပ်ကွက်ကလူတွေလိုက်လာမှ ၁၁း ၃၀ မှာပြန်လွတ်ပေးတယ်၊အိမ်ကိုလာဖမ်းတဲ့အခါမှာရဲတပ်ဖွဲ့
မှနယ်ထိန်းတပ်သားအောင်မျိုးအပါတပ်ကြပ်ကြီး၂ ဦးအခြားအရပ်ဝတ် ၁၀ ဦး လောက်ပါတယ်၊အရပ်ဝတ်တွေက၀ါးရင်းတုတ်တွေကိုင်ထားကြတယ်
နောက်ပြီးအဲဒီရယကဥက္ကဌဝေလင်းထွန်းနဲ့ကျော်လွင်ပါအားလုံး ၆ ယောက်ဟာတောင်ဥက္ကလာပ၊(၁၅)ရပ်ကွက်၊သုံး လမ်း အိမ်အမှတ် ၊က(၉၉)မှာနေတဲ့မနွေးနွေး၂၆ နှစ်ခန့််ကို၁၆-၁၂-၀၇ ညပိုင်းမှာရွေးပြီးဧည့်စာရင်းစစ်တယ် အဲဒီမှာအိမ်ရှင်၊မေးစရာရှိတယ်ဆိုပြီးရုံးခေါ်သွားပြီးတော့အဲဒီကောင်မလေးကိုရယကရုံးခေါ်ပြီးဝိုင်းမုဒိမ်းကျင့်လိုက်ကြတယ်
ရပ်ကွက်ကလူငယ်တွေကမကျေနပ်လို့တိုင်းမှူးနဲ့မယကဥက္ကဌကိုစာရေးပြီးတိုင်တယ်၊စာပဲမရောက်တာလား၊မယကဥက္ကဌလူမို့ခေါက်လိုက်တာလားမသိဘူး
ကောင်မလေးကိုလည်းတိုင်ရင်သတ်ပစ်မယ်လို့မာမာအေားနဲ့ဥက္ကဌကကြိမ်းထားပြီး ငွေနှစ်သောင်းပေးပြီးရှောင်ခိုင်းထားတယ်အခုတော့ အဲဒီအိမ်လေးမှာ မနွေးနွေးမရှိတော့ပါဘူး။
ဒီလိုနဲ့ပဲ ကျနော်တို့  ပြည်သူဟာ မြေခွေးဆိုးတွေ ဆွဲတာခံမယ့်သိုးအုပ်လား
သားပျိုသမီးပျို ညီအကိုမောင်နှမတွေကို မိသားစုထဲက ညညတွေမှာ တံခါးခေါက်ဆွဲခေါ်အချိန်မရွေးဖမ်းဆီးယုတ်မာ
ခြင်းတွေကို အံကြိတ်ခံနေကြရင်း လည်စင်းပေးကြမလား ဒါမှမဟုတ် ...............။
Rest of your post
Wednesday, 2 January 2008
Subscribe to:
Post Comments
(
Atom
)
2 comments :
တော်တော် ယုတ်မာရိုင်းစိုင်းတဲ့ ခွေးဝဲစားတွေ …
ကိုမိုးသီး
ကျွန်တော် ဆန္ဒပြုချင်တာကတော့ …
အဲ့ဒီ ခွေးဝဲစားတွေကို ရပ်ကွက်တိုင်း၊ ရပ်ကွက်တိုင်း စည်းလုံးညီညွတ် လျှို့ဝှက်စွာ ချောင်းမြောင်း ရိုက် သတ် ကြစမ်းပါ။ ဒါမှ အဲ့ဒီ ခွေးဝဲစားတွေ ရပ်ကွက်ထဲမှာ ထောင်ထောင်၊ ထောင်ထောင် မလုပ်ရဲတော့မှာ ဖြစ်သလို ခွေးဝဲစား အမျိုးယုတ် သာသနာဖျက် စစ်အာဏာရှင်တွေကိုလည်း ကိုယ်တတ်နိုင်ရာ အပိုင်းကနေ စတင် တွန်းလှန်ပြီးသားလည်း ဖြစ်တယ်။
ကျွန်တော်တို့ အနေနဲ့ ခွေးဝဲစား အမျိုးယုတ် သာသနာဖျက် စစ်အာဏာရှင် အောက်ဆွဲ ခွေးဝဲစား စစ်တပ်ကို ပြည်သူတွေ အနေနဲ့ တွန်းလှန်ဖို့ရာ အင်မတန် ခက်ခဲနိုင်ပါတယ်။
ဒါပေမယ့် သူတို့ရဲ့ နောက်လိုက် ခွေးဝဲစားတွေကို ပညာပြန်ပေးဖို့ကတော့ လူညီရင် ဖြစ်နိုင်ချေ ရှိပါတယ်။ အဲဒီ နောက်လိုက် ခွေးဝဲစားတွေကို တစ်ဖြည်းဖြည်းချင်း နှိမ်နင်းသွားနိုင်ရင် ရပ်ကွက်ထဲမှာ စွာကျယ်၊ စွာကျယ် မလုပ်နိုင်တော့သလို ခွေးဝဲစား စစ်အာဏာရှင်တွေရဲ့ အကိုင်းအခက်တွေကိုလည်း ချိုးဖျက်ပစ်ရာ ရောက်ပြီး သတင်း အချက်အလက်တွေ လွယ်လွယ် မရနိုင်တော့တဲ့ အတွက် ပြည်သူပြည်သားတွေမှာလည်း နှိပ်စက်ခံရမှု နည်းပါးသွားစေမယ်လို့ ယုံကြည်ပါတယ်။
အဲဒီ နောက်လိုက် ခွေးဝဲစားတွေ အားလုံးနီးပါးကို နှိမ်နင်းနိုင်ပြီ ဆိုရင် ပြည်သူကို ချစ်တဲ့ စောင့်ရှောက်ချင်စိတ်ရှိတဲ့ စစ်သားတွေ၊ စစ်တပ်တွေလည်း ပြည်သူနဲ့ ကောင်းကောင်း လက်တွဲလာနိုင်မယ် ထင်ပါတယ်။ ဒါမှမဟုတ် ဒီထက်ကောင်းတဲ့ အကြံအစီ၊ လုပ်ဆောင်ချက်တွေ ထွက်လာနိုင်ပါတယ်။
ကိုမိုးသီး အနေနဲ့ အဲဒီ နောက်လိုက် ခွေးဝဲစားတွေကို နှိမ်နင်းနိုင်မယ့် အခြားနည်းလမ်းကောင်းတွေ ရှိနိုင်မယ်လို့ ယုံကြည်ပါတယ်။ ၂၀၀၈ နှစ်ဦးကစပြီး လူတိုင်း လူတိုင်း တတ်နိုင်ရာက စပြီး ပြောက်ကြားစနစ်နဲ့ စတင် လုပ်ဆောင်ကြဖို့ မြန်မာပြည်တွင်းရှိ ကျွန်တော်တို့ရဲ့ ညီအစ်ကို မောင်နှမတွေကို လမ်းညွှန် တိုက်တွန်း အားပေးစေချင်ပါတယ်။
လေးစားစွာဖြင့်
လွန်လွန်း
Ah Hmu Pwel Ser U Kyin Pein is Responsible for The gathering gangsters to suppress the Monks\' protest
Kyin Pein is the managing director of Shwe Latha Co Ltd, and syndicate director of Shwe Thazin Syndicate
Heis the vice president of Chinese communist party in Burma
U Kyin Pein at Loo Kyin Pain is Ah Hmu Pwel Ser, he brokers for criminal, civil cases and the political cases where he is called to suppress democracy party members. He is powerful in all courts and police stations nationwide. He can easily incriminate innocent people to be sentenced to jail terms and with the notorious criminals with his powerful influence he sets them free. He is not involved into politics.
That is why gathering gangsters to suppress the Monks\' protest was/is just an easy task for him. He has control of the Law of Burma and turns it up side down.
U Kyin Pein was born and grew up in China (Lu That and Bane Wayang Pyay), from China he escaped to Burma in the 1950s together with his colleague criminal gangsters. They were warranted and wanted for murder and opium trafficking by the Chinese police. His name was not Kyin Pain in China.
Post a Comment