ဖိလစ်ပိုင် သမ္မတ ဂလိုရီယို က မြန်မာစစ်အစိုးရ ကို ကမ္ဘာကုလသမဂ္ဂ ကတင်ပြ ပြောဆို အကြံပေးတာ နှင့် အခြေခံဥပဒေ ဆန္ဒခံယူပွဲကျင်းပအရေးပေါ် လေ့လာစောင့်ကြည့်ရေးကို ငြင်းပယ်ခြင်းအပေါ် ပြန်လည် စဉ်းစားသင့်ကြောင်း ကို ဖိလစ်ပိုင် နိုင်ငံ အနေနှင့် တရားဝင်ထုတ်ပြန် ပြောကြား လိုက်ပါတယ်။ ဒီမိုကရေစီကို လုပ်ဆောင်နေသော အပြော နှင့် အတူ လုပ်ဆောင်သော ခြေလှမ်းမှာ လွန်စွာ စက်ဆုပ် ကြေကွဲမိပါကြောင်း၊ အရှေ့တောင် အာရှနိုင်ငံဒေသ တွင်း အဖွဲ့ဝင်ဖြစ်သော မြန်မာနိုင်ငံမှ ကုလသမဂ္ဂ အထွေတွေအတွင်းရေးမှုး ချုပ်၏ အထူးကိုယ်စားလှယ် ဒီဗာရာဟင်ဂန်ဘာရီ တင်ပြတောင်းဆိုအကြံပေးမူ့ ကို ရွေးချယ်တင်မြှောက်ရေး နှင့် တွေ့ဆုံပြီး ထွက်လာသောသောကြာနေ့ ရလဒ်ကို ကြည့်ပြီး ပြောလိုက်ခြင်း ဖြစ်ပါသည်။
လွတ်လပ်ခြင်း၊ တရားမျှတခြင်း သည် ဒီမိုကရေစီ၏ အခြေခံမျိုးစေ့ဖြစ်သည် ဆိုသည်ဟုလည်း ပြောဆိုလိုက် သည်။ ထိုအတူ ပြင်ပ လေ့လာစောင့်ကြည့်သုံးသပ်သူတွေ ရဲ့ လုပ်ဆောင်ချက် သည် မည်သို့မှ တိုင်းပြည် တစ်ခု၏ အချုပ်ချာအာဏာကို ထိပါး နှောက်ယှက်နိုင်သည် မဟုတ်၊ လည်းဆိုပါသည်။ ထိုအပြင် ပို၍ကောင်း မွန်သောသိသာမြင်သာ ထင်သာသော ပြီးဆုံး အောင်မြင်သော လုပ်ငန်း တစ်ရပ်ကို ပြီးမြှောက်ရနိင်ရန် လုပ် ဆောင်ခြင်း သည်ပင်ဖြစ်သည်။ မြန်မာ စစ်အစိုးရ အနေဖြင့် ကမ္ဘာ့ ကုလသမဂ္ဂ အထွေတွေ အတွင်းရေးမှုးချုပ် ၏အထူး ကိုယ်စားလှယ် တောင်းဆိုတင်ပြချက် ကို လက်မတုံနှေးသင့်ကြောင်း နှင့် အချိန်မှီ လက်ခံသင်ကြောင်း ပြောဆိုသွားပါသည်။ ထိုသို့ လက်ခံ လုပ်ဆောင်ခြင်း သည်ပင်လျှင် ဒီမိုက ရေစီကို ဖေါ်ဆောင်ရာတွင် အလွန် ရှည်ကြာစွာ သွားနေခဲ့သော မြန်မာနိုင်ငံအတွက် လုပ်ရမည့် အလုပ် တစ်ခုဖြစ်နေသည်။ မြန်မာ ( ယခင် ခေါ်ဆိုသည်မှာ ဗမာ နိုင်ငံ) နိုင်ငံ တွင် အခြေခံဥပဒေဆန္ဒခံယူပွဲကို ရက် အတိ အကျ မဟုတ်ပေမဲ့ လာမဲ့ မေလ ၂၀၀၈ တွင် ပြည်သူလူထုထောက်ခံပွဲကိုကျင်းပမည်ဖြစ်ပြီး၊ ထို အခြေခံဥပဒေကို ရေးဆွဲရန်အတွက် လွန်ခဲ့သော ၁၄နှစ်ကျော်မှပင် မြန်မာစစ်အစိုးရသဘောကြ၊ သဘောတူသူ စိတ်ကြိုက် ရွေးချယ် ထားသောသူများကိုခန့်ထား ရေးဆွဲခဲ့ပါသည်။ ထို အခြေခံဥပဒေသည် မြန်မာ့စစ်တပ်မှ တိုင်းပြည် အနာဂါတ်ကို ဦးဆောင် အခန်း ကို ထိပ်တန်းမှထားပြီး အာဏာချုပ်ကိုင်ပေးစေကာ တည်ထောင် သော အရပ်သား အစိုးရတရပ်ကို အသားပေး ဖေါ်ကျူးထားပါသည်။ ဆန္ဒခံယူပွဲကို ကျင်းပမည့် ရက်အတိအကျ ကို ၂၁ ရက် ကြိုတင်၍ ကြေညာ ထုတ်ပြန်ပြီးနောက်၊ ထိုမှတဆင့်တက်ကာ နိုင်ငံရေးပါတီများမှ ပြည်သူ့ ကိုယ်စားလှယ် ရွေးချယ်တင်မြှောက်နိုင်ရန် ၂၀၁၀တွင်ပြုလုပ်မည် ဟု၎င်းတို့ ဘာသာရေး ဆွဲကြေညာ ထားသော ဒီမိုကရေစီ လမ်းပြမြေပုံပါအဆင့်များကို တစ်ခုခြင်း တဆင့်ပြီးတဆင့် အကောင်ထည် ဖေါ်ဆောင် သွားသည် ပြောဆို ကြသည်။
ဖီလစ်ပိုင် နှင့် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ အသင်းဝင် နိုင်ငံများ ဖြစ်ပြီး၊ စစ်အစိုးရ၏ နိုင်ငံအပေါ် ပျက် ကွက် လုပ်ဆောင်ခြင်းများနှင့် နှောင့်နှေးစွာ လုပ်ဆောင်နေသော ဒီမိုကရေစီမကျသော နည်းများကို၊ အများ ဆုံး အပြင်းထန်ဆုံး၊ ဝေဖန်သော နိုင်ငံ ဖြစ်သည်။

No comments :
Post a Comment