Sunday 2 March 2008

မြန်မာ့ ပြဿနာများကြားက စင်္ကာပူ

Jakarta, 1 March
By Djoko Susilo
သမ္မတ ဂျော့ဒဗလျူ ဘွတ်ရှ် က မကြာသေးမီက ဗမာစစ်အစိုးကို ထောက်အပံ့ပေးနေသူတွေ နဲ့ စီးပွားရေးအရ အဆက်အဆံ လုပ်နေတဲ့ အမေရိကန်နိုင်ငံသားတွေကို ပိတ်ဆို့အရေးယူကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဋ္ဌာမှာ ရှိတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုစာရင်းထဲမှာပါတဲ့ ကုမ္ပဏီအတော်များများဟာ စင်္ကာပူမှာရှိနေပါတယ်။ အဲဒီစာရင်းမှာ ထိပ်ဆုံးမှာပါဝင်နေတာကတော့ စတီဗင်လောနဲ့ သူ့ရဲ့အဖေ လော်စစ်ဟန် တို့ပိုင်ဆိုင်တဲ့ အေးရှာဝေါလ် ကုမ္ပဏီဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဗိုလ်ချုပ်သန်းရွှေရဲ့ မိတ်ကောင်းဆွေကောင်း တွေဆိုရင်လည်းမမှားပါဘူး။


ပြီးခဲ့တဲ့လအစောပိုင်းက အဲယားပုဂံလေကြောင်းလိုင်းပိုင်ရှင် တေဇပိုင် ထူး ကုမ္ပဏီ နဲ့ စီးပွားရေးအတူလုပ်နေတဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို အမေရိကန်အစိုးရက ပိတ်ဆို့ကြောင်း ကြေငြာခဲ့ပါတယ်။ အဲယားပုဂံ လေကြောင်းလိုင်းဟာ ရန်ကုန် နဲ့ စင်္ကာပူကို ပုံမှန် ပျံသန်းနေပြီး၊ လေယာဉ်တစ်စီးလုံးမှာလည်း မကြာခဏဆိုသလို စစ်အစိုးရ နဲ့ ၎င်းတို့နဲ့ပက်သက်တဲ့ ခရီးသည်တွေနဲ့ ပြည့်လို့နေပါတယ်။ သူတို့အားလုံဟာ သူတို့ရဲ့ သုံးမကုန်၊ ဖြုန်းမကုန်နိုင်တဲ့ ပိုက်ဆံတွေကို စင်္ကာပူမှာ လာပြီးဖြုန်းတီးနေရတာကို နှစ်သက်ပုံရပါတယ်။ သူတို့အနေနဲ့ ဗမာနိုင်ငံထဲမှာရှိတဲ့ ဆင်းရဲမွဲတေမှုတွေနဲ့ ဗမာနိုင်ငံသားတွေရဲ့ ခက်ခက်ခဲခဲ ရပ်တည်နေရတဲ့ ဘ၀ အကြောင်းတွေကိုတော့ မစဉ်းစားကြပါဘူး။

ဥပမာ- အသက် ၁၉ နှစ်သာရှိသေးတဲ့ တေဇရဲ့သား ထက်တေဇ ကိုဘဲကြည့်။ သူဟာ စင်္ကာပူနိုင်ငံမှာ ဈေးအကြီးဆုံး လက်ရွေးစဉ်ကျောင်းကိုမှ ရွေးပြီးတက်တယ်။ သူဟာ ပါတီပွဲတွေ ပေးပြီး၊ ပိုက်ဆံတွေဖြုန်းယုံတင် မကသေးဘူး၊ ကောင်မလေးတွေနဲ့ပျော်မဆုံးမော်မဆုံး ထင်တိုင်းကြဲနေတာပါ။

ဗိုလ်ချုပ် သန်းရွှေတို့လို၊ သေသွားပြီဖြစ်တဲ့ ဗိုလ်ချုပ်စိုးဝင် တို့လို ဗိုလ်ချုပ်တွေကတော့ စင်္ကာပူဆေးရုံတွေမှာ ဆေးကုသမှုခံယူကြတယ်။ ယောက်ျားလုပ်တဲ့သူတွေက ဆေးရုံက အိပ်ယာထဲမှာ လဲနေတဲ့အချိန်မှာ၊ မိန်းမလုပ်သူတွေက အောချက်လမ်းမ (Orchard Road) မှာ ရှော့ပင်းထွက်လို့ကောင်းနေတာပေါ့။

စင်္ကာပူနိုင်ငံဟာ ဗမာစစ်တပ်အသိုင်းအ၀ိုင်းဆီက ပိုက်ဆံတွေရနေတာ တင်မကဘူး၊ မြန်မာနိုင်ငံမှာ အများဆုံး ရင်းနှီးမြှုပ်နှံမှု တွေလုပ်တဲ့ အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံပါ။ တီမားဆက် အကျိုးဆောင်လုပ်ငန်းဆိုရင် မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံတဲ့ငွေပမာဏ အမေရိကန်ဒေါ်လာ သန်း ၃၀ ထက်မနည်းပါဘူး။ အခြား စင်္ကာပူ ကုမ္ပဏီတွေဟာလည်း စစ်အစိုးရနဲ့ စီးပွားရေးပေါင်းလုပ်ပြီး အမြတ်အစွန်းတွေရနေတာပါ။

စင်္ကာပူအနေနဲ့ အခြားနိုင်ငံတွေက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့နေတဲ့ အခုလိုအချိန်မှာ သူတို့အတွက် မြန်မာနိုင်ငံနဲ့ စီးပွားရေးလုပ်ဖို့ အခွင့်ကောင်းဘဲလို့ တွေးနေပုံရပါတယ်။ စင်္ကာပူဟာလည်း တရုတ်လိုပါဘဲ။ ပိုက်ဆံ အကြောင်းဘဲတွေနေတာပါ။ စင်္ကာပူနိုင်ငံရဲ့ သဘောထားကတော့ ယုတ်မာပက်စက်တဲ့ စစ်ဗိုလ်ချုပ်တွေ နဲ့ စီးပွားရေး အတူတူလုပ်မယ်၊ ပြီးတော့ သူတို့ဆီက ပိုက်ဆံတွေကို ရသလောက် သယ့်ယူမယ်။ ဒါပါဘဲ။

မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ရင်း၊ စင်္ကာပူအစိုးရဟာ မြန်မာစစ်အစိုးရအတွက် အနောက်နိုင်ငံတွေဆီ ကနေ အလွယ်တကူမရနိုင်တဲ့ အရေးတကြီးလိုအပ်တဲ့ ပစ္စည်းတွေကို မြန်မာစစ်အစိုးရကို ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာလူမျိုးတွေအပေါ် ဖိနှိပ်နေတဲ့ နအဖ ကို သက်တမ်းရှည်အောင် လုပ်ပေးနေတာပါ။ စစ်အစိုးရကျူးလွန်နေတဲ့ ခွင့်မလွှတ်နိုင်တဲ့ ပစ်မှုတွေကတော့ လူသတ်တယ်၊ မုဒိန်းကျင့်တယ်၊ ညှဉ်းပန်းနှိပ်စက်တယ်၊ အစစ်အဆေး အမေးအမြန်းမရှိလဲ ဖမ်းဆီးထောင်ချတယ်။ စင်္ကာပူ အစိုးရက ဒါတွေကို သိလျှက်နဲ့ စစ်အာဏာရှင်တွေကို သက်သက်မဲ့ အထောက်အပံ့တွေပေးနေတာပါ။

စင်္ကာပူအစိုးရဆီက ဗမာစစ်အစိုးရရဲ့ လုပ်ရပ်တွေနဲ့ပက်သက်ပြီး ဝေဖန်ပြစ်တင်တာမျိုးဘယ်မှာ ကြားရလို့လဲ။ အာဆီယံနိုင်ငံတွေက ဗမာအစိုးရကို လူ့အခွင့်အရေးလေးစားလိုက်နာဖို့ ၀ိုင်းဝန်းဖိအားပေးကြတဲ့အခါ၊ စင်္ကာပူက ရှေ့ကနေ ကာဆီးကာဆီး လုပ်တယ်။ ချမ်းသာတဲ့နိုင်ငံတစ်နိုင်ငံအနေနဲ့ စင်္ကာပူဟာ မြန်မာနိုင်ငံထဲမှာ လူ့အခွင့်အရေးဖွံ့ဖြိုးတိုးတက်ရေးထက်၊ မြန်မာနိုင်ငံဆီက ပိုက်ဆံတွေကို ဘယ်လိုရအောင် ယူရမလဲဆိုတာကို ပိုပြီးစိတ်ဝင်စားပါတယ်။

စင်္ကာပူအစိုးရရဲ့ ငွေကြေး နဲ့ နည်းပညာ အထောက်အကူမပါဘဲနဲ့ စစ်အစိုးရဟာ သက်ဆိုးမရှည်နိုင်ပါဘူး။ အဲဒီအခါ ကျရင် စစ်အစိုးရနေနဲ့ NLD နဲ့ ပူးပေါင်းပြီး နိုင်ငံငြိမ်းချမ်ရေးအတွက် အဖြေရှာမှာပါ။ ဒါကြောင့် စင်္ကာပူအစိုးရရဲ့ စစ်အစိုးရကို ပေးနေတဲ့ အကူအညီတွေဟာ ဗမာပြည်သူတွေခံစားနေရတဲ့ ဒုက္ခကို သက်ဆိုးရှည်စေပါတယ်။ စစ်အစိုးရကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေဟာ စင်္ကာပူအစိုးရရဲ့ ထောက်အပံ့တွေနဲ့ မကင်းပါဘူး။

မူယစ်ဆေးဝါးရောင်းဝယ်နေသူတွေနဲ့ အဆက်အသွယ်ရှိတယ်လို့ သိရတဲ့ စင်္ကာပူအစိုးရဟာ မူးယစ်ဆေးဝါး ကုန်သည်တွေနဲ့ ပူးပေါင်းနေတဲ့ ဗမာစစ်အစိုးရနဲ့ ချစ်ကြည်ရင်းနှီးစွာဆက်ဆံလိုစိတ်ရှိပါတယ်။ စင်္ကာပူ အာဏာပိုင်တွေက စင်္ကာပူနိုင်ငံမှာ မူယစ်ဆေးဝါးရောင်းဝယ်မှုတွေလုပ်နေတဲ့ ဗမာကုန်သည်တွေကြောင်းကို ကောင်းကောင်းသိကြပါတယ်။

လော်စစ်ဟန်ကိုဘဲကြည့်ပါ။ အေးရှားဝေါလ် ကုမ္ပဏီဟာ စီးပွားရေးအရ ပိတ်ဆို့အရေးယူခံရတဲ့ကုမ္ပဏီတွေစာရင်းမှာ ထိပ်ဆုံးကနေပါဝင်ပြီပါပြီ။ အရှေ့တောင်အာရှမှာ ရှိတဲ့ “မူးယစ်ဆေးဝါး မာဖီးယားဂိုဏ်း ရဲ့ ဘိန်းဘုရင်” လို့ နာမည်ကျော်တဲ့ လော်စစ်ဟန်ရဲ့ ကုမ္ပဏီတွေဟာ စင်္ကာပူမှာ လည်ပတ်နေတုန်းပါ။ သူ့ရဲ့သား စတီဗင်လောဟာလည်း စင်္ကာပူမှာ နေနေတာပါဘဲ။

စစ်အစိုးရနဲ့ဆက်သွယ်ပြီး လုပ်ကိုင်နေတဲ့ စင်္ကာပူက ကုမ္ပဏီတွေဟာလည်းမြန်မာနိုင်ငံမှ အများကြီးပါ။ မြန်မာနိုင်ငံ ထဲမှာ ရှိတဲ့ စင်္ကာပူကုမ္ပဏီတွေကတော့ အောက်ပါတို့ဘဲဖြစ်ပါတယ်။

1. DBS Group Holdings Ltd.
2. Golden Aaron Pty. Ltd.
3. Shangri-La Hotels
4. OCBC Bank
5. United Overseas Bank Group
တို့အပြင် အခြားကုမ္ပဏီတွေလည်းရှိပါသေးတယ်။
အခုအချိန်ဟာ စင်္ကာပူအစိုးရနေနဲ့ ကောင်းအဆိုးခွဲခြားသိမြင်ပြီး၊ ဗမာစစ်အစိုးရကို အကူအညီပေနေတာတွေ ရပ်တန့်ဖို့ အချိန်ရောက်နေပါပြီ။ အခုအချိန်မှ အကူအညီပေးနေတာတွေကို မရပ်ရင် စင်္ကာပူနိုင်ငံရဲ့ ထောက်အပံ့တွေဟာ စစ်အစိုးရက ဗမာပြည်သူတွေကိုသတ်ဖို့၊ မုဒိန်းကျင့်ဖို့၊ ဖမ်းဆီနှိပ်စက်ဖို့ အင်အားတွေကို ပေးနေသလိုဖြစ်နေပါလိမ့်မယ်။


Rest of your post

No comments :