Friday, 7 March 2008

ကြေညာချက်

လေးစားအပ်ပါသောမိတ်ဆွေများ
ရဲဘော်များခင်ဗျား ကျနော်တို့ လူထုစစ်တမ်းတခုကောက်ယူပြီး ရလဒ်တွေကို မေလ ဆန္ဒခံယူပွဲမတိုင်မှီ လက်ကမ်းစာစောင် အဖြစ် ထုတ်ဝေသွားခြင်ပါတယ်။

နအဖ က မြန်မာ ပြည်ကို အုပ်ချုပ်နေခြင်းကြောင့် သင့်အခွင့်အရေးတွေ ဘာတွေဆုံးရှုံးနေပါသလည်း ။ ဘာတွေအကျိုးရှိနေပါသလည်း

ဒီမေးခွန်းကို Comment ရေးထားခဲ့ပေးစေခြင်ပါတယ်။ လိုတိုးရင်း ရေးပေးနိင်ရင်ပိုပြီးကောင်းပါတယ်။

11 comments :

Thadar (မသဒ္ဓါ ) said...

သဘာဝသယံဇာတတွေပြုန်းတီး..
ရေကြီးလို့ မိုးခေါင်.
တောကောင် မျိုးပြုန်း.သီးနှံဆူံးရှုံး.
မြေဆီလွှာပြုန်း တောတောင်တွေ သစ်ပင် သုန်းတဲ့အခါ..
နှစ် ၂၀ ကြာတောင် ပြန်ပြင်ရန် ခက်ခဲ..
အာရှရဲ့ စပါးအိုးကို..ခွဲခဲ့ကြတာ..
ဒီ စစ်အစိုးရပါဘဲ ကိုယ်လူ.
ဗမာမှန်ရင်ဂုဏ်သာယူ..
ဒီလောက်ညံ့တဲ့ သူ
ကမ္ဘာပေါ်မရှိတဲ့ ..စစ်သားလူ..။

Lun Lunn said...

ပညာရေး၊ စီးပွားရေး တရှိန်ထိုး နိမ့်ပါးလာခြင်း နှင့်
လူ့အခွင့်အရေး အားလုံး အချိုးဖေါက်ခံရခြင်း။

သဘာဝ သယံဇာတ အရင်းအမြစ်များကို
စည်းစနစ်ကျနစွာ သုံးစွဲမှု မရှိခြင်း နှင့် အကျိုးအမြတ်ကို ယင်းတို့ ကိုယ်ကျိုး အတွက်သာ သုံးစွဲခြင်း။

တိုင်းပြည် တိုးတက်ရေးအတွက် လိုအပ်သော တတ် သိ
ပညာရှင် အများစု စားဝတ်နေရေးအတွက် ပြည်ပသို့
သွားရောက် အလုပ်၊ လုပ်ကြရခြင်း။

အမျိုးကောင်း သမီးပျိုများ မိသားစု ကြပ်တည်းမှုကြောင့်
မိမိကိုယ်ကို ရင်းနှီး လုပ်ကိုင်လာမှု ပိုမို များပြားလာခြင်း။

အနာဂတ် ရင်သွေးငယ်များ ဆေးပညာပိုင်း ဆိုင်ရာ
စနစ်တကျ ပံ့ပိုးမှု နည်းပါးခြင်းကြောင့် သေပျောက်မှုနှုန်း ပိုမို များပြားလာခြင်း။

စည်းစနစ် မရှိသော အုပ်ချုပ်မှု (သို့) အကွက်ချ စာရိတ္တ
ဖျက်ဆီးခံရမှုကြောင့် မြန်မာပြည်သူများ အားလုံးနီးပါး
ပြန်လည် ပြုပြင်ရန် ခက်ခဲသော ယဉ်ကျေးမှု အင်မတန်
နိမ့်ပါးသထက် နိမ့်ပါးခြင်း။

မောင်တင်ယု said...

ဆုံးရှုံးတာပေါ့ဗျာ၊
တိုင်းပြည်တစ်ခုလုံးအနေနဲ့ တောင်မပြောပါဗျာ
ကျွန်တော်တို့ မိသားစု ဘ၀နဲ့ 
ပြောရရင် ဗျာ မဆလလို့ ခေါ်တဲ့ သူတို့ ရဲ့ အဖေ
ဦးနေ၀င်း (ခေါ် )ဗိုလ်ချုပ်နေ၀င်း ကစခဲ့ တာမို့ ပါ၊

စစ်တမ်းအနေနဲ့ တစ်ယောက်ခြင်းဆုံးရှုံးရခြင်းကို ဆိုရင်တော့...

ကျွန်တော်တစ်ယောက်တည်းအတွက်ဆိုရင်တော့
ကျွန်တော်ငယ်ငယ်လေးကတည်းကမွဲတယ်ဗျာ..
ဘာလို လည်းဆိုတော့ ၁၉၆၂ မှာအာဏာသိမ်းသွားလို့ 
အဖေကောအမေကော ပိုင်ဆိုင်တာဆိုလို မွေးထားတဲ့ 
သား၃ ယောက်နဲ့ သမီး ၃ ယောက်ဘဲ ရှိတော့တယ်။
နောက်ပြီးအဖေက နိုင်ငံရေးလုပ်လိုက်တော့ စစ်တပ်အစိုးရက နှိပ်စက်အနိုင်ကျင့်တာကတော့ ရစရာကို မရှိတော့ဘူး၊ ကုန်းကောက်ရင်တောင် ဖင်ပေါ်မှာဆိုးလို့ မကောက်ရဲတဲ့ ဘ၀ကိုရောက်ခဲ့ 
့ရတယ်။

နောက်တစ်ခုကမိသားစုစုံစုံလင်လင်နဲ့ မနေရဘူး
ထမင်းမစားရဘူး၊ စားဘူတာကိုပြန်တွက်ရင် ထမင်းနပ်
၁၀၀တောင်မရှိဘူး။

ပညာရေးဗျာ... သူများတန်းတူမသင်ရဘူး၊
ကျောင်းကောင်းကောင်းတက်ဖို့ အခွင့်ရေးမရခဲ့ ဘူး
လူငယ်ဘ၀ ရန်ဖြစ်တာနဲ့ ထုချေလွှာတောင်မရှိဘူး
ကျောင်းထုပ်ခံရတယ်။ဘာလို့ လည်းဆိုတော့ ရှေ့ဆောင်လူငယ်ကို မ၀င်လို့ ၊

အခြေခံကျောင်းသားဘ၀ ကနေ၊ တက္ကသိုလ်ကျောင်းသားဘ၀ရောက်တော့လည်း
ဘာမှမထူးပါဘူး၊ ကျွန်တော်အမှတ်မှီရက်နဲ့ ဆေးကိုတက်ခွင့်မရဘူး၊ အကြောင်းက
အဖြေတိတိကျကျမရှိဘူး။
ရိုးရိုးပြောရရင် DSA တောင်ဝင်ဖြေသေးတယ်၊ ဟဲဟဲ
မရပါဘူး၊ အောင်စရင်းမထွက်ခင်ကကို သိတယ်၊

ကျောင်းကပြီးတော့လည်းအလုပ်ကိုမရတာ၊
ဘယ်လောက် ဘဲဝင်ဖြေဖြေ နုတ်မေးကြရင်ကျတာဘဲ

စီးပွါးရေးလုပ်ရအောင်ငွေကြေးကလည်းမရှိတော့
တတ်တဲ့ပညာအသိ၊မိတ်ဆွေတွေရဲ့ အဆက်သွယ်နဲ့ 
နိုင်ငံခြားကုမ္မဏီတွေမှာဝင်လုပ်တယ်။ လုပ်ရင်းအတွေ့အကြုံရတော့ လုပ်ငန်းတစ်ခုကိုဦးစီးပြီး
လုပ်ဖို့ အခွင့်အရေးရတယ်၊ အောင်မြင်တယ်ဆိုပါစို့ ဗျာ
သို့ ပေမဲ့ အမြတ်ခွန်ကြတော့  အတူတူ လုပ်သူများပြသလို၊လုပ်သလိုတင်ပြတော့၊ မရဘူးပိုပြီးတော့ဆောင်ရတယ်၊
အဲနောက်ပိုင်းအလုပ်တွေလုပ်တော့ ပိုပြီးသိသာဆော်လာတဲ့အပြင် ၊မပြောမဆို မေးစရာရှိလို့ ပါဆို ပြီး လာခေါ်ခံရတာကို အကြိမ်ပေါင်းကို မနည်းတော့ဘူး၊
ကြာတော့ လုပ်ငန်းရှင်နိုင်ငံခြားသားကစိတ်ပျက်ပြီး
အလုပ်ကို ရပ်ဆဲလိုက်တဲ့ ဘ၀ကိုရောက်သွားတော့တာဘဲ

အခု့ ကျွန်တော့် သားသမီးတွေလက်ထက်ကြတော့
ပိုတောင်ဆော်ခံရသေးတယ်။

အဖိုးရော၊အဖေရော၊ ကနိုင်ငံရေးလုပ်လို့ တဲ့ ၊ ကျောင်းတက်ရင်လည်း သူများထက်ပိုပြီးတော့ ကုန်ကြရတယ်၊ အပိုကြေးတွေကို လိုက်ဆောင်းရာတာ၊
မဖြစ်သင့်၊မရှိထိုက်သော ၀န်ဆောင်ခတွေဆိုပါတော့ဗျာ။
ဒါတွေက ကလေးတွေ မှုလတန်းကနေစပြီးတော့
ယခု သူတို့  တက္ကသိုလ် ဆိုတာကိုတက်ရတဲ့ အချိန်ထိ၊

လူတစ်ယောက်ဖြစ်လာတယ်၊သူ့ ရပိုင်ခွင့်၊လုပ်ပိုင်ခွင့်၊ခံစားပိုင်ခွင့်၊ပြောပိုင်ခွင့်
လေးတွေတောင်ပိုင်ပိုင်နိုင်နိုင်မရခဲ့ တာကျွန်တော့် ဘ၀တွင်မဟုတ်ဘူး၊ကျွန်တော်ကနေဆက်နွယ်လာတဲ့ ရင်သွေးတွေထိကို ခံစားနေရတော့

စစ်တပ်အုပ်ချုပ်ခဲ့သော မြန်မာနိင်ငံမှာ ၁၉၆၂ က နေ ယခုထိ ဘာကိုမှအထူးတလည်ပြောစရာကျွန်တော်တို့  ဘ၀မှာ အစိုးရရဲ့ ကောင်းကွက်ကိုတစ်ခုမှအကျိုးမခံစားရတဲ့ အပြင်၊
အခုထိတိုင်းပြည်အစိုးရကပေးခဲ့ တာမရှိပါဘူး။
ဒီထက်ပြောရရင် ကျွန်တော်တို့  မှာအခွန်ငွေလည်းပေးရသေးတယ်၊ ဘာမှခံစားခွင့်၊ ရပိုင်ခွင့်တောင်မရှိတဲ့  နောက်မှာတော့ဗျာ

ကျန်သောလူမပြောနဲ့ တိုင်းပြည်တိုးတက်ရေးကတော့ဗျာ.......................

မောင်တင်ယု

ကျွန်တော် ကျန်တာတွေမပြောတော့ဘူး

နေထိုင်ရာဒေသတိုင်းမှာလည်း အရင်ကတော့ချမ်းသာပါရဲ့  အခုတော့ပြည်သူပိုင်သိမ်းသွားတော့ သူတို့ 
့ကအထည်ကြီးပျက်တွေ၊ကြည့်ပါလားအခုတော့
ဆိုပြီး ၀ိုင်းပြီးတော့  ပါတီကော၊ကောင်စီကော၊သူတို့  စစ်တပ် အသိုင်းဝိုင်းကသမကြတာ၊

တော်သေးတာပေါ့
ညီမတွေအစ်မတွေတောင်အတန်းရောက်သွားမသွားအောင်ဝိုင်းပြီးတော့ မလုပ်ဆောင်ကြတာ။
ဒါက ကျွန်တော်

Anonymous said...

ကဘာပေါ်မှာ မြန်မာနိုင်ငံက အမှောင်မဲအလင်းရောင်အနဲဆုံး
အညံ့ဆုံးဆေးပေးခန်း ၊ ဆေးရုံ ၊ စာသင်ကျောင်း ၊ တရာရုံးများရှိသော
တစ်ခုထဲသောနိုင်ငံ
လူတိုင်းမှာရှိရမယ့်အခွင့်အရေးတွေကွာဟချက်တွေအကြီးမားဆုံးနိုင်ငံ
လူတိုင်းစားချင်တာစားလို့
ဝတ်သင့်တဲ့အ၀တ်ဝတ်ဖို့
သင့်တင့်တဲ့နေရာအတည်တကျနေလို့
တိုင်းရင်းသားရော ၊ဗမာတွေပါ`ဗျာ´မထူးရင်ခွေးလိုပြေးလွားနေပြီးအိမ်ပြန်လို့
မရတဲ့နိုင်ငံ
အဆိုးဆုံးက
မိမိခြေလက်ဦးဏှောက်နဲ့မိမိထမင်းကိုရှာစားခွင့်မရ
နောက်ဆုံးဖြတ်လမ်းနဲ့``ဂွင်´´တွေကိုပဲရှာပြီး
အခြောင်လိုက်တတ်တဲ့အကျင့်ရှိတဲ့သူတွေအရမ်းများလာအောင်
လူတိုင်းကိုသမာအာဇီဝနဲ့စီးပွားရှာခွင့်မပေးတဲ့
ဘီလူးအစိုးရအတင်းမင်းလုပ်နေတဲ့နိုင်ငံ

Aw Lan said...

So many things we lost.
But I'll try to write just 2 things.
1.The whole national education
2.The whole economic

Aw Lan said...

The main 2 things we lost are our national education and the whole economic.

nyeinchan said...

တိုတိုနဲ့ လိုရင်းပဲ ပြောရရင် ဘာဖိအားမ ဂရုမစိုက်လို့ အုပ်ချုပ်လာတာ အနှစ်၂၀ ရှိပြီ။ အစိုးရမှာ ဘယ်လောက်ကျပ်တည်းပါတယ်ပြောပြော။ ၉၁/၉၂ ဘာဂျတ်နှစ်တွေထက် အများကြီး ချောင်လည်နေပါသည်။
ဘယ်ဖိအားကိုမှဂရုစိုက်မှာ မဟုတ်ဘူးဆိုတာရှင်းပါတယ်။ နအဖက ပြည်တွင်း ဖြစ်ဖြစ်၊ နိုင်ငံတကာက ဖြစ်ဖြစ် လက်နက်နဲ့ ဖိအားမပေးမချင်း ဘာကိုမှ ဂရုစိုက်သွားမှာ မဟုတ်ဘူး။ နအဖကြောက်တာဒီတစ်နည်းပဲရှိတယ်။ခင်းဗျားတို့တစ်တွေ နိုင်ငံတိုးတတ်စေချင်ရင် ဖြစ်တဲ့ နည်းနဲ့ ဖက်ဆစ်စစ်ဝါဒီတွေကိုဖယ်ရှားရမယ်။ ကိုယ်တိုင်တိုက်ပွဲ ၀င်နိုင်ရင်ဝင် မ၀င်နိုင်ရင် အပြင်ကထောက်ပံ့။ ဒါမှမဟုတ်အထောက်အပံ့ကောင်းရအောင်ရှာ။ လက်နက်နဲ့ မတိုက်မချင်း ဘယ်တော့ မှ ဖက်ဆစ်စစ်ဝါဒီတွေကို ဖယ်ရှားနိုင်ဖို့ နည်းလမ်းမရှိ။ သံတမံရေး ဆိုတာ နွားပလာတာကျွေးသလိုပဲ။ မျက်ကန်းတဆေမကြောက် တိုင်းပြည်ကို အမှောင်ထုထဲမှာ ဒီတိုင်းပဲဆက်လျှောက်နေမယ်။ ငြိမ်းချမ်းတဲ့ နည်းနဲ့ နိုင်ငံရေးအံတုရင် ဘာဖြစ်မလဲ။ သတ်လိုက် ဖြတ်လိုက်၊ ဖမ်းဆီးလိုက်၊ မိသားစုလိုက်၊ဆွေမျိုးလိုက်ဒုက္ခပေးလိုက်၊နောက်ဆုံဘာဖြစ်လဲ။ ပြည်သူတွေပါ ကြာလာတော့ စိတ်ဓါတ်ကျလာတယ်။ ဒီကောင်တွေက ဒါမျိုးတွေကို ရိုးနေပြီ။ ကောင်းကောင်ကိုင်တွယ်နိုင်တဲ့ အတွေ့အကြုံတွေသူတို့မှာ အများကြီးရှိတယ်။ စစ်ရေးနည်းနဲ့ နည်းလမ်းရှာပြီးဖိအာပေးကိုပေးရတော့မယ့်
အခြေအနေကိုရောက်နေပါပြီ။
အားလုံးကိုကျေးဇူးတင်ပါတယ်။

Tachileik said...

if THAN SHWE win alot of people will die.its not a goke.

Tachileik said...

if THAN SHWE win alot of people will die.its not a goke.