Sunday 2 March 2008

အမေရိကန် စိုးရိမ်မကင်း ဖြစ်နေတဲ့ မြန်မာ့ အရေး နှင့် ကိုရီးယား နျူကလီးယားအရေး

Xinhua, Bangkok
1 March
အမေရိကန်အစိုးရ လက်ထောက်အတွင်းရေးမှူး ခရစ္စတိုဖာ ဟေးလ် က ပြီးခဲ့တဲ့သောကြာနေ့က အာရှအရေးကိစ္စ နဲ့ ပက်သက်ပြီး အရေးကြီးတဲ့ ကိစ္စနှစ်ခုကိုအဓိကထားပြီး ပြောသွားပါတယ်။ တစ်ခုကတော့ မြန်မာနိုင်ငံကို အာဆီယံ အဖွဲ့ဝင် နိုင်ငံကောင်းတစ်နိုင်ငံဖြစ်လာအောင် တစ်ကမ္ဘာလုံးက ၀ိုင်းဝန်းလုပ်ဆောင်ကြရန်နဲ့ ကိုရီးယားကျွန်းဆွယ် နျူကလီးယား အရေးကိစ္စကို သက်ဆိုင်ရာနိုင်ငံ၊ အဖွဲ့အစည်းများက ပူးပေါင်းဖြေရှင်းကြဖို့ တိုက်တွန်းပြောကြားတာဖြစ်ပါတယ်။


ထိုင်းနိုင်ငံ ချူလာလောင်ကောင် တက္ကသိုလ် မှာ ဟေးလ် က မိန့်ခွန်းပြောကြားရာမှာ အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ ပုံမှန် သံတမန်ဆက်သွယ်ရေးရှိဖို့ လိုလားပါတယ် လို့ ပြောကြားသွားပါတယ်။ အမေရိကန်သံတမန် တစ်ဦးကပြောဆိုရာမှာ သူ့အနေနဲ့ မြန်မာနိုင်ငံကို ကောင်းမွန်ပြီး၊ အပြုသဘောဆောင်တဲ့ အာဆီယံနိုင်ငံ တစ်နိုင်ငံ အဖြစ်မြင်ချင်ပါတယ် လို့ ပြောပါတယ်။ အဲဒီလိုဖြစ်ဖို့အတွက် မြန်မာအစိုးရနေနဲ့ သူ့ရဲ့ သဘောထားနဲ့ တုန့်ပြန်မှုတွေ ပြောင်းလဲဖို့လိုပါတယ်။ အမေရိကန်အစိုးရနေနဲ့ အခုလို မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူလိုက်တာဟာ အမေရိကန်အစိုးရရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေထဲက ကောင်းဆုံးနည်းလမ်းမဟုတ်သေးဘူးလို့လည်း သူကပြောပါတယ်။

မြန်မာစစ်အစိုးရအနေနဲ့ အတိုက်အခံအင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့နဲ့ ကုလသမဂ္ဂအထူသံကိုယ်စားလှယ် မစ္စတာဂမ်ဘာရီကို အတိုက်အခံပါတီ၊ အဖွဲ့အစည်းများနဲ့ လွတ်လပ်စွာတွေ့ဆုံခွင့်ပေးဖို့ ပြည်ပနိုင်ငံများက စစ်အစိုးရကို တွန်းအားပေးဖို့လိုအပ်ကြောင်း တိုက်တွန်းပြောကြားလိုက်ပါတယ်။ အမေရိကန်အစိုးရနေနဲ့လည်း အာဆီယံ နဲ့ နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်ပြီး၊ တရုတ်နိုင်ငံလို အခြားနိုင်ငံတွေ ကလည်း မြန်မာ့အရေးနဲ့ ကိုရီးယား နျူကလီးယား ကိစ္စတို့ကို ဟန်ချက်ညီညီ လက်တွဲပြီး တို့မြှင့်လုပ်ဆောင်သွားဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံ နျူကလီးယားပြဿနာဖြေရှင်းရေးဆိုင်ရာ အထူးသံကိုယ်စားလှယ် တစ်ဦးလည်းဖြစ်သူ ခရစ္စတိုဖာဟေးက ကိုရီးယား နျူကလီးယားအရေးကိစ္စဟာ အမေရိကန်ကို စိန်ခေါ်လိုက်တဲ့ ကိစ္စတစ်ခုတည်းတင် မဟုတ်ပါဘူး၊ အိမ်နီးချင်း နိုင်ငံတွေနဲ့ တစ်ကမ္ဘာလုံးရဲ့ပြဿနာလည်း ဖြစ်ပါတယ်လို့ ပြောပါတယ်။ ပြီးတော့ အခြားနိုင်ငံများအတွက် တရုတ်-အမေရိကန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဟာ အရေးပါတဲ့ကဏ္ဍတစ်ခုဖြစ် ကြောင်း ၎င်းကဆက်လက်ပြောကြားပါတယ်။

တရုတ်-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးဟာ အရှေ့တောင်အာရှ အပါအ၀င် တစ်ကမ္ဘာလုံးအတွက် အလွန်အသုံး ၀င်ပါတယ်။ အဲဒီလို ဆက်ဆံရေးဟာလည်း အရေးပါအရာရောက်လိမ့်မယ်ဆိုတာ ကျနော့်အနေနဲ့ ပြောရဲပါတယ် လို့ ၎င်းက အခိုင်အမာပြောဆိုလိုက်ပါတယ်။
ဟေးလ် က အမေရိကန်နိုင်ငံအနေနဲ့ အရှေ့တောင်အာရှရဲ့ အခန်းကဏ္ဍမှာရှိတဲ့ တရုတ်ရဲ့အခန်းကဏ္ဍကို ကြိုဆို ကြောင်း၊ မြန်မာအရေးကိစ္စ နဲ့ ကိုရီးယားနျူကလီးယား ကိစ္စတို့ ကဲ့သို့ ဒေသတွင်းပြဿနာတွေကို ဖြေရှင်းဖို့ တရုတ် နဲ့ သာမက အခြားနိုင်ငံများနှင့်လည်း အတူတကွ ပူးပေါင်းဆောင်ရွက်လိုကြောင်း သူ့ရဲ့ အာဆီယံခရီးစဉ်မှာ မြန်မာ့အရေး နဲ့ ကိုရီးယား နျူကလီးယားအရေးတို့ကို အဓိကထားပြီးဆွေးနွေးသွားပါတယ်။

No comments :