ရုရားတို့ က ဒီလိုတုန့်ပြန် သိုင်းဝိုင်းနိုင်ရန် စတင်ကြိုးစားလိုက်သည်။ ကမ္ဘာ့အခင်းအကျင်းကို ဘယ်လောက် ဂယက် ရိုက်လာနိုင်မည်နည်း.......။
ရုရှား က Kosovo ၏ လွတ်လပ်ရေးကြေငြာချက် ကို ငြင်းပယ်ရှုတ်ချလိုက်သည် ။ ထို့အပြင် ထိုကြေငြာချက် သည် Balkans နယ်ပယ်တွင် ပဋိပက္ခ များ ဖြစ်ပေါ်လာနိုင်စေသည်ဟု အကြောင်းပြပြီး ၊ NATO နှင့် ယူအန် အဖွဲ့ အစည်း ကို ထို ကြေငြာချက် အား အသိအမှတ်မပြုရန် ရုရှားမှ တောင်းဆိုလိုက်သည် ။ တချိန်က အမေရိကားနှင့် တခြားအနောက်နိုင်ငံများမှ စတင်ပြီး ရလဒ် ထွေထွေထူးထူး မရှိခဲ့သော Kosovo ၏ နိုင်ငံရေး အနေအထား နှင့် ပတ်သက်သော ဆွေးနွေးပွဲများကို ပြန်လည်ပြုလုပ်ဖို့ ရုရှားက ဗီတိုပါဝါ ကို အသုံးချပြီး U.N. Security Council ကို အဆိုတင်သွင်းသည် ။
No comments :
Post a Comment