Wednesday, 13 February 2008

ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွတ်ဖို့ ဗြိတိန်က တောင်းဆို ပြီ

လန်ဒန်
ဖေဖေါ်ဝါရီ - ၁၃။
ဗြိတိန်အစိုးရက ဒေါ်အောင်ဆန်းစုကြည် ကိုအမြန်ဆုံးလွတ်ဖို့နဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အေဗရာဟန်
ဂန်ဘာရီကိုမြန်မာပြည်ကိုအမြန်ဆုံးသွားရောက်ဖို့ကိုလည်းတဆက်ထည်းမှာတောင်းဆိုလိုက်ပါတယ်။ အောင်ဆန်းစုကြည် ကိုအရင်းဆုံးလွတ်ပေးရမယ်၊ သူမရဲ့ပါတီခေါင်းဆောင်တွေ၊ လူမျိုးစု ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစေပြီး အခြေခံဥပဒေပေါ်ပေါက်ရေးနဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ သူတို့ပေါင်းဆောင်ရွက်စေသင့်တယ် လို့ နိင်ငံခြားရေး အတွင်းရေးမှုး ဒေးဗစ်မာလီဘန်ဒ်က အောင်စ်ဖိုဒ်တက္ကသိုလ်ဟောပြောပွဲ မှာခုလို ထုတ်ဖေါ် ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ ဒုတိယအချက်အနေနဲ့  ဂန်ဘာရီကို မြန်မာပြည်ကိုလာခွင့်ပြုဖို့ နဲ့ တွေ့ ဆုံဆွေး နွေးပွဲအတွက် ဆက်လက်လုပ်ကိုင်ဆောင်ရွက်မှုတွေကို ပြုလုပ် ဖို့  နအဖ အနေ နဲ့ ခွင်ပြုသင့်တဲ့အကြောင်းကို သူက ပြောပါတယ်။ သူက အန္ဒိယနိင်ငံသား နိုဘယ်ဆုရင် အမာတီယာဆင်နဲ့  အမေရိကန်-အန္ဒိယ အမျိုးသား ဖါရက်ဒ် ဇာကာဇီးယား တို့ ရဲ့ အယူဆဖြစ်တဲ့ ဒီမိုကရေစီဟာ ကမ္ဘာအရပ်ရပ်မှာ ရှင်သန်ကြီး ထွားဖို့ လိုနေတယ် ဆို တဲ့အချက် ကို ကိုးကားသွားပါတယ်။
အမာတီယာဆင်က ရောမခေတ် သမတနိင်ငံတော်စနစ် မပေါ်ပေါက်မီမှာ အိန္ဒိယနိင်ငံ မှာ ယဉ်ကျေးမှုပေါင်းစုံ တည်ရှိနေလင့်ကစား လူမှုရေးရာပြသာနာ တွေကို အတူတကွ ဖြေရှင်းခဲ့ကြတယ်ဆို တဲ့ အမာတီယာဆင်ရဲ ဆွေးနွေးထားချက်ကို သူက ကိုးကားသွားခဲ့ပါသေးတယ်။ ပါကစ္စတန်မှာတော့ လွတ်လပ်ပြီးတရားမျတတဲ့ ရွေးကောက်ပွဲတွေနဲ့  ဒီမိုရေစီကိုစတင်သင့်တဲ့အကြောင်းနဲ့  ဒါဟာ တကယ်ကို တည်မြဲ နေဖို့ လိုအပ် နေတယ်လို့ ထောက်ပြပါတယ်။

No comments :