Saturday, 16 February 2008

အဆိပ်တွေပါတဲ့ ထောက်လှမ်းရေး ဂြိုလ်တု ကမ္ဘာမြေပြင်ပေါ်သို့ ပြုတ်ကျလာနေခြင်း

စီအန်အန်
ဖေဖေါ်ဝါရီ - ၁၅
အမေရိကန်သမတ ဂျော့ ဘုရှ်က အာကာသထဲမှာ လွတ်တင်ထားတဲ့ U.S.A 193လို့အမည်ပေးထားတဲ့ဂြိုလ်တုကိုပစ်ချဖို့စစ်တပ်ကိုအမိန့်ပေးလိုက်ပါပြီ။ဒီဂြိုလ်တုကထောက်လှမ်းရေးလုပ်တဲ့ဂြိုလ်တုဖြစ်ပါတယ်။ ဂြိုလ်တုဟာ ထိမ်းသိမ်းလို့ မရတော့ပဲ ကမ္ဘာကို ပြန်လည်ပြုတ်ကျလာနေလို့ ဖြစ်ပါတယ်။ ဂြိုလ်တုရဲ့ အရွယ်ကတော့ ဘစ်ကားတစီးခန့် ရှိတယ်။ ဒီလို ပစ်ချရတဲ့အကြောင်းကတော့ ဂြိုလ်တုထဲမှာ အသုံးပြုတဲ့ ဟိုက်ဒါဇင်း- Hydrazineလောင်စာဟာ အလွန်ကို အဆိပ်အတောက်ပြင်းလွန်းလို့ ဖြစ်တယ်လို့ သိရပါတယ်။ လောင်စာကန်ထဲမှာ ဟိုက်ဒါဇင်း အဆိပ်ဟာ ပေါင် တထောင်လောက်ခန့် ပါဝင်နေလို့ ဖြစ်ပါတယ်။ လူဦးရေထူထပ်တဲ့ ဒေသတွေအပေါ်ကို ကျလာရင်လူတွေ သေကြေပျက်ဆီးကုန်နိင်ပါတယ်။ပစိဖိတ်ပင်လယ်မှာ အီဂျစ်နိင်ငံအနီး အခြေစိုက်နေတဲ့အမေရိကန် စစ်သဘောင်္ပေါ်ကနေ ဒုံးပျံနဲ့  နောက်အပတ်မှာ ပစ်ချမှာဖြစ်ပါတယ်။ တကယ်လို့  ပထမ ဒုံးကလွဲသွားရင် နောက်တလုံးနဲ့  ဆက်လက်ပစ်ချဖို့စီစဉ်ထားပါတယ်။ ဂြိုလ်တုက ကမ္ဘာမြေပြင်မှာ မိုင် ၁၅၀ ကွာမှာရှိနေပါတယ်။ဒုံးပျံနဲ့ ပစ်ချရေးအစီအစဉ်နဲ့ ပတ်သက်လို့  စစ်တပ်ကတော့အတော်ကို ယုံကြည်မှုရှိတယ်လို့ ဆိုတယ်။ ဒါပေမဲ့  အလုံးစုံယုံကြည်စိတ်ချတယ်လို့ တော့မပြောဘူး။ တကယ်လို့ ကမ္ဘာပေါ်ပြုတ်ကျလာ မယ် ဆိုရင်ရော။ ဘယ်နေရာကို ပြုတ်ကျ လာနိင်သလဲ ။ ပြုတ်ကျလာရင် ဘယ်လို ကာကွယ်ကြမလဲ။ စဉ်းစား ထားဖို့ လိုတယ် ။




2 comments :

မောင်ဒိုင်း said...

ကိုမိုးသီးရေ
သန်းရွှေရဲ့ အိမ်ပေါ်ပြုတ်ကျမှာ ခင်ဗျ။
ဒါမှ အေးမှာ…

မောင်ဒိုင်း

Anonymous said...

it will drop on NAY PYI DAW....