Wednesday, 13 February 2008

လူပ်ရှားမှု တွေပြန်စ ကုန် ပြီ

ရန်ကုန်
ဖေဖေါ်ဝါရီ - ၁၃
ယနေ့ မနက်တွင် အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးကျေးဇူးရှင်ကြီး ဗိုလ်ချူပ်အောင်ဆန်း၏ (၉၃) နှစ် မြောက်မွေးနေ့ ကို ဂုဏ်ပြုသောအားဖြင့် မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave) နှင့် Freedom Fighter တို့ မှ ရန်ကုန်မြို့ ရှိ ဘုရားပုထိုးစေတီများတွင် ဖယောင်းတိုင်မီးများအား ထွန်းညှိခဲ့ကြ ပါသည်။

ဗိုလ်ချူပ်မွေးနေ့ အတွက် ဘုရားစေတီပုထိုးများတွင် ဆုတောင်းပွဲများပြုလုပ်ပြီး အာဏာရှင်ဆန့် ကျင်ရေး လှုပ်ရှားမှုများပြူလုပ်ခဲ့တယ်လို့ သိရတယ်။ ပြုလုပ်ခဲ့တဲ့နေရာများမှာ တောင်ဒဂုံမြို့ နယ်ရှိ ဖိုးလှကြီးဘုရား၊ ဗိုလ်တထောင်မြို့ နယ်ရှိ ဘုရားများ၊ ကျိုက္ကဆံဘုရား၊ ဆူးလေဘုရား၊ ရွှေတိဂုံဘုရားနှင့် မယ်လမုဘုရားတို့ တွင် ဖယောင်းတိုင် ဆီမီးများအား ထွန်းညှိခဲ့ကြပါသည်။ ထို့အပြင် ယနေ့မနက်ပိုင်း (၈) နာရီနှင့် (၁၀) နာရီအတွင်း ၌လည်း လှည်းတန်းဦးထွန်းလင်း ခြံလမ်းတွင် အတက်တန်း ကျောင်းသား အချို့ က ဗိုလ်ချုပ်ပုံ ပါသည့် လက် ကမ်း စာစောင်များကို ဝေငှကြောင်း သိရသည်။ ။

ထို့ အပြင် စစ်အာဏာရှင်စနစ်ကို ပြည်သူ့ အားနဲ့ ချေမှုန်းကြ -" မေလ ဆန္ဒခံယူပွဲ အလိုမရှိ "ဆိုသည့် လက်ကမ်း စာစောင် များ ပိုစတာများကို ပို့ စကဒ်များ ကိုလည်း ဝေငှခဲ့ကြပါတယ်။ မန္တလေးမှာ လည်း သံဃာ တော်တွေ လှုပ်ရှားမှုများကို ပြန်လည်စတင်လာကြပါတယ်။ ဘုရားကြီးမုဒ်ဝမှာ ဗိုလ်ချုပ်အောင်ဆန်းပုံ ဓါတ်ပုံများ မိန်ခွန်း များကိုလိုက်လံကပ်ကြပါတယ် ။ နဘေးမှ ရပ်ကြည့် နေတဲ့ ပြည်သူတွေက လည်း လက်ကမ်းစာဆောင်တွေကို တက်တက်ကြွကြွ တောင်းယူကြတယ်။ အေးကောင်းသကွ။ အားရပါးရပြောကြတယ်လို့ သိရတယ် ။

No comments :