ဂမ္ဘာရီ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ
AP,
8 March
ဘာသာပြန် - ကျော်
မြန်မာနိုင်ငံမှာ နိုင်ငံရေးပြန်လည်သင့်မြတ် ရေးကြိုးပမ်းဖို့ သွားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူး သံကိုယ်စား လှယ် မစ္စတာ ဂမ်ဘာရီ ဟာ ဒီကနေ့ စနေနေ့မှာ အမျိုးသားဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်၊ အခြားအတိုက်အခံအင်အားစုများနှင့် တွေ့ဆုံခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ဂမ်ဘာရီ နှင့် တွေ့ဆုံဖို့အတွက် နေအိမ်ကနေ ဂမ်ဘာရီနေထိုင်ရာ တပ်မတော် ဧည့်ရိပ်သာကို ကားနဲ့ခေါ်သွားခဲ့တာဖြစ်ပါတယ်။ မစ္စတာ ဂမ်ဘာရီအား ကုလသမဂ္ဂ အထွေထွေ အတွင်းရေး မှူးချုပ် ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဖို့ ဇယားဆွဲပေးခဲ့တာဖြစ်ကြောင်း ပြောပြပါတယ်။ ဒါပေမယ့် သူနဲ့ ဒေါ်အောင်ဆန်းစုကြည် နီးနီးကပ်ကပ် အသေးစိတ် ဆွေးနွေးခဲ့ပုံ ရပါတယ်။
မစ္စတာ ဂမ်ဘာရီ ဟာ အစောပိုင်းက တိုင်းရင်းသားကိုယ်စားလှယ်များ၊ NGO များ နှင့် NLD မှ အမှုဆောင် အဖွဲ့ဝင်တွေ အပါအ၀င် အခြားနိုင်ငံရေးအဖွဲ့အစည်းများနှင့် အစောပိုင်းက တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။
ခုလို မစ္စတာဂမ်ဘာရီ နှင့် မနက်ခင်း တစ်နာရီကြာကြာ တွေ့ဆုံကြစဉ်အချိန်မှာ NLD ပါတီမှ ခေါင်းဆောင် ၅ ဦး က စစ်အစိုးရနှင့် တွေ့ညှိနှိုင်းဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ သူတို့ရဲ့ ဆန္ဒတွေကို ထုတ်ဖော် ပြောကြားခဲ့ ပါတယ်။
အခုလိုအခြေအနေဟာ ကုလသမဂ္ဂက လုပ်ရိုးလုပ်စဉ် ခါတိုင်းကဲ့သို့ ဆောင်ရွက်တာဖြစ်သလို၊ ကုလသမဂ္ဂရဲ့ တောင်းဆိုချက်များအတိုင်း စစ်အစိုးရအနေနဲ့ အကောင်အထည်ဖော်မယ့် အရိပ်အရောင်တောင် မတွေ့ရသေးပါဘူး။ ဒါပေမယ့် ဂမ်ဘာရီအနေနဲ့ သူ့ဘက်က မြန်မာနိုင်ငံအရေးနဲ့ ပက်သက်ပြီး အစွမ်းကုန် ကြိုးစား သွားပါ့မယ်လို့ ပြောသွားခဲ့ပါတယ်။
စစ်အစိုးရဘက်မှ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က သောကြာနေ့က မစ္စတာဂမ်ဘာရီကို ပြောဆိုရာမှာ သူတို့ ဘက်က ဆက်သွယ်ရေးအရာရှိတစ်ယောက်ကို ခန့်အပ်ပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် လုံလောက်တဲ့ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပြုလုပ်ပြီးသွားပါပြီလို့ ပြောကြားခဲ့ပါတယ်။ ဗိုလ်ချုပ် သန်းရွှေနေနှင့် က ဒေါ်အောင် ဆန်းစုကြည်အနေနဲ့ ထိပ်တိုက်ရင်ဆိုင်ရေးဆို တဲ့ သဘောထားနဲ့ စစ်အစိုးရအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို ရပ်တန့်ဖို့ တောင်းဆိုပေးမယ်ဆိုရင် သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံဖို့ဆန္ဒရှိပါတယ်လို့ အစောပိုင်း က ပြောကြားခဲ့ပါတယ်။
သတင်းနှင့်ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ကျော်ဆန်းက မစ္စတာ ဂမ်ဘာရီကို မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိပါဘူးလို့ ဒီတစ်ခါပြောဆိုလိုက်ပါတယ်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေး မငြိမ်သက်အောင်လုပ် လို့ အခုလို ဖမ်းဆီး ထိန်းသိမ်းထားတာပါ လို့ ၎င်းက နိုင်ငံပိုင်သတင်းစာတွေက တစ် ဆင့် ပြောကြားခဲ့ပါသေးတယ်။ ကျော်ဆန်းဟာ မြန်မာနိုင်ငံပြုပြင်ရေးကို ၀ိုင်းဝန်းထောက်ပံ့ကြဖို့ အာဆီယံ ဒေသတွင်းမှာ ခရီးလှည့်လည်ခဲ့တဲ့ မစ္စတာ ဂမ်ဘာရီရဲ့ခရီးစဉ်တွေကိုလည်း မနှစ်သက်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
မစ္စတာဂမ်ဘာရီဟာ သူ့ရဲ့မြန်မာနိုင်ငံကို တတိယ ခရီးစဉ်အဖြစ် ကြာသပတေးနေ့ကရောက်ရှိခဲ့ပါတယ်။ အခုလို လာရတဲ့ အကြောင်းအရင်းကတော့ စစ်အစိုးရဟာ နိုင်ငံပြုပြင်ပြောင်းလဲရေးကို လျစ်လျူရှုပြီး အာဏာကိုသာ စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ စစ်အစိုးရဟာ ပြည်သူ့ဆန္ဒခံယူပွဲကို မေလမှာ ကျင်းပမှာဖြစ်ကြောင်းနဲ့ ၂၀၁၀ မှာ ရွေးကောက်ပွဲအသစ်ပြုလုပ်မှာ ဖြစ်ကြောင်း ပြီးခဲ့တဲ့လက ကြေငြာခဲ့ပါတယ်။ အဲဒီလိုကြေငြာချက်ဟာ စစ်အစိုးရ အစောပိုင်းက ပြောခဲ့တဲ့ "ဒီမိုကရေစီအတွက် လမ်းပြမြေပုံ" ဆိုတဲ့ အဆင့်တွေထဲက ပထမဆုံး ရက်စွဲအတိ အကျနဲ့ ကြေငြာခဲ့တဲ့ ပထမဆုံး ကြေငြာချက်ဖြစ်ပါတယ်။ စစ်အစိုးရနဲ့ သဘောထားကွဲလွဲသူတွေ၊ သံတမန်တွေနဲ့ လူ့အခွင့်အရေး အင်အားစုများ ကတော့ စစ်အစိုးရရဲ့ လမ်းပြမြေပုံဟာ သူတို့အာဏာတည်မြဲစေဖို့အတွက် ရေးဆွဲထားတဲ့ အတုအယောင် လမ်းပြမြေပုံတစ်ခုသာ ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီးပါပြီ။
ကိုယ်စားလှယ်တွေ ပါဝင်ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ဖို့ (သို့မဟုတ်) အသစ်တစ်ဖန်ပြန်လည် ရေးဆွဲဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို လာမယ့်မေလမှာ ကျင်းပမယ့် ပြည်သူ့ဆန္ဒခံယူပွဲမှာ ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်နဲ့ အတည်ပြုမှာ ဖြစ်တယ်" လို့ ကျော်ဆန်းက သောကြာနေ့ က မစ္စတာဂမ်ဘာရီ ကို ပြောသွားတာဖြစ်ပါတယ်။
No comments :
Post a Comment