ယခင်နေ့မှ အဆက်..........
တန်ဖိုးကြီးတာတွေကိုမှ အရသာခံချင်တဲ့ တေဇဟာ စီးပွားရေးမျက်စိလည်း အရမ်းလျင် တယ်လို့ဆိုကြပါတယ်။ ၎င်းအနေနဲ့ သူ ပထမဆုံး ရင်းနှီး မြှုပ်နှံခဲ့တဲ့ ကျွန်းသစ်လုပ်ငန်း စတင်လုပ်ကိုင်စဉ်ကတည်း က သူ့စီးပွားရေးလုပ်ငန်းတွေမှာ လုပ်ငန်းခွဲတွေအများကြီးခွဲထားခဲ့ပါတယ်။ သူ့ရဲ့ ပထမဆုံး ကုမ္ပဏီဖြစ်တဲ့ ထူးထရေးဒင်း ကုမ္ပဏီလီမိတက် နဲ့ သူ့ရဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေ၊ သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေဆီကရတဲ့ ငွေတွေဟာ အခုဆိုရင် တော်တော်များနေပါပြီ။ ဒါတင် မကသေးပါဘူး။ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ ဆီအုန်းထုတ်လုပ်ရေး လုပ်ငန်းတွေ၊ လက်နက်ရောင်းဝယ်ရေး နဲ့ လေကြောင်းကုမ္ပဏီ တွေအထိပါဘဲ။
အခုဆိုရင် တေဇ ဟာ တယ်လီဖုန်းဆက်သွယ်ရေးနဲ့ ဘဏ်လုပ်ငန်းတွေလုပ်ကိုင်ဖို့ လေလံဆွဲထားပါတယ်။ ထူး ထရေးဒင်း ကုမ္ပဏီဟာ ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်မှာ ၀င်ငွေ အမေရိကန်ဒေါ်လာ ၆၅.၁ သန်းရရှိခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံရဲ့ ပဉ္စမအကြီးဆုံး အိတ်စ်ပို့ကုမ္ပဏီဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဋ္ဌာန ရဲ့ ၀က်ဘ်ဆိုဒ်မှာတော့ ထူးကုမ္ပဏီဟာ ၂၀၀၆-၂၀၀၇ ခုနှစ်မှာ ထိပ်တန်း အင်ပို့-အိတ်စ်ပို့ ကုမ္ပဏီအခု ၂၀ အနက် နိုင်ငံခြားဝင်ငွေ ဒုတိယအများဆုံးလိုက်တဲ့ ကုမ္ပဏီအဖြစ် စာရင်းထဲမှာဖော်ပြထားပါတယ်။
ထူးကုမ္ပဏီဟာ နေပြည်တော်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေလုပ်ဖို့ စစ်အစိုးရနဲ့ စာချုပ်ချုပ်ဆိုထားတဲ့ အဓိက ကုမ္ပဏီကြီးနှစ်ခုထဲက တစ်ခုဖြစ်ပါတယ်။ ထူးကုမ္ပဏီရဲ့ နောက်ထပ် ဆောက်လုပ်ရေးစီမံကိန်းကတော့ အခန်း ၁၅၀ ရှိတဲ့ ပုဂံဟိုတယ်၊ ဘုရားကျောင်း၊ နိုင်ငံတကာ ကမ္ဘာလှည့်ခရီးသည်တွေကိုဆွဲဆောင်တဲ့ အဆောက်အဦးတွေ၊ စသည်တို့အနားမှာ တည်ဆောက်ထားတဲ့ မီတာ ၆၀ မြင့်တဲ့တာဝါ တည်ဆောက်ရေးပါပဲ။ အဲဒီတာဝါဟာ နိုင်ငံတကာအသိုင်းအ၀ိုင်နဲ့ ယူနက်စကို ရဲ့ အပြင်းအထန်ဝေဖန်မှုကိုခံရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီတာဝါ ကြောင့် အနီးနားပတ်ဝန်းကျင်မှာရှိတဲ့ လှပတဲ့ရှု့မျှော်ခင်းအလှတွေ ပျက်ဆီးကုန်လို့ပါဘဲ။
ထူးကုမ္ပဏီရဲ့ သစ်လုပ်ငန်းဟာလည်း မြန်မာ့သစ်တောတွေကို အကြီးအကျယ်ထိခိုက်ပျက်စီးတယ်ဆိုပြီး ဝေဖန်မှုတွေကို ခံနေရပါတယ်။ ကမ္ဘာ့ပတ်ဝန်းကျင်လေ့လာစောင့်ကြည့်ရေးအဖွဲ့ ရဲ့ ၂၀၀၂ ခုနှစ် အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံက ပတ်ဝန်းကျင်သစ်တောတွေ ပျက်စီးပြုန်းတီးရခြင်းဟာ ထူးကုမ္ပဏီရဲ့ သစ်တောတွေ ခုတ်လှဲခြင်းနဲ့ အများကြီး ပက်သက်နေတယ်လို့ ဖော်ပြထားပါတယ်။ ထို့အပြင် ထူးကုမ္ပဏီဟာ အခြားသစ်ထုပ်လုပ်ငန်း ငယ်လေးတွေကို လိုအပ်တဲ့ လုပ်ငန်းသုံးစက်ပစ္စည်းတွေကို ထောက်ပံ့ပေးပြီး၊ အဲဒီလုပ်ငန်းတွေဆီက ထွက်ရှိတဲ့ သစ်တွေကို ပြည်ပတင်ပို့ဖို့ ပြန်လည်ဝယ်ယူတယ်လို့ သိရပါတယ်။ ထူး ကုမ္ပဏီဟာ အစိုးရဆီက ကျွန်းသစ်အရိုင်း တုံးတွေကို ပြည်ပတင်ပို့ခွင့် လိုင်စင်ရရှိထားတဲ့ ကုမ္ပဏီတွေထဲက တစ်ခုဖြစ်ပါတယ်။
၂၀၀၆ ခုနှစ်ကတည်းက ထူး ထရေးဒင်း ကုမ္ပဏီဟာ ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းကို ပါဝင်လုပ်ကိုင်လာတာပါ။ ကျွန်းသစ်လုပ်ငန်းလိုပါဘဲ၊ ထူးကုမ္ပဏီက အခြားကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းငယ်လေးတွေကို လုပ်ငန်းသုံးစက်ပစ္စည်းတွေ ထောက်ပံပေးပြီး အဲဒီလုပ်ငန်းတွေကထွက်ရှိတဲ့ ကျောက်စိမ်းတွေကို ပြန်လည်ရရှိပါတယ်။ ကချင်သတင်းဋ္ဌာနရဲ့ ပြောပြချက်အရ တေဇ ဟာ အဲဒီလိုနည်းတွေနဲ့ ကချင်ဒေသမှာရှိတဲ့သူတွေကို ကူညီပါတယ်လို့ ဘန်းပြပြီး၊ အဲဒီဒေသမျာရှိတဲ့ မိသားစုတစ်စုလျှင် မြန်မာငွေ ကျပ် ၁၀ သိန်းလျော်ကြေးပေးပြီး သူတို့ရဲ့မြေနေရာမှာ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းလုပ်ကိုင်ပါတယ်။
မကြာသေးမီကမှ ထူး ကုမ္ပဏီဟာ လောင်စာဆီလုပ်ငန်းကို နအဖ ရဲ့ အကူအညီနဲ့ ပြည်ပတင်ပို့ခွင့် လိုင်စင်ကို ရရှိခဲ့ ပါတယ်။ အဲဒါကြောင့်၊ ပြီးခဲ့တဲ့နှစ် သြဂုတ်မှာ စစ်အစိုးရရဲ့ လောင်စာဆီဖြန့်ဝေမှုလျော့ချခဲ့ခြင်းကြောင့် လောင်စာဆီဈေးနှုန်းတွေမြင့်တက်လာခဲ့တာပါ။ အကျိုးဆက်ကတော့ ပြည်တွင်းမှာ ဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပြီး စစ်အစိုးရက ဆန္ဒပြသူတွေကို ရက်ရက်စက်စက် အကြမ်းဖက်နှိမ်နှင်းတဲ့အခြေအနေအထိ ဖြစ်သွားခဲ့ပါတယ်။
တေဇ ရဲ့ နောက်ထပ်အခွင့်အရေးတစ်ခုကတော့ မြန်မာပြည်မှာပထမဦးဆုံး ပုဂ္ဂလိကလေကြောင်းလိုင်းဖြစ်တဲ့ အဲယား ပုဂံ လေကြောင်းလိုင်းပါဘဲ။ ယခုအချိန်မှာ မန္တလေး လေကြောင်းလိုင်း နဲ့ ရန်ကုန်လေကြောင်းလိုင်း တို့ပြီးရင် အဲယားပုဂံ ဟာ မြန်မာပြည်မှာ တတိယအကြီးဆုံး လေကြောင်းလိုင်းပါ။ အစဦးပိုင်းမှာ အဲယားပုဂံက ပြည်တွင်းခရီးစဉ်တွေကိုပဲ စတင်ပျံသန်းခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် မှာ အပြည်ပြည်ဆိုင်ရာ လေကြောင်း လိုင်းအဖြစ် တို့ချဲ့ခဲ့ပါတယ်။ ပထမဦးဆုံးအဖြစ် ၂၀၀၇ မေလမှာ ရန်ကုန်-ဘန်ကောက်ခရီးစဉ်ကို စတင်ပျံသန်းခဲ့ပါ တယ်။ ထို့နောက် ၂၀၀၇ စက်တင်ဘာလမှာ စင်္ကာပူကို စတင်ပျံသန်းပါတယ်။ အဲဒီအချိန်ကတည်းက ပုဂံလေကြောင်းလိုင်းဟာ တရုတ်၊ ကမ္ဘောဒီးယား နဲ့ တောင်ကိုရီးယား နိုင်ငံတို့ကို လမ်းကြောင်းချဲ့ထွင်ဖို့ အစီအစဉ် ထည့်သွင်းပြီးသားပါ။ ပြီးတော့ အိုဆာကာ နဲ့ ချန်နိုင်း တို့သို့ တိုးချဲ့ ပျံသန်းရန်လည်း ကြေငြာပြီးပါပြီ။
တေဇ ရဲ့ စီးပွားရေးလုပ်ငန်းတော်တော်များများဟာ စင်္ကာပူမှာလည်း ရှိနေပါတယ်။ ထူး သစ်တောထွက် ပစ္စည်း ကုမ္ပဏီဟာ ပရိဘောဂ နဲ့ အခြားသစ်တောထွက်ပစ္စည်းတွေ ရောင်းပါတယ်။ ပါဗို ထရေးဒင်း ကုမ္ပဏီကတော့ ကျွန်းသစ်ဖြတ်စတွေ နဲ့ အထပ်သားနဲ့လုပ်တဲ့ ပစ္စည်းတွေကို လက္ကားဖြန့်ချီ ပါတယ်။ ပြီးတော့ တေဇ ရဲ့ စင်္ကာပူမှာ ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေထဲမှာ ပင်လယ်စာ (Seafood) လုပ်ငန်းလည်း ပါဝင်ပါသေးတယ်။ အဲဒီ လုပ်ငန်းရဲ့ နှစ်စဉ်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁၀ သန်းကနေ သန်း ၅၀ အထိရှိပါတယ်။ အခုအချိန်မှာ တရုတ်နိုင် ငံ Seafood ဈေးကွက်အတွက် တေဇ ဟာ ဖြန့်ဖြူးသူတွေကို ရှာဖွေနေပါတယ်။
မြန်မာပြည်တွင်းမှာဆိုရင် တေဇ ရဲ့ ကုမ္ပဏီတွေက လုပ်တဲ့ အခြားစီးပွားရေးလုပ်ငန်းတွေထဲမှာ ထူး ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်း (အဲဒီလုပ်ငန်းဟာ ပြည်တွင်းအကြီးစား ကုန်းလမ်းသယ်ယူပို့ဆောင်ရေးနဲ့ ရေကြောင်းသယ်ယူပို့ဆောင်ရေးတွေ ပါဝင်ပါတယ်) နဲ့ ရန်ကုန်မှာရှိတဲ့ အဆင့်မြင့် “မြန်မာရှောပင်းစင်တာ” တို့ ပါဝင်ပါတယ်။ အဲဒီရှောပင်းစင်တာဟာ စစ်တပ်အသိုင်းအ၀ိုင်းက ဗိုလ်မှူး၊ ဗိုလ်ချုပ်၊ ဗိုလ်ကတော်တွေအကြိုက် နိုင်ငံတကာက လာတဲ့ပစ္စည်းအစုံအလင်ကို ရောင်းချပေးနေပါတယ်။ တေဇ ဟာ ပြင်သစ်စီးပွားရေးလုပ်ငန်းရှင် တစ်ယောက် နဲ့ ပေါင်းပြီး “Le Moliere” ခေါ် ပြင်သစ် စားသောက်ဆိုင်ကို ၂၀၀၄ ခုနှစ်၊ အောက်တိုဘာလမှာ ဖွင့်ခဲ့ ပါတယ်။
ပြည်တွင်း ဂျာနယ်တစ်စောင်က ရမ်ဘိုဇာတ်ကား နဲ့ ပက်သက်ပြီးဝေဖန်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅
ရက်စက်တဲ့ အနဖ ရဲ့ သြဇာခံ စစ်သားတွေကို ရဲဝံ့ပြောင်မြောက်စွာ တိုက်ခိုက်လိုက်တဲ့ ရမ်ဘိုကားထဲက စတားလုံး ရဲ့ သရုပ်ဆောင်ချက်တွေကို ပြည်တွင်းက လူထုက ဂုဏ်ပြုချီးကျူးနေစဉ်မှာဘဲ၊ ပြည်တွင်း ဂျာနယ်တစ်စောင်က မင်းသားစတားလုံးဟာ သူ့ရဲ့ ယခုနောက်ဆုံးထွက်တဲ့ ရမ်ဘိုဇာတ်လမ်းထဲမှာ အရူးကြီးတစ်ယောက်လိုဘဲလို့ ပြီခဲ့တဲ့ အပတ်ထုတ် ဂျာနယ်ရဲ့ ဆောင်းပါးထဲမှာ ဖော်ပြထားပါတယ်။
ယခုထွက်ရှိတဲ့ ရမ်ဘိုကားသစ်မှာ မြန်မာနိုင်ငံကတောထဲမှာ တပ်စွဲထားတဲ့ နအဖ ရဲ့ စစ်ကြောင်းတစ်စုက ဖမ်းဆီးထားတဲ့ ခရိယာန် သာသနာပြု အဖွဲ့တစ်ဖွဲ့ကို သူရဲကောင်း ရမ်ဘိုက နအဖ စစ်သားတွေနဲ့ ပစ်ခတ်တိုက်ခိုက် ပြီး ခက်ခက်ခဲခဲ၊ စွန့်စွန့်စားစား ကယ်တင်ခဲ့ ရပုံကို ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။
အစိုးရက ရန်သူလို့သတ်မှတ်ထားတဲ့ ရမ်ဘို DVD အခွေတွေကို လက်ဆင့်ကမ်းပြီး တိတ်တဆိတ်ခိုးဝှက် ကြည့်နေကြရရှာတဲ့ ဗမာပြည်သူတွေကြားထဲမှာတော့ မင်းသားရမ်ဘိုဟာ ရဲဝံ့ပြောင်မြောက်တဲ့ သူရဲကောင်းတစ် ယောက်ပါ။ ရမ်ဘိုဇာတ်လမ်းမစ မီမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဆန္ဒပြသူတွေကို အနဖ စစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်တဲ့ပုံရိပ်တွေကိုပါ ထည့်သွင်းပြသထားပါတယ်။ အဲဒါတွေဟာ စစ်အစိုးရအတွက် သိက္ခာကျစရာ ဖြစ်တာကြောင့် အခုလို ရမ်ဘိုအခွေ ကြည့် သူတွေကို လိုက်ဖမ်းနေတာပါ။
“ကျနော်တို့မြန်မာပြည်မှာ ရမ်ဘိုလို လူမျိုးတွေအများကြီးလိုတယ်” လို့ အမည်မဖော်လိုသူ အသက် ၇၅ နှစ်အရွယ် အငြိမ်းစားစိုးရ၀န်ထမ်းတစ်ဦးက ပြောသွားပါတယ်။
ရမ်ဘိုရုပ်ရှင်ထဲက စကားတစ်ခွန်းဖြစ်တဲ့ “Live for nothing, die for something” ဆိုတဲ့ စကားစုလေးဟာ ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလအတွင်း စစ်အစိုးရ အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ အကြမ်းမဖက် ဆန္ဒပြပွဲတွေနောက်ပိုင်းမှာ ထိရောက်တဲ့ စကားလေးတစ်ခွန်းဖြစ်နေပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့အပတ်ထုတ် “The Voice” ဂျာနယ်က ဆောင်းပါးတစ်ပုဒ်ကတော့ “ရမ်ဘိုက သူ့ဗလကြီးနဲ့ စစ်ပွဲတစ်ပွဲမှာ အခုလို လူသတ်တာ တော်တော်ရယ်စရာကောင်းတယ်” လို့ ရေးသားထားပါတယ်။ ပြီးတော့ “စတားလုံးရဲ့ အပြုံး အရယ်မရှိ၊ ခက်ထန်တဲ့ပုံစံက အရူးတစ်ယောက်လိုဘဲ” လို့လည်းဝေဖန် ရေးသားထားပါတယ်။
အဲဒီဂျာနယ်ထဲက ဝေဖန်ရေးသားချက်တွေဟာ စင်္ကာပူက ဇန်န၀ါရီလ ၂၈ ရက်နေ့က ထုတ်ဝေတဲ့ The Straits Times သတင်းစာထဲက ရုပ်ရှင်ဝေဖန်တဲ့ သတင်းစာကော်လံတစ်ခုမှာ ရေးသားထားတာကို မှားမှားယွင်းယွင်းဘာ သာပြန်ထားတာဖြစ်ပါတယ်။ The Straits Times က ဝေဖန်ထားတာက ဗမာစစ်အစိုးရကိုပါ။ ရမ္ဘုိကို မဟုတ္ပါဘူး။ The Voice ဂ်ာနယ္ကေရးသားထားသလိုမ်ိဳးမဟုတ္ပါဘူး။
အခြားပုဂ္ဂလိက ဂျာနယ်တွေလိုဘဲ The Voice ဂျာနယ်ဟာလည်း စစ်အစိုးရကို ထောက်ခံတဲ့ ဆောင်းပါးတွေ၊ ထင်မြင်ချက်တွေကို ဖော်ပြဖို့ မကြာခဏ ဖိအားပေးခံရပါတယ်။
အပစ်အခတ်ဇာတ်လမ်းတွေကို မကြည့်ဘဲ အခြားဇာတ်လမ်းတွေကိုဘဲ ရွေးကြည့်ပါတယ်ဆိုတဲ့ ဗမာပြည်ရုပ်ရှင် ကြည့် ပရိသတ်တွေတောင် ရမ်ဘိုဇာတ်ကားကို အဖမ်းအဆီးများကြားက တစ်ယောက်နဲ့တစ်ယောက်၊ တစ်အိမ် နဲ့တစ်အိမ် လက်ဆင့်ကမ်းပြီး ကြည့်နေကြပါပြီ။
“ဘယ်သူမဆို တစ်ခဏတာလေးဘဲဖြစ်ဖြစ် စိတ်ပျော်ရွှင်ချမ်းမြေ့တဲ့ အချိန်လေးတော့ရှိချင်ကြတာဘဲ။ ရုပ်ရှင်ထဲမှာ ရမ်ဘို နဲ့အတူ အမေရိကန် ကြေးစားတိုက်ခိုက်ရေးသမားတွေက ဗမာစစ်တပ်ကို တစ်စစီဖြစ်သွား အောင် ဖြိုခွဲပစ်လိုက်တာကိုမြင်ရတော့ ကျနော်တို့ အရမ်းပျော်သွားတာပေါ့” လို့ အသက် ၂၂ နှစ်အရွယ် တက္ကသိုလ် ကျောင်းသားတစ်ဦးက ရမ်ဘိုဇာတ်ကားနဲ့ ပက်သက်ပြီး သူ့ရဲ့ ခံစားချက်ကို ပြောပြသွားပါတယ်။

No comments :
Post a Comment