Saturday, 8 March 2008

နအဖ လုပ်ရပ်ကို တိုင်ကြားပေးကြပါ

မြန်မာပြည်ရှိ တယ်လီဖုန်းလိုင်းများ သိသိသာသာ ပြတ်တောင်းပြတ်တောင်း ဖြစ်လျက်ရှိနေပါတယ်။
ဒီလို ဖြစ်ရတာဟာ ဂန်ဘာရီမြန်မာပြည်မှာ ရောက်ရှိနေတဲ့အတွက် နအဖ က သတင်းထိမ်းချုပ်လိုတဲ့ အတွက် တယ်လီဖုန်းလိုင်းများ ကို ထိမ်းချုပ် လိုက်ခြင်းဖြစ်ပါတယ် လို့ ရန်ကုန်မြို့ ခံတဦး ကဆိုပါတယ်။ အင်တာနက်များ ကိုလည်း speed ကိုနှေးလိုက်တယ် လို့ သိရပါတယ်။


တယ်လီဖုန်းနဲ့ အင်တာနက်များမှာ ပြည်သူဆက်သွယ်ရေး Public Communicationများသဖွယ် ခေတ်သစ် ကမ္ဘာမှာတည်ရှိနေချိန်ဖြစ်ပါတယ်။ တယ်လီဖုန်း ၊ အင်တာနက်တွေဟာ ဇိမ်ခံပစ္စည်းအဖြစ်မှတ်ယူလို့ မရပဲ လူ တိုင်း ရဲ့ နေစဉ်ဘ၀အတွက် မရှိမဖြစ် လိုအပ်နေတဲ့ခေတ်သစ်နည်းပညာတွေ ဖြစ်လာပါတယ်။ နအဖ တယ်လီ ဖုန်း နဲ့ အင်တာနက်များကို အာဏာတည်မြဲရေးအတွက် ကရိယာအဖွယ် ထိမ်းချုပ်နေတာကို ကျနော်တို့ ကန့် ကွက်သင့်ပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂ ကိုယ်စားလှယ် ဂန်ဘာရီရောက်ရှိနေချိန်မှာ ခုလိုဖြစ်ပွားရတာဟာ မရိုးသား တဲ့လုပ်ရပ်ဖြစ်တယ်။ ဒါကို ဖေါ်ထုတ်ကြပါစို့  တယ်လီဖုန်းလိုင်းတွေကို ဖြတ်တောက်ပြစ်ပြီး ထိမ်း ချုပ်နေတယ်ဆိုတဲ့အကြောင်းကို ကုလသမဂ္ဂအတွင်းရေးမှုးဆီကိုစာရေးပါ။

No comments :