တိုက်တွန်းနှိုးဆော်ချက်…
သံဃာသတ်တဲ့စစ်အစိုးရ စီးပွားရေးသပိတ်ဝိုင်းမှောက်ကြ
စာအမှတ်- ၂/ ၂၀၀၈( S C M M ) ရက်စွဲ- ၁၈/ ၂/ ၂၀၀၈
ရဟန်းရှင်လူကျောင်းသားပြည်အပေါင်းတို့. . .
စစ်အာဏာရှင်စနစ်အောက်မှာပြည်သူလူထုကြီးဟာတနေ့တခြားနင်းပြားဖြစ်ပြီး ဆင်းရဲတွင်း နက် သည်ထက်နက်လာနေပြီ။ဒါပေမယ့် လက်တဆုပ်စာ စစ်ဗိုလ်ချုပ်ကြီးတွေ ရဲ့မိသားစုနဲ့ ဆွေမျိုး အပေါင်းပါ တွေကတော့ သားစဉ်မြေးဆက် ထားစရာနေရာ မရှိလောက်အောင် ကိုချမ်းသာ ပြီးရင်း ချမ်း သာ နေကြတယ်။ ဈေးကွက်စီးပွားရေးစနစ်ကိုကျင့်သုံးနေပါတယ်လို့ တကြော်ကြော် အော်ဟစ်နေပေမယ့် တကယ် တမ်းမှာတော့ တိုင်းပြည်ရဲ့စီးပွားရေးကိုသူတို့တအုပ်စုကဘဲလက်ဝါးကြီး အုပ်ချယ်လှယ် အမြတ် ထုတ် နေကြတယ်။
ခေါင်းရွက်ဗျက်ထိုး ဈေးသည်တွေ ကစလို့ အလတ်စား နဲ့ အသေးစား လုပ်ငန်းရှင်တွေ၊ စက်ရုံအလုပ်ရုံဌာန ပေါင်းစုံ၊ ကျန်ဝန် ထမ်းပေါင်းစုံ ခမျာမှာတော့ ကောင်းရောင်းကောင်းဝယ် လုပ်စားလို့ မရလောက်အောင် ကို ဒဏ်ကြေးတွေ၊ အဓမ္မအလှုငွေ ကောက်ခံခြင်းတွေ၊ ကြီးလေးသော အခွန်အကောက်တွေ နဲ့ အနှောက်အယှက်အမျိုးမျိုးပေးခံနေရတယ်။ တိုင်းပြည်ရဲ့ အချက်အခြာကြတဲ့ စီးပွားရေး လုပ်ငန်းကြီးတွေ၊ အကွက် အကွင်းကောင်းတဲ့ ရေမြေတောတောင် သယံဇာတအားလုံးရဲ့ကန်ထရိုက်တွေ၊ ပါမစ်တွေ၊ လိုင်စင် တွေစတဲ့ လုပ်ပိုင်ခွင့်တွေအားလုံးကို စစ်ဗိုလ်ချုပ်ကြီးတွေက စကားလေးတစ်ခွန်း၊ လက်မှတ် လေးတချက်ထိုးရုံ နဲ့ အငန်းမရ၀ါးမျိုနိုင်ပြီးစားပိုးနင့်နေချိန်မှာ ငါတို့ ပြည်သူလူထုက မနက်စာနဲ့ ညစာ အနိုင်နိုင် စားရဖို့ နဖူးက ချွေးမြေမကျတဲ့အထိမိုးလင်းမိုးချုပ် ကျွဲလိုနွားလိုရုန်းနေကြရတယ်။ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး ကိစ္စတွေမှာလည်း ငါတို့ပြည်သူတွေ ခေါင်းမီးတောက်ရတယ်။ ချို့ချို့တဲ့တဲ့၊ အောက်ကျနောက်ကျခံရတယ်။
လူထုဆီက မဟားတရား ကောက်ခံထားတဲ့ အခွန်ငွေတွေ၊ တိုင်းပြည်ရဲ့ သယံဇာတနဲ့ သားငါးသီးနှံ ရောင်းရငွေ တွေ ကိုလူထုဘ၀မြှင့်တင်ရေးတွေမှာ မသုံးဘဲ သူတို့ အာဏာ တည်မြဲရေးအတွက် လူထုကိုဖိနှိပ်ဘို့၊ သတ် ဖြတ်ဖို့ စစ်ယန္တရား တိုးချဲ့တဲ့ဘက်မှာသုံးတယ်။ လူမြင်ကောင်းရုံ ကျောင်းတွေ၊ ဆေးရုံတွေ၊ ဆည်တွေ၊ လမ်းတံ တား တွေ ဆောက်ပြတယ်။ တကယ်တမ်းမှာ ထိထိ ရောက်ရောက် ဘာသုံးကြလို့လဲ။ ပြည်သူတွေ ကိုယ့် စားရိတ်ကိုယ်ခံနေရတာဘဲ မဟုတ်လား။ နောက်ဆုံးတော့ တိုင်းပြည်ရဲ့ ချို့တဲ့မှုကို မျောက်လိုပြစားပြီး နိုင်ငံ တကာ က ရလာတဲ့လူသားချင်းစာနာမှုအကူအညီတွေကိုအာဏာပိုင်အဆင့်ဆင့်ဖြတ်စား၊ လာဘ်စားလုပ်နေတယ်။အရိုးအရင်းလောက်ကျန်တာဘဲ အောက်ခြေလူထုဆီ ရောက်တယ်။ တိုင်းပြည်ရဲ့ ဆင်းရဲကျပ်တည်းမှု အကြောင်းပြောရင် နိုင်ငံတကာ စီးပွားရေးပိတ်ဆို့မှု တွေကိုချည်း လက်ညှိုးထိုးလွှဲချတယ်။ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု တွေလုပ်ရင်အကူအညီတွေ ပေးမယ်လို့ နိုင်ငံတကာက တဖွဖွ ပြောနေ လဲလူထုငတ်ရင်ငတ်ပါစေ ဆိုပြီး အပြောင်းအလဲလုပ်ဖို့ ခေါင်းမာမာနဲ့ ငြင်းဆန်တယ်။ အရာရာကိုသူတို့ချည်း ချုပ်ကိုင်ထားချင်တယ်။ အဲဒီ့လို အခြေအနေမျိုးမှာ နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုတွေ၊ အထောက်အပံ့တွေ ဆိုတာ ဗိုလ်ချုပ်ကြီးတွေရဲ့ ဘဏ်စာရင်းမှာ ကိန်းဂဏန်းတွေသာတိုးသွားမယ်။ ပြည်သူကဒုံရင်းကဒုံရင်းဘဲဖြစ်နေလိမ့်မယ်။ အာဏာအရှိန်အ၀ါမဲ့တဲ့အရပ်သားတွေအပေါ်မှာ နိုင့်ထက်စီး နင်း လုပ်တာတွေ၊ မတရားဗိုလ်ကျတာတွေဟာ ဗဟိုကနေရပ်ကွက် ကျေးရွာအာဏာပိုင်တွေအထိ ထုံးတမ်းစဉ်လာလိုဖြစ် နေ တယ်။ ငါတို့ကိုအကြောက်တရားနဲ့ဖိနင်းထားပြီးပုဒ်ထီး၊ ပုဒ်မအမျိုးမျိုးနဲ့ လွတ်လပ်ခွင့်ကို ထိပ် တုံးခတ် ထားတယ်။ ငါတို့ ဒီအတိုင်းငြိမ်ခံနေလို့ကတော့ ငါတို့ရဲ့ သားစဉ်မြေးဆက် ကို စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ သားစဉ် မြေးဆက်က ကျွန်ပြုအုပ်စိုးလိမ့်မယ်။ ငါတို့ကလေးတွေရဲ့ အနာဂတ်ကို ငါတို့မဖြစ်မနေ ထည့်တွက်ရတော့မယ်။ ဒါကြောင့် ငါတို့ တုန့်ပြန်ကြမယ်။ မတရားမှုကို တရားသော နည်းလမ်းနဲ့၊ အကြမ်းဖက် နှိပ်ကွပ်မှု ကို အကြမ်းမဖက် ငြိမ်းချမ်းသော နည်းလမ်းနဲ့ တုန့်ပြန်ကြမယ်။ လူသတ် လက်နက်ကိုလူထုအားနဲ့ ခုခံကြမယ်။
အခုငါတို့န.အ.ဖစစ်ဗိုလ်ချုပ်တွေကိုစီးပွားရေးသပိတ်မှောက်မယ်…..
ဒါဟာ. . . . .
(၁) ဆုံးရှုံးသွားတဲ့၊ လုယူခံလိုက်ရတဲ့ ငါတို့ရဲ့စီးပွားဥစ္စာကို ငါတို့ကိုယ်တိုင် တရားနည်းလမ်း တကျ ပြန်လည်ရ ယူခြင်း ဖြစ်တယ်။
(၂). ငါတို့အခွင့်အရေးနှင့် ရပိုင်ခွင့်ကို ခုခံကာကွယ်ခြင်းလဲဖြစ်တယ်။
(၃). မတရား ဗိုလ်ကျတာကို လည်စင်းမခံဘဲ ငြိမ်းချမ်းစွာ စည်းကမ်းတကျ တုန့်ပြန်ခြင်းလဲဖြစ်တယ်။
(၄). ပြည်သူလူထုရဲ့ အသံတိတ်ဆန္ဒပြပွဲကြီး လဲဖြစ်တယ်။
(၅)သံဃာတော်တွေ၊ သီလရှင်တွေ၊ ကျောင်းသားတွေနဲ့ ငါတို့အရပ်သားတွေ၊ တိုင်းရင်းသား ညီအကိုတွေကို သတ်ဖြတ်၊ဖမ်းဆီး၊နှိပ်စက်နေတာကို ဟန့်တားခြင်း လဲဖြစ်တယ်။
အားလုံးပါဝင်ဖို့လိုတယ်…..
ဒီနေ့ ကာလမှာ လူဖြစ်နေတဲ့၊ လူဖြစ်လျှက် နဲ့ လူ့ အခွင့်အရေး ဆုံးရှုံးနေတဲ့ လူတွေ အားလုံးရဲ့ သမိုင်းပေး တာဝန်ဖြစ်တယ်။ ငါတို့တတွေရဲ့ ပစ္စုပန်လူမှုဘ၀လုံခြုံဖို့နဲ့တို့ကလေးတွေရဲ့အနာဂတ်ဘ၀ ရှင်သန်နိုင်ဖို့ အမျိုး သား ရေး လှုပ်ရှားမှုလဲဖြစ်တယ်။န.အ.ဖ စစ်အစိုးရအနေနဲ့ တိုင်းပြည်ရဲ့ပြဿနာတွေ၊ လူထုရဲ့ အကျပ်အတည်း တွေ ကို ပြေလည်စေဘို့လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်တိုင်းရင်းသား ခေါင်း ဆောင်တွေ နဲ့ညှိနှိုင်းဆွေးနွေးအဖြေရှာရမှာဖြစ်တယ်။ဒီနည်းကသာ တိုင်းပြည်ကိုငြိမ်းချမ်းစေမယ်။ ဖွံ့ဖြိုး တိုးတက် စေနိုင်မယ်။
ငါတို့ရဲ့စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး အကျပ်အတည်းတွေ ကို ဖြေရှင်းပေးနိုင်တဲ့ တိုင်းပြည်ကို တိုး တက် ပြောင်းလဲစေနိုင်မယ့် စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲကို မစမခြင်း ငါတို့ရဲ့စီးပွားရေးသပိတ်ကို ဆက် လက် ကိုင်စွဲထားမယ်။
ငါတို့ မျှော်လင့်တဲ့ ရလာဒ် အတွက် ငါတို့လက်တွေကိုခိုင်ခိုင် မြဲမြဲတွဲပြီး ခြေလှမ်းတွေကို ရဲရဲရင့်ရင့် ရှေ့သို့ ပြိုင် တူ လှမ်းကြမယ်။
လူထုလှုပ်ရှားမှုကြီးကြပ်ရေးကော်မတီ
၁. မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုကြီး
၂. တိုင်းရင်းသားလူငယ်များပူးပေါင်းဆောင်ရွက်ရေးအဖွဲ့
၃. ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
၎. ၈၈မျိုးဆက်ကျောင်းသားများ
၅. ငြိမ်းချမ်းရေးလိုလားသောမွတ်စလင်များအစည်းအရုံး
၆. မျိုးဆက်သစ်လူငယ်များအစည်းအရုံး( Generation Wave )
၇. ရှေ့နေများသမဂ္ဂ
၈. ကဗျာဆရာများသမဂ္ဂ
၉. မျိုးဆက်သစ်သတင်းစာဆရာများသမဂ္ဂ
၁၀. လူထုလှုပ်ရှားမှုဖော်ဆောင်ရေးကော်မတီ( မန္တလေး)
၁၁. ရန်ကုန်တိုင်းလူထုလှုပ်ရှားမှုကော်မတီ
၁၂. စာပေနှင့်အနုပညာရှင်များအဖွဲ့__
No comments :
Post a Comment