CNN - Feb 19
အမေရိကန်နိုင်ငံဟာ ထိန်:ချုပ် ရာမဲ့ ဖြစ်နေသောသူ့၏ ထောက်လှမ်းရေးဂြိုလ်တု တစ်စင်းကို ကြာသပတေးနေ့ ၍ကမ္ဘာမြေသို့ မကျရောက်ခင်တွင် စတင် ပစ်ချပြီး ပင်လယ်ထဲသို့ ကျရောက်ပျက်ဆီးစေမှာ ဖြစ်ပါတယ်၊ စစ်ဖက်ဆိုင်ရာ သတင်းများအရ ပထမအကြိမ်ပစ်ချမှု လွဲချော်သွားပါက ဒုတိယအကြိမ် ထပ်မံပစ်ချဖို့ စီစဉ်ထာကြောင်းလဲ သိရှိရပါတယ်။ လတ်တလောတွင်မူ ပင်တာဂွန် အရာရှိများထံမှ အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။ အကြောင်းကြောင်းကြောင့် လမ်းကြောင်းပြောင်းသွားခြင်း မရှိပါက၊ အဆိုပါ ထိန်:ချုပ် ရာမဲ့ဖြစ်နေသော ထောက်လှမ်းရေး ဂြိုလ်တုသည် ကမ္ဘာလေထုထဲသို့ မတ်လ 6 ရက်နေ့တွင် ဝင်ရောက်လာမှာ ဖြစ်ပြီး ခန့်မှန်း၍ မရနိုင်သောနေရာ တစ်နေရာတွင် ကျရောက်ပျက်ဆီးကာ၊ သူ၏ လောင်စာထဲတွင် ပါဝင်သော အဆိပ်အတောက်များက ပတ်ဝန်းကျင်ကို အန္တာရာယ် ပြုနိင်ကြောင်း အမေရိကန် အစိုးရအရာရှိများက ယခင်အပတ်၌ သတိပေးကြေညာခဲ့ ပါသည်။
အဆိုပါ ဂြိုလ်တု ပေါက်ကွဲပျက်ဆီးရာမှ လွင့်ထွက်လာမည့် အပိုင်းအစများ အားလုံး သမုဒ္ဒရာထဲ ကျရောက်နိုင်မည့် နေရာအရောက်တွင် အမေရိကန် စစ်သင်္ဘော တစ်စီးပေါ်မှနေ၍ မြေပြင်မှ ဝင်ဟင်ပစ် ဒုံးကျည်ဖြင့် ပစ်ချ ဖျက်ဆီးပစ်မှာ ဖြစ်ပါသည်။ တနင်္ဂနွေနေ့ ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်၌ မူ အဆိုပါ အစီအစဉ်သည် အာကာသထဲ၌ လက်နက် အပြိုင်အဆိုင်တပ်ဆင်ရန် ကြိုးပမ်းသည့် လျှို့ဝှက် လက်နက်စမ်းသပ်မှု တစ်ခုသာလျှင် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့ပါသည်။ လျှို့ဝှက် လက်နက် စမ်းသပ်မှု တစ်ခု (သို့) 2007 January လတွင် တရုတ်ပြည်မှ မိုးလေဝသဂြိုလ်တုအား ပစ်ချခဲ့သည့်အပေါ် တုန့်ပြန်အင်အားပြခြင်းဖြစ်သည် ဆိုသည့် ဝေဖန်ချက်များအား ဝါရှင်တန်မှ ငြင်းဆိုခဲ့ကြောင်းလဲ သိရှိရပါသည်။
Forrest

No comments :
Post a Comment