AFP, WASHINGTON
29 Feb
အမေရိကန်သမ္မတ ဂျော့ဒဗလျူ ဘွတ်ရှ်ဟာ လာမယ့်သြဂုတ်လမှာ ကျင်းပမယ့် ဘေဂျင်းအိုလံပစ်ကို တက်ရောက် တဲ့အခါကျရင် ဒါဖာ နဲ့ မြန်မာ နိုင်ငံတို့ရဲ့ လူ့အခွင့်အရေး နဲ့ အငြင်းပွားမှုပြဿနာတွေ နဲ့ ပက်သက်ပြီး တရုတ်အစိုးရကို ဖိအားပေးဆွေးနွေးသွားမယ်လို့ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က သံန္ဓိဋ္ဌာန်ချမှတ်လိုက်ပါတယ်။
ဒါပေမယ့် သူဟာ တရုတ်သမ္မတ ဟူကျင်တောင်အပေါ် အိုလံပစ်အားကစားသမားတွေရဲ့ဝေဖန်ချက်တွေကိုတော့ ဖွင့်ပြောဖို့ သဘောတူညီမှုမရှိပါဘူး။ ပြီးတော့ နိုင်ငံတိုင်းမှာ ရှိတဲ့အိုလံပစ်ကော်မတီတွေက မိမိနိုင်ငံက လာရောက်ယှဉ်ပြိုင်မယ့် အားကစားသမားတွေအတွက် စည်းမျဉ်း ဥပဒေတွေကိုလည်းရေးဆွဲရပါမယ် လို့ပြောပါတယ်။ “ကျနော် အိုလံပစ်ပွဲတော်ကို သွားမှာပါ။ ဘာလို့လဲဆိုတော့ အဲဒါဟာ အားကစားပွဲတော်ဖြစ်တဲ့အတွက်ကြောင့်ပါ။ အားကစားပြိုင်ပွဲတွေကို ကြည့်ဖို့လည်းမျှော်လင့်ထားပါတယ်” လို့ အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ သတင်းထောက်တွေကို ပြောသွားတာဖြစ်ပါတယ်။
“ခိုင်မာတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်၊ ယုံကြည်မှုရှိတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဆိုတာ ဘာသာရေးလွတ်လပ်ခွင့်ရဲ့ တန်ဖိုးကို အသိမှတ်ပြုတဲ့ အဖွဲ့ အစည်းတစ်ခုကိုဆိုလိုတာပါ။ ကျနော် တရုတ်နိုင်ငံကိုသွားရင် ဒါဖာ၊ အီရန် နဲ့ ဗမာနိုင်ငံအရေးကိစ္စတွေကို ဆွေးနွေးဦးမှာပါ” လို့ သမ္မတ ဘွတ်ရှ် ကပြောပါတယ်။ တရုတ်အစိုးရဟာ သူ့ရဲ့အိုလံပစ်ပွဲတော် ငြိမ်းငြိမ်းချမ်းချမ်းကျင်းပခွင့်ရဖို့ သူ့တို့နဲ့ သဘောထားကွဲလွဲတဲ့ သူတွေကို နှိပ်ကွပ်ဖို့ မရိုးမသားပြုလုပ်နေပါတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားနေကြတဲ့ အုပ်စုတွေက စွပ်စွဲပြီးပါပြီ။ အိုလံပစ်ပွဲ တော် ဟာ သြဂုတ်လ ၈ ရက် နေ့ကနေ ၂၄ ရက်နေ့အထိကျင်းပမှာပါ။
နိုင်ငံတကအသိုင်းအ၀ိုင်းက ဖိအားပေးနေတဲ့ ဗမာစစ်အစိုးရကို တရုတ်အစိုးရက ကာကွယ်ပေးနေတဲ့အတွက်ရယ်၊ ဆူဒန် နိုင်ငံ ဒါဖာဒေသအတွင်းမှာ အကြမ်းဖက်မှုတွေလုပ်နေတဲ့ ခါတွန်အစိုးရကို တရုတ်အစိုးရက အကာအကွယ်တွေပေးနေတာရယ်ကြောင့် ဘေဂျင်းအိုလံပစ်ဟာလည်း ဖိအားပေးခံနေရပါတယ်။ တရုတ်နိုင်ငံဟာ ဆူဒန်နိုင်ငံ နဲ့ မဟာမိတ်ဖွဲ့ထားတဲ့နိုင်ငံပါ။ ဆူဒန်နိုင်ငံအစိုးရက ဒါဖာဒေသကို သူပုန်တွေလက်ထဲ ထည့်ပြီး ကိုယ်စားအုပ်ချုပ်ခွင့်ပေးထားပါတယ်။ ကုလသမဂ္ဂရဲ့ ခန့်မှန်းခြေအရ ဒါဖာဒေသမှာ သူပုန်တွေကြောင့် သေဆုံးသူဦရေ ၂၀၀၀၀၀ (နှစ်သိန်း) ရှိပြီး၊ ထိုဒေသကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည် အရေအတွက်ဟာ နှစ်သန်း ကျော်ရှိပါပြီ။ အိုလံပစ်အားကစားသမား ၂၅၀ လောက်ရှိခဲ့တဲ့ ဒါဖာအသင်း နဲ့ အခြား ၄၂ နိုင်ငံက အိုလံပစ်အားကစားသမားတွေ ဟာလည်း ဘေဂျင်းအိုလံပစ်မှာ ဆူဒန်နိုင်ငံမှာ လူတွေအသတ်ခံနေရတဲ့ကိစ္စနဲ့ပက်သက်ပြီး ထုတ်ဖော်ပြောကြဖို့ မျှော်လင့်နေကြပါတယ်။
ဒီမိုကရေစီလှုပ်ရှားသူတွေကလည်း ဗမာစစ်အစိုးရကို ထောက်ပံ့နေတဲ့ တရုတ်အစိုးရရဲ့ ဘေဂျင်းအိုလံပစ်ကို သပိတ်မှောက်ဖို့ တိုက်တွန်းပြီးသွားပါပြီ။ အိုလံပစ်ပြိုင်ပွဲကျင်းပမယ့် သြဂုတ်လ ၈ ရက်နေ့ဟာ ဗမာနိုင်ငံမှာ ကျောင်းသားတွေဆန္ဒပြခဲ့ကြတဲ့ ၁၉၈၈ အရေးအခင်း အနှစ် ၂၀ ပြည့်တာနဲ့ တိုက်ဆိုင်နေပါတယ်။ အဲဒီအရေးအခင်းမှာ အာဏာရှင် စစ်အစိုးရက ဆန္ဒပြသူတွေကို သေနတ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့လို့ လူ ၃၀၀၀ လောက်သေဆုံးခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ရန်ကုန်မှာ သံဃာတော်တွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နှင့်ခဲ့လို့ နိုင်ငံတကာ အသိုင်းအ၀ိုင်း ရဲ့ ဝေဖန်အပြစ်တင်မှုတွေ နဲ့ အမေရိကန်အစိုးရရဲ့ စီပွားရေးအရ ဒဏ်ခတ်အရေးယူမှုတွေကို ခံနေရတာပါ။
No comments :
Post a Comment