ပျဉ်းမနား တွင်မည်သူ နန်းတက်မည်နည်း
ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့  ပျဉ်မနား က စစ်တပ်အသိုင်းဝိုင်းကလာတဲ့သတင်းတွေအရ
သန်းရွေဟာ အသည်းသန်းဖြစ်နေတယ် ၊
သေမလိုဖြစ်နေတယ်လို့သတင်းများပေါ်ထွက်နေပါတယ်။ဒီလိုမျိုးသတင်းတွေအရင်ကလည်းမကြာခဏပေါ်ထွက်လေ့ရှိပါတယ်။သန်းရွေသေတဲ့ဆိုတဲ့သတင်းလူထုထဲမှာမကြာခဏထွက်ပေါ်နေတာကို ကြည့် ခြင်းအားဖြင့် လူထုရဲ့ စိတ်ထဲမှာ သန်းရွေ ကို လုံးဝလက်မခံနိင်ဘူး ဖြစ်နေတာကို ပြသတဲ့ နိင်ငံရေးအံတုမှုတခုလို့ လည်းယူဆနိင်စရာရှိပါတယ်။
သန်းရွေဟာ အသက် ၈၀ ရှိပါပြီ။ ဒီနေ့ သန်းရွေအဆိုးရိမ်ဆုံးရန်သူက ကရင်လည်းမဟုတ်၊ သံဃာနဲ့  ကျောင်းသားလည်းမဟုတ် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်လည်းမဟုတ်ပါဘူး။ သံလွင်မြစ်ကမ်းပါးကိုရေးတိုက်စားနေသလို့ အလျင်အမြန် ယိုယွင်းနေတဲ့ သူရဲ့ ကျမ္မာရေးဖြစ်ပါတယ်။ ဇာတိဗျာပါတ၊မရဏ သဘောတွေဖြစ်ပါတယ်။ မေလ မှာ ဆန္ဒခံယူပွဲကျင်းပလာရတဲ့ အကြောင်းတွေကလည်း ဒီအချက်တွေပေါ်မှာ အများကြီးမူတည်နေပါတယ်။ ဒီနေ့ အားလုံးစိတ်ဝင်စားနေတာကတော့

• သန်းရွေလွန် ခေတ်မှာ မြန်မာ တပ်မတော်ကို ဘယ်သူကဦးဆောင်မှာဘယ်သူလည်းဆိုတာပဲဖြစ်တယ်။
• ဒီလူက သန်းရွေဗျာဒိတ်ပေးထားတဲ့ မြင့်ရွေ၊ တင်ငွေ၊ တင်အောင်မြင့် ဦးတို့ လား
• မောင်အေးလား ၊ ရွေမန်းအုပ်စုကလား၊ တခြားတိုင်းမှုးတွေထဲကလားဆိုတာ စစ်တပ်အသိုင်းမှာ ကျိတ်ဝိုင်းဆွေးနွေးတွေ ဖြစ်နေတာကတော့ ငြင်းလို့ မရတဲ့ အချက်ဖြစ်နေပါပြီ။
• နောက်တချက်ကတော့ အနောက်နိင်ငံ တွေကြားနဲ့  မီဒီယာတွေကြားမှာ သီပေါမင်းလို နာမည်ပျက်နေတဲ့  မြန်မာ စစ်တပ်ရဲ့ ပုံရိပ် - Damage Image - ကို ဘယ်လို ပြန်လည်အဖတ်ဆယ်မလည်း ဆိုတာပါပဲ။

1 comment :
Than Shwe was seen walking smiling and shaking hands in SPDC newspapers dated 02-12-08 for Union Day celebrations. How can you say that Than Shwe is ill Ko Moe Thee?
Post a Comment