ရန်ကုန် (အေအက်ဖ်ပ)ီ
ဖေဖေါ်ဝါရီ - ၁၉
နအဖ ရဲ့ အခြေခံဥပဒေအရ ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ကို ရွေးကောက်ပွဲမ၀င်နိင်အောင် တားမြစ်လိုက်ပါတယ်။ အခြေခံဥပဒေကိုသာအတည်ပြုပြဌာန်းလိုက်မယ်ဆိုရင် ရွေးကောက်ပွဲကို ၂၀၁၀ မှာ လုပ်မယ်လို့  နအဖက ပြင်ဆင်နေပါတယ်။ နိင်ငံခြားရေးဝန်ကြီး ညဏ်ဝင်းက စင်္ကပူနိင်ငံမှာ ပြုလုပ်တဲ့ဒေသဆိုင်ရာ အစည်းဝေးတခု မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲကိုဝင်လို့ ရမှာမဟုတ်ဘူး ဘာဖြစ်လို့ လည်းဆိုတော့ နိင်ငံခြားသားကိုယူထားလို့ ဖြစ်တယ်လို့ ဆိုပါတယ်။
အန်အဲလ်ဒီပြောရေးဆိုခွင့်ရှိသူ ဦးညဏ်ဝင်းက တော့ ရွေးကောက်ပွဲအတွက်အခြေခံဥပဒေတောင်မှမရှိသေးပဲနဲ့  စစ်အစိုးရက ရွေးကောက်ပွဲအကြောင်းကိုပြောတာ တရားမျှတမှုမရှိဘူးလို့ ဆိုပါတယ်။ လို့ ဆိုပါတယ်။ စင်္ကပူ နိင်ငံခြားရေးဝန်ကြီး ဂျော်ယို ကတော့ ဦးညဏ်ဝင်းပြောတာရှင်းပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ မိုက်ကယ်အဲရစ်နဲ့ ယူထားတယ်။ သူနဲ့ ရတဲ့သားနစ်ယောက်ရှိနေတယ်။ ကလေးတွေကလည်း မြန်မာနိင်ငံသားတွေမဟုတ်ဘူး။
ဒါကြောင့် မြန်မာလူမျိုးတယောက်က နိင်ငံခြားသားနဲ့ ယူထားတယ်ဆို၁၉၇၄ ခုနစ်အခြေခံဥပဒေတုံးကလိုပဲ ရွေးကောက်ပွဲဝင်ဖို့ အတွက် စည်းမျဉ်းတွေနဲ့  မကိုက်ညီ ဘူး လို့  ပြောပါတယ်။ ဒါကတော့ သူတို့ နိင်ငံ၊ သူတို့ သမိုင်း ကျနော်တို့ က ဘာလုပ်နိင်မှာလည်း။
Rest of your post

1 comment :
If this was in 1974 constitution, why did they led DASSK found the political party and let her participate?
Do they believe orrupted military leaders are better than someone who married to a foreigner?
Post a Comment