Saturday, 1 March 2008

ပါတီအဖွဲ့အစည်းအားလုံးပါဝင်ပြီး မှန်ကန်တဲ့ မဲပေးစနစ်ဖြစ်ဖို့ အမေရိကန်တိုက်တွန်း


AFP, WASHINGTON
29 February

အမေရိကန်နိုင်ငံက ဗမာစစ်အစိုးရကို မေလမှာကျင်းပမယ့် ပြည်သှူ့ဆန္ဒခံယူပွဲမှာ ပါတီအဖွဲ့အစည်းအားလုံးပါဝင် မဲပေးခွင့်ရှိပြီး၊ မှန်ကန်တဲ့မဲရွေးစနစ်ဖြစ်ဖို့ ကြာသာပတေးနေ့က တိုက်တွန်းလိုက်ပါတယ်။ “ဗမာနိုင်ငံမှာ ယုံကြည်စိတ်ချရတဲ့ နိုင်ငံရေးအပြောင်းအလဲဖြစ်ဖို့ ပါတီအဖွဲ့အစည်းအားလုံးပါဝင်ပြီး၊ မှန်ကန်တဲ့ ရွေးကောက်ပွဲဖြစ်ရပါမယ်။ အဲဒီရွေးကောက်ပွဲဟာ နိုင်ငံတကာကလက်ခံတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ နိုင်ငံသားတိုင်း မည်သူမဆို ဆန္ဒမဲပေးပိုင်ခွင့်ရှိရမယ်။ လျို့ဝှက်မဲပေးစနစ်ကို ကျင့်သုံးပြီး၊ ရွေးကောက်ပွဲဟာလည်း လုံခြုံစိတ်ချရ မယ်။ လွတ်လပ်စွာပြောဆိုခွင့် နှင့် စည်းရုံးပိုင်ခွင့်ရှိရမယ်” လို့ အမေရိကန်အစိုးရဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ တွမ်ကေဆီ ကဆိုပါတယ်။ “ယုံကြည်စိတ်ချရအောင် မဲပေးရာမှာ လိုအပ်ချက်များပြည့်စုံမှု ရှိ၊ မရှိ သက်ဆိုင်ရာ နှင့် နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေရဲ့ ကြီးကြပ်မှုတို့ ရှိရပါမယ်” လို့ လည်း ၎င်းကပြောသွားပါတယ်။

ဒီလအစောပိုင်းက ဗမာစစ်အစိုးရဟာ ၂၀၁၀ မှာကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပြင်ဆင်ရင်း၊ မေလမှာ ကျင်းပမယ့် ပြည်သူ့ဆန္ဒခံယူပွဲအတွက် ၎င်းတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပေဒေကို ပြည်သူတွေကို ချပြမည်ဟု ကြေငြာခဲ့ပါတယ်။ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင်တောင် NLD ပါတီအနိုင်ရခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို အရင်အကောင်အထည်ဖော်ရမှာပါ။ ဒါပေမယ့် ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို စစ်အစိုးရက လျစ်လျူရူ့ခဲ့ပါတယ်။ သို့သော်လည်း ဒီမိုကရေစီလှုပ်ရှားသူများက စစ်အစိုးရရဲ့ ပြည်သူ့ဆန္ဒခံယူပွဲဟာ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို ဖျောက်ဖျက်ပြီး၊ သူ့တို့ရဲ့ တရားမ၀င်တဲ့စစ်ဥပဒေကို တရားဝင်ဖြစ်လာအောင် ဖန်တီးခြင်းဘဲဖြစ်တယ်လို့ ပြောသွားခဲ့ပြီးပါပြီ။

အခြားသူများရဲ့ အမြင်မှာတော့ စစ်အစိုးရရဲ့ ပြည်သူ့ဆန္ဒခံယူပွဲဟာ စက်တင်ဘာလအတွင်းက ဆန္ဒပြသူတွေကို ရက်ရက်စက်စက် နှိမ်နှင်းခဲ့တဲ့အပေါ် နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေကို လျော့ကျသွားအောင် ဖန်တီးခြင်းသာဖြစ်တယ် လို့ ဆိုကြပါတယ်။ အဲဒီလိုထုတ်ဖော်ပြောပြချက်တွေနဲ့ပက်သက်ပြီး အချို့အချက်အလက်တွေကို အမေရိကန်နိုင်ငံကကြာသာပတေး နေ့က တစ်ဖန်ပြန်ပြီးကောက်နုတ်တင်ပြပြီးပါပြီ။

“ဗမာပြည်ရဲ့ အမျိုးသားပြန်လည်းသင့်မြတ်ရေးလမ်းကြောင်းဟာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရေးနဲ့ အများကြီးသက်ဆိုင်ပါတယ်။ ပြီတော့ အစိုးရခေါင်းဆောင်ပိုင်းတွေ၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ တိုင်းရင်းသားခေါင်းဆောင်ပိုင်းတွေ သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးမှသာ ဗမာပြည် ဒီမိုကရေစီအတွက် ပြုပြင်ပြောင်းလဲရေးလုပ်လို့ရမှာပါ။ အဲဒီလို ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ကို မြန်မာနိုင်ငံသားတွေသာမကပါဘူး၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ၂၀၀၇ ခုနှစ် အောက်တိုဘာလက ထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာလည်း စစ်အစိုးရကို တောင်းဆိုထားပြီးပါပြီ” လို့ ကေဆီက ပြောခဲ့ပါတယ်။

No comments :