Saturday, 1 March 2008

ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး မြန်မာ့အရေးအတွက် တရုတ်ကိုတိုက်တွန်း

Reuters, BEJING
29 Feb
By Ben Blanchard
တရုတ်နိုင်ငံဟာ တည်ငြိမ်မှုမရှိတဲ့ နိုင်ငံတွေအရေးနဲ့ ပက်သက်ပြီး ဖိအားပေးဖို့ ကြောက်ရွံ့မနေသင့်ဘူးလို့ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး က သောကြာနေ့က ဆူဒန် နဲ့ မြန်မာနိုင်ငံအရေးနဲ့ ပက်သက်ပြီး တရုတ်အစိုးရကို တိုက်ရိုက်ပြောဆိုလိုက်ပါတယ်။ ဟောင်ကောင် နှင့် တရုတ် ကို အလည်အပတ်သွားခဲ့တဲ့ ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် မီလီဘန်း က ပြောဆို ရာမှာ “ဆူဒန် နဲ့ မြန်မာနိုင်ငံ အရေးကိစ္စနဲ့ပက်သက်ပြီး အခုအချိန်မှာ လူတိုင်းက စိတ်ဝင်စားနေကြပါတယ်။ အားလုံးက ကိုယ့်အိမ်နီးချင်းနိုင်ငံတွေမှာ ပြည်တွင်းမငြိမ်မသက်ဖြစ်မှာကို စိုးရိမ်မကင်းဖြစ်နေကြပါတယ်” လို့ သူကပြောခဲ့ပါတယ်။ “ပရိပက္ခတွေ နဲ့ မငြိမ်မသက်မှုတွေကို ဖြစ်စေတဲ့ ဆိုးရွားတဲ့ အုပ်ချုပ်မှုစနစ်ကို ပြုပြင်ဖို့ ကျနော် တို့အားလုံးက စိတ်ဝင်စားကြတယ်ဆိုတာ ကျနော်ယုံကြည်ပါတယ်” လို့ မီလီဘန်းက ပီကင်းတက္ကသိုလ်မှာ ကျောင်းသားတွေနဲ့တွေ့ဆုံတုန်းက ပြောသွားခဲ့ပါတယ်။



“တစ်ကမ္ဘာလုံရဲ့ တိုက်တွန်းလှုံ့ဆော်မှုနဲ့မရရင်တော့ ဖိအားပေးမှုဆိုတာရှိလာမှာဘဲ။ တခါတရံ နိုင်ငံတစ်နိုင်ငံဟာ ဒေသတွင်းမငြိမ်မသက်ဖြစ်လာရင်၊ ပြီးတော့ အဲဒီနိုင်ငံအနေနဲ့ ကိုယ့်နိုင်ငံရဲ့ ပြဿနာကို ကိုယ်တိုင်မဖြေရှင်းနိုင်ရင် သို့မဟုတ် ဖြေရှင်းလိုစိတ်မရှိရင် ဖြေရှင်းခွင့်ရှိတဲ့ နိုင်ငံတွေက ကြားဝင်ဖို့ပြင်ဆင်ရမှာဘဲ” လို့ ၎င်းကထပ်ပြီးပြောပါ တယ်။

“တရုတ်နိုင်ငံအနေနဲ့ အဲဒီလိုလုပ်မှသာ ဥရောပနိုင်ငံတွေ နဲ့ အခြားနိုင်ငံတွေရဲ့ တရုတ်အပေါ်ဆန့်ကျင်တဲ့ သဘောထားတွေကို ပြန်ပြီးပြောင်းလဲလို့ရမှာပါ။ တရုတ်နိုင်ငံဟာ သူ့ရဲ့ အကျိုးရလာဒ်ကိုလည်းကြည့်တယ်၊ အာဖရိက နိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုလျော့ချရေး အတွက် ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားထုတ်လုပ်မှုကို ဖိအားပေးလိုစိတ်ရှိတယ်လို့ ကမ္ဘာ့အ၀ှမ်းမှာရှိတဲ့ ပြည်သူတွေက တရုတ်နိုင်ငံအပေါ်အမြင်ရှိလာရင်၊ တရုတ်နိုင်ငံရဲ့ ကမ္ဘာ့စီးပွားရေးဈေးကွက်ဟာလည်း အလိုလိုလမ်းကြောင်းဖွင့်ပြီး သားဖြစ်သွားမှာပါ” လို့ မီလီဘန်းကပြောပါတယ်။

တရုတ်အစိုးရအနေနဲ့ ပြီးခဲ့တဲ့နှစ်က ဆန္ဒပြပွဲတွေမှာ အကြမ်းဖက်မှုတွေသုံးခဲ့တဲ့ ဗမာစစ်အစိုးရကိုလည်းလဲ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးအတွက် ကူညီနိုင်ပါတယ်လို့လည်းပြောပါတယ်။

“ဗမာနိုင်ငံဟာ ခင်ဗျားတို့ရဲ့ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံ ဖြစ်တယ်ဆိုတာ ခင်ဗျားတို့ကောင်းကောင်းသိကြပါတယ်” လို့၎င်းကပြောပါတယ်။ ဒါပေမယ့် တရုတ်အစိုးရကို ဗမာ့အရေးနဲ့ပက်သက်လို့ တိတိကျကျတောင်းဆိုမှုမျိုးတော့ မရှိပါဘူး။ “ဗြိတိန်နိုင်ငံရဲ့ ဗမာစစ်အစိုးရအပေါ်မှာရှိတဲ့ အမြင်ကိုပြောရရင်တော့ အာဏာရှင်စစ်အစိုးရဟာ ရက်စက်တယ်၊ ပြီးတော့ နိုဘယ်ဆုရှင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမယ်” လို့ရှင်းရှင်းလင်းလင်းပဲပြောသွားပါတယ်။

တရုတ်နိုင်ငံဟာဗမာနိုင်ငံရဲ့အဓိကကုန်သွယ်ဖက်နိုင်ငံလည်းဖြစ်၊ရင်နှီမြှုပ်နှံသူလဲဖြစ်ပါတယ်။အနည်းဆုံးဗမာအတိုက်အခံအုပ်စုတစ်စုကတော့ အခုနွေရာသီမှာ ကျင်းပမယ့် ဘေဂျင်း အိုလံပစ်ကို သပိတ်မှောက်ဖို့ တိုက်တွန်းပြီးပါပြီ။“ဒါပေမယ့် တရုတ်နိုင်ငံအနေနဲ့ အိုလံပစ်ပြိုင်ပွဲအတွက် အနုပညာဘက်ဆိုင်ရာအကြံပေးဖြစ်တဲ့ ရုပ်ရှင်ဒါရိုက်တာ စတီဗင် စပီးယဲလ်ဘာ့ဂ် ရဲ့ အိုလံပစ်ပွဲတော်ကနေ နှုတ်ထွက်သွားခြင်းအတွက် တရုတ်အနေနဲ့ အလွန်အမင်း စိုးရိမ်နေဖို့မလိုပါဘူး” လို့ မီလီဘန်းက ပြောပါတယ်။

“စတီဗင် စပီးယဲလ်ဘာ့ဂ် မရှိတော့လို့ အိုလံပစ်ပွဲတော်ကြီး ပျက်စီးသွားမလားလို့တော့မတွေးပါနဲ့။ သို့သော်လည်း အိုလံပစ်ပြိုင်ပွဲဟာ တရုတ်နိုင်ငံအပေါ် ကမ္ဘာက ဘယ်လောက်အတိုင်အတာအထိ စိတ်ဝင်စားမှုရှိလဲဆိုတာ သက်သေပြမှာပါ” လို့ဆိုပါတယ်။

“ဒါပေမယ့် တရုတ်အစိုးရနဲ့ပက်သက်လို့ လူတွေက သူတို့ရဲ့ ထင်မြင်ချက်တွေကို ပြောကြတဲ့အခါ၊ ဒါဟာ တရုတ်အစိုးရကို ပိတ်ဆို့ချင်တဲ့ ဆန္ဒကြောင့်မဟုတ်ဘူးဆိုတာကို အသိအမှတ်ပြုထားရမယ်။ အဲဒီလို ထင်မယ့် အစား လူတွေက တရုတ်အစိုးရရဲ့ စွမ်းအားကို အင်အားတစ်ခုဖြစ်စေချင်တယ် ဆိုတဲ့အသိမျိုးရှိရမယ်” လို့ မီလီဘန်းက တိုက်တွန်းပြောကြားခဲ့ပါတယ်။ စပီးယဲလ်ဘာ့ဂ် ဟာ ဖေဖေါ်ဝါရီလ အစောပိုင်းမှာ အိုလံပစ်ပွဲမှာ ပါဝင်ဖို့စီစဉ်ထားရာကနေ နှုတ်ထွက်လိုက်ပါတယ်။ အကြောင်းကတော့ တရုတ်နိုင်ငံဟာ ဆူဒန် နိုင်ငံ၊ ဒါဖာအနောက်ဖက်ဒေသရဲ့ငြိမ်းချမ်းရေးအတွက် ဖိအားပေးရာမှာ ပျက်ကွက်ခဲ့တဲ့အတွက်ကြောင့်ပါ။ တရုတ်နိုင်ငံဟာ ဆူဒန် နိုင်ငံဆီက အဓိက ရေနံဝယ်ယူပြီး၊ လက်နက်ပြန်လည်ရောင်းချတဲ့ နေရာမှာထိပ်ဆုံးက ပါဝင်ပါတယ်။ ထို့ပြင် ဆူဒန်နိုင်ငံ ဒါဖာဒေသသို့ ငြိမ်းချမ်းရေးတပ်ဖွဲ့များ စေလွှတ်ဖို့မြို့တော် ခါတွန်ကို နိုင်ငံတကာကဖိအားပေးရာမှာ တရုတ်က သံတမန်နည်းအရ အကာအကွယ်ပေးတယ်လို့ ဝေဖန်ရေးသမားတွေရဲ့ စွပ်စွဲမှုကိုလည်းခံနေရပါတယ်။





Rest of your post

No comments :