Friday, 7 March 2008

စိမ်းလဲ့ ကန် သာ က ၅ လောင်းပြိုင်လူသတ်မှု ကြီး


မတ်လ ၃ ရက် ရန်ကုန်မြို့  စိမ်းလဲ့ကန်သာ ရှိတဲ့ နေအိမ်တခုမှာ ၅လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ပါတယ်။ စိမ်းလဲ့ကန်သာ ရိပ်သာ ဆိုတာ အင်လျားကန်အနီးမှာရှိတယ်။ ဒီလူသတ်မှုကြီးကတော့ အကြီးမားဆုံးသော လူသတ်မှုကြီးဖြစ်တယ် လို့ ယူဆနိင်စရာရှိ ပါတယ်။
အသတ်ခံရတဲ့ နေရာဟာ အစိုးရညေ့် ဂေ ဟာ နဲ့  နီးတာရယ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်နဲ့ လည်း မလှမ်းမကမ်းမှာတည်ရှိတာရယ်လုံခြုံရေးအစောင့်အကြပ်တွေထူ ထပ်တဲ့နေရာ ဖြစ်တဲ့အတွက် ဒီလူသတ်မှု ဟာ သာမန်လူသတ်မှု တခုတော့မဟုတ်ဘူးလို့ ရန်ကုန်မြို့ ကလူတွေက ပြောဆိုနေကြပါတယ်။

အသတ်ခံရသူက သူကတော့ ဦးချာလီ ၊ ဒေါ်စန်းစန်းမြ ( ဇနီး ) ၊ မွေးစားသမီး နစ်ဦးဖြစ်တဲ့  မစန္ဒာ၊ အေးပွင့်ဖြူ နဲ့ အိမ်ဖေါ်မလေး နော်စေးဖေါ တို့ ဖြစ်ပါတယ်။ အခုအခါမှာ သတ်တဲ့ သူကိုဖမ်းမိထားပြီလို့ သိရ တယ်။ သတ်တဲ့သူကတော့ နိင်းနိင်း ဆို သူနဲ့ အဖေါ် နစ်ဦးဖြစ်ပါတယ်။ သူတို့ က ယခင်က ဦးနေ၀င်း မြေးတွေ တည် ထောင် ထားတဲ့ ကင်း ခြေ ( Scorpion ) တွေလို့ ရဲ ကဆိုပါတယ်။
စကောပီယံအဖွဲ့ နဲ့ နီးစပ်သူ တဦးရဲ့ အဆိုကတော့ မဖြစ်နိင်ဘူး ဒါသက်သက် လွဲချတာလို့ ဆိုပါတယ်။ စကော ပီယံအဖွဲ့ ဝင်တွေ အားလုံး ထောင်ထဲမှာလို့ ဆိုပါတယ်။

ရဲ တွေရဲ့ အဆိုအရ လူသတ်သမားများ က နေလည် ၁၂ နာရီခန့် မှာနေအိမ်အတွင်းသို့ ဝင်ရောက်ပြီး ဓမြ တိုက် ကြခြင်းဖြစ်ပါတယ်။ ဦးချာလီက အော်ဟစ်တဲ့အတွက် နေရာတွင်မှာပွဲခြင်းပြီးသတ်ဖြစ်ခဲ့တယ်။ ကျန်တဲ့ အိမ်သားများကိုလည်း မအော်နိင်ခင် မှာ တယောက်ပြီး တယောက် သွေးအေးအေးဖြင့် သတ်ဖြတ်ခဲ့ကြတယ် လို့  သိရတယ်။ လူသတ်သမားများက သတ်ဖြတ်ရာတွင် ၉ မမ ပစ္စတို ကို ဆိုင်လင်ဇာတတ် သေနတ်နစ်လက် ကို အသုံးပြုခဲ့တယ်။

သေသူများထံမှာ သွေးဖြင့်ကျော် ဆိုတဲ့  စကားလုံးကိုနံရံတွင် ၀တ္ထုဆန်ဆန် ရေးသားသွားကြတယ်။ သတ် ဖြတ ပြီးနောက်ရန်ကုန်မြို့  မှာပဲ ဟန်မပျက် ဆက်လက် နေထိုင်လျက်ရှိတဲ့ လူသတ်သမား နိင်းနိင်းကို အင်း လျားလမ်း သစ်သီးဆိုင်မှာ ရဲ ကဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ နောက်ထပ် အဖေါ်နစ်ဦး ကိုလည်းဆက်လက် ဖမ်းဆီး ရခဲ့တယ်။
ရဲ က ဦးချာလီ သားမက် ကိုလည်း ဖမ်းဆီးထားတယ်။ အိမ်ကို ရဲတွေက ထိမ်းသိမ်းထားပြီး အသုဘ လာတဲ့ သူတွေ ကို ရဲတွေကပဲ ဧည့်ခံနေတယ် လို့ သိရတယ်။ အသုဘ ကို မတ်လ ၉ ရက်နေ့ မှာ ချမယ်လို့ သိရပါတယ်။ ဦးချာလီဟာ ငွေကြေးချမ်းသာတဲ့သူတဦးဖြစ်ပြီး မကြာသေးခင်က အိမ်ရောင်းထားတဲ့ငွေနဲ့ လက်ဝတ် ရတနာများကို လူသတ်သမားများက သိမ်းယူသွားကြပါတယ်။
ဦးချာလီဟာ မိုးကုတ်မြမောင် နဲ့ ဆွေမျိုးနီးစပ်တော်သူ တဦးလို့ လည်းသိရပါတယ်။ မိုးကုတ်မြမောင် ဆိုတာကတော့ ဦးနုခေတ်က အလွန်ကြွယ်ဝချမ်းသာတဲ့ ရတနာကုန်သည်တဦးဖြစ်ပါတယ်။ မိုးကုတ်မြို့ က ဒီမို ကရေစီလှုပ်ရှားမှု မှာအလွန်တက်ကြွစွာထောက်ခံတဲ့မြို့ ဖြစ်ပြီး ရတနာလုပ်ငန်းရှင်များက ဒီမိုကရေစီအင် အားစု များကိုတက်ကြွစွာ ထောက်ခံအားပေးခဲ့ကြတဲ့ အစဉ်အလာရှိပါတယ်။

ရန်ကုန်မြို့ ခံတွေကတော့ နအဖက ခဲတလုံးနဲ့ ငှက်နစ်ကောင်းပြစ်လိုက်တာလား လုံခြုံရေး ဒီလောက် ထူထပ်တဲ့ နေရာမှာ သေနတ်တွေကို သုံးပြီး လူသတ်မှု ကျူးလွန်နိင်တာ ဟာ နအဖ အာဏာ ပိုင်တွေ ပတ်သက်နေမလား လို့ ပြောဆိုနေကြပါတယ်။ မြန်မာ ပြည်မှာ ဆင်းရဲ တဲ့ သူရောချမ်းသာတဲ့သူတွေရဲ့ ဘ၀ဟာ လုံခြုံမှု လုံးဝကင်းမဲ့ နေတယ်ဆိုတာကတော့ ဒီအမူက အထင်အရှား ပြသနေပါတယ်။ ရကရ ရဲ မှုးကြီးဝင်းမောင် က ဒီအမှု ကို ကိုင်ထားပြီး ဦးချာလီရဲ့ သားမက်ကို လည်း မသင်္ကာမှု နဲ့ ဖမ်းဆီးထားကြောင်းသိရပါတယ်။

No comments :