လွန်ခဲ့တဲ့ နစ်နာရီက စီအန်အန် သတင်းအရ ဆာဗီးယားနိင်ငံက ကော်ဆိုဗိုလ် ခွဲထွက်ပြီး လွတ်လပ်ရေး ကြေ ညာတာကို အမေရိကန်နဲ့ ဥရောပသမဂ္ဂ က တနလာင်္နေ့ က အလျင်အမြန် ထောက်ခံလိုက်ပါတယ်။ ရုရှားနဲ့ တရုပ်တို့ က တော့ ဆားဗီးယားကခွဲထွက်တာကိုကန့် ကွက်ပါတယ်။ ရုရှားက ချေချင်းနားပြည်နယ် က ခွဲ ထွက်ရေး လှုပ်ရှားမှုတွေရှိနေသလို တရုပ်ပြည်မှာလည်း တိဗက်နဲ့  ရှန်ကျန် ပြည်နယ်က ခွဲထွက်လို့ ကြပါတယ်။ တိဗက်ရော ရှင်ကျန်ပြည်နယ်က တရုပ်လူမျိုးတွေမဟုတ်ကြပါဘူး ။
တိဗက်က - တိဗက်နယ်သားတွေ မြန်မာတွေနဲ့ တူတယ်၊ ရှင်ကျန်နယ်သားတွေက အာရပ်တွေနဲ့ ပို တူပါတယ်။ ဒီပြည်နယ်တွေက တရုပ်မှာဖွင့်ဖြိုးမှုအနည်းဆုံးနဲ့  တရုပ်လူမျိုးတွေက သူတို့ နယ်ကိုကျူးကျော်ထားတယ်လို့ သမိုင်းအရခံစားလာကြတဲ့သူတွေပါ။ ကုလသမဂလုံခြုံရေးကောင်းစီမှာ အရေးပေါ်အစည်းဝေးထိုင်ပြီ ကော်ဆိုဗိုလ် ခွဲထွက်တဲ့ကိစ္စကို ဆွေးနွေးခဲ့ကြတဲ့နေရာမှာ အမြင်မတူမှုတွေရှိလာတယ်။ ဆာဗ်တွေက ကော် ဆိုဗိုလ်ခွဲထွက်တာကိုဒေါသထွက်ကြတယ်။ အမေရိကန် နဲ့  ရုရှားကို ကော်ဆိုဗိုလ်ခွဲမထွက်ဖို့ ကူညီဖြေရှင်းပေးဖို့ တောင်းဆိုခဲ့တယ်။ ကော်ဆိုဗိုလ်ဟာ သူတို့ ရဲ့  ယဉ်ကျေးမှု စတင် ထွန်းကား လာတဲ့ဒေသတခုလို့ ခံ ယူကြတယ်။ ဆန္ဒပြသမားတွေက အမေရိကန်က ထောက်ခံမှုနဲ့ ပတ်သက်ပြီး ကန်ကွက်ဆန္ဒပြကြတယ်။ အမေရိကန်သမတဂျော်ဘုရှ် က ကော်ဆိုဗိုလ်ဟာ လွတ်လပ်တဲ့ နိင်ငံဖြစ်လာပြီ လို့ဆိုခဲ့ပါတယ်။ ဆာဗဒ် ကတော့ စစ်ရေးအရ အရေးယူဖို့ ပြင်ဆင်လာမယ့်အနေထားရှိတယ်။ ဒါဆိုရင် ဒေသဆိုင်ရာ ပြသာနာ တခု အဖြစ် ပေါ်ထွက်လာနိင်ပါတယ်။ ကော်ဆိုဗိုလ် နိင်ငံသစ် အနေနဲ့  အမေရိကန်ကရဲ့ အသိမှတ် ပြုရုံတင်မကဘူး စစ်ရေးအရ ကူညီစောင့်ရှောက်မှုကို ပါလို ကောင်းလိုလာမဲ့ အနေထားကို ရောက်လာနိင် ပါတယ်။

No comments :
Post a Comment