ဖေဖေါ်ဝါရီ ၁၉
လွန်ခဲ့တဲ့ အပတ်က ဂန်ဘာရီက တရုပ်ကိုသွားတဲ့အကြောင်းကျနော်တို့ ဘလောက်မှာတင်ပြခဲ့တယ်။ သူသွားနိင်ဖို့ အတွက် ကုလသမဂအတွင်းရေးမှုး ဘန်ကီမွန်းက တရုပ်နိင်ငံခြားရေးဝန်ကြီး ကို တယ်လီဖုန်းနဲ့  လှမ်းပြီး ကုလသမဂ က မြန်မာ့အရေးကိုင်တွယ်ဆောင်ရွက်နေတာ တွေကို ဆွေးနွေးပြခဲ့တယ်။ ဂန်ဘာရီရောက်တဲ့အခါမှာတော့ ဂန်ဘာရီက မြန်မာအရေးကတိုးတက်မှုမရှိပဲ ဆုတ်ယုတ်နေတာကို တွေကိုရှင်းပြခဲ့တယ်။ ဒါပေမဲ့ တရုပ် ဒုတိယ နိင်ငံခြားရေးဝန်ကြီး ၀မ်ယီကတော့ မြန်မာ့ အရေးဟာ တိုးတက်မှုရှိနေတယ်၊ မြန်မာ ပြည်ကို စီးပွားရေးပိတ်စို့ တာကိုဆန်ကျင့်တယ်လို့ ဆိုတယ်။

No comments :
Post a Comment