န၀တမှ ဂန်ဘာရီလာရင်လုပ်ဆောင်ပေးမဲ ၊့လုပ်ဆောင်မဲ့ အစီစဉ်တွေကိုဖြစ်မယ်ဆိုတာရယ်၊ဘယ်လို သွား နိုင်တယ်ဆိုတာကိုကြိုစဉ်းစားကြည့်ရအောင်၊
ဂန်ဘာရီကို သံတမာန် စကားတွေရဲ့ အစ ဖြစ် သော သာကြောင်းမာကြောင်းတွေပြောပြီး ရွေးကောက်ပွဲလုပ်မဲ့ ကော်မရှင်နဲ့ပေးတွေ့မယ်။ ပြီးတော့ လည်းအခြေခံဥပဒေရေးတဲ့ကောင်တွေနဲ့ပေးတွေ့မယ်၊ လူမှု့ အဖွဲ့ စည်းတွေကို ဒုတိယအကြိမ် ပြန်ပြီး တော့ ဂန်ဘာရီနဲ့ ပေးတွေ့ မယ်၊ ထိုအဖွဲ့ မှတိုင်းပြည်ကို သူတို့ တွေ ဘယ် လောက် ထိလုပ်ပေးနေတယ်။
ဂန်ဘာရီကနေအရင်တစ်ခေါက်ကဟုတ်တာမဟုတ်တာဖယ်ထားလာခဲ့သောပင်မအဖွဲ့ စည်းကြီးရဲမှုတွေ၊ သံတမာန်တွေရဲ့  လုပ်နည်းလုပ်ဟန်တော့ လုပ်ရပါမယ်၊ ဒီတော့ ဆပ်ဆော့ပြီး မေးမြန်း ပြောဆိုသွားတာတွေ ဘာတွေလုပ်ထားပါတယ် ဆိုတာကို မယောင်ရာဆီလူး၊ အလုပ်ကြီးတစ်ခုသဖွယ် လုပ်ပြပြောဆိုပြပါတော့မယ်၊ ဘယ် လောက်ကို သူတို့မှာ ပူးပေါင်း ဆောင်ရွက်ခြင်းတွေကို ဟန်လုပ်ပြပါတော့မယ်။ နောက်ပြီးတော့ ဂန်ဘာရီ ကို နေပြည်တော်မှာ နပ်မှာကတော့အသေအချာပါ၊ အခြေအနေမကောင်းရင် အကြံဖန် ဗုံးပေါက်ကွဲခြင်း တောင် လုပ်ပါလိမ့်မည်။
ဗိုလ်ချုပ် သန်းရွှေနဲ့ လည်းပေးမတွေ့ ပါဘူး၊ ဗိုလ်ချုပ်မောင်အေးနဲ့ လည်းပေးမတွေ့ ပါဘူး၊
ဂန်ဘာရီအများဆုံးတွေ့ ခွင့်ရမယ်ဆိုရင်တောင်ဗိုလိချုပ်သန်းစိန် ဆိုသော ၀န်ကြီးချုပ် ရထားသောသူပါဘဲ။
သူတို့တွေခွဲပြီးတော့ပုံစံတစ်ခုနဲ့သွားပါတော့မယ်။ဆိုလိုတာက ၀န်ကြီး၊၀န်ရာ၊အစိုးရအဖွဲ့ ဆိုသော နေရာကိုယူပြီးတော့လုပ်သွားမှာပါ။
န၀တနဲ့ အစိုးရအဖွဲ့ ကိုခွဲပြီးတော့လုပ်သွားပြတာပါ (အ၀တ်အစားကို ပြောင်းပြီးတော့ဝတ်ကာ ကပြ သောပွဲ လိုပေါ့၊ မင်းညီ၊ မင်းသားတွေ ကတော့ ဒီပုတ်ထဲကပဲတွေပါဘဲ)။
ပြန်ခါနီးမှာတော့ ဂန်ဘာရီကို ဒေါ်အောင်ဆန်းစုကြည်နှင့်ပေးတွေ့ ချင်မှတွေ့ ပေးပေမဲ့ အမျိုးသား ဒီမိုက ရေစီနှင့် တစည ပါတီ တွေ ကိုတော့ပေးတွေ့ မှာပါ၊ ဘာကြောင့်လည်းဆိုတော့ ဂန်ဘာရီကို အမျိုးသား ဒီမိုက ရေစီမရှိပေမဲ့ တစညရှိတယ်ဆိုသော အကြောင်းရယ် လေလှိုင်းပေါ်ကနေနားထောင်နေသော ဂန်ဘာရီထံမှ ဘာမှတိုးတက်မှုမရှိနိုင်ဘူး ဆိုတာကို တွက်နေကြသော မြန်မာ့နိုင်ငံရေး အခင်းအကျင်း ဆရာတွေရယ်ကို သ တင်း ပေးလိုက်တာထက်၊ ခြေလှမ်းစ ဖွင့်ကြောင်း ပြော လိုက်တာပါ။
တကယ်တမ်း ၊ အဓိကပြစ်မှတ် ကတော့ ပြည်တွင်းမှာနေသော မြန်မာပြည်သူတွေကို ပြည်သူတွေခြင်း ဆန္ဒခံ ယူပွဲ အကြောင်းကိုသာစကားပြောခြင်းနှင့်အချိန်ကို ကုန်ခိုင်းလိုက်တာပါ။
တိုင်းရင်းသားပြည်သူကို ပြောနိုင်သောစကား၊ထိရောက်သော စကား၊ ပြည်တွင်း၊ ပြည်ပနိုင်ငံရေး လှုပ်ရှားမှု တွေကို သူမကနေ ကောင်းကောင်းစကားပြောခွင့် မရသွားအောင်ပါ။
ဒီတော့ န၀တက ရိုးရိုးစင်းစင်းလေး တစ်ခု ကို စပြီး လုပ်ဆောင်ညှစ်ပတ်မူ စလိုက်မည် ဟုထင်ပါသည်။
ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ ကိုသူတို့ ခြားကိုခြားရတော့ မှ သူတို့ နိုင်မှာ ဖြစ်သလို ၊ ဒေါ်အောင်ဆန်းစုကြည်မှ ဂန်ဘာရီကတဆင့်သော်၎င်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ မှတဆင့် ပြော လိုက်မဲ့ စကားတွေကို ရပ်တန့် လိုက်နိုင်အောင် အစပြုလုပ်ရင်း သူတို့ လိုချင်သောလမ်း ကိုရအောင် အဓိက ဆောင်ရွက်တော့မှာပါ။
ဒီမှာနောက်ဆက်တွဲ အပေါ်ကပြောသလိုဖြစ်လာလျှင် ဂန်ဘာရီဆီက ထွက်လာသောအခြေအနေ တွင်ပြည်ပနိုင်ငံတွေ ရဲ့ တုံပြန်ချက် ပြည်ပနိုင်ငံရေး အတိုက်ခံတို့ ရဲ့ ဆူညံခြင်း၊ ပြည်ပ အတိုက်ခံတိုြ့ကားမှာမရ၊ ရတာဘဲ ယူပြီးလုပ်မယ် ဆိုသော ဆိတ်လစေ့များတို့ နဲ့  ပြတ်ပြတ်သားသားသွားမယ် ဆိုသောသူတွေကြားမှာ ယောင်တောင်တောင် ကယောင်ကတန်းလုပ်နေကြသော မဲပေးနိုင်သောသူများကို ခွဲခြားပြစ်လိုက်ခြင်း၊ ထို့  အတူ ပြည်တွင်းတွင် သူတို့ ပြောသောစကားတွေမှုတွေ၊ ရောက်နေပြီဖြစ်သော သူတို့ ရဲ့ လုပ်ငန်းတွေကို ပြန်ပြီး ပြောပြခြင်းတဆင့်စကားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ရအောင်ပုံဖေါ်နေသော အပြီးစမ်း သော စကားစကားကတော့ ရွေးကောက်ပွဲကိုတော့ ဖျက်ဖို့ မကြံစေချင်ကြောင်း၊ အမျိုးသားဒီမိုကရေစီကိုလည်း ပြစ်ပယ်ပြီး ထားခဲ့မှာမဟုတ်တဲ့အပြင် တွဲခေါ်မှာဖြစ်ကြောင်း၊ သို့ သော်တိုင်းပြည် ၏ အ ခြေခံ ဥပဒေပေါ်ပေါ်က်အောင်လာမဲ့ ဆန္ဒခံယူပွဲကို အောင်မြင်အောင် ပူးပေါင်းဆောင် ရွက်စေလိုကြောင်း ဆိုသော စကားအပြင်၊ နောက်ကွယ်တွင်ပါလာမှာဖြစ်သော စကားအမှန်ကတော့ မင်းတို့ လိုက်ပြီးတော့ လုပ်ရင်လုပ် မလုပ်ရင်တော့ ငါတို့ ကတော့ ဘုရားသားကိုတောင် သတ်လာတာ၊ မင်းတို့ လိုမျိုး နောက်ထပ် အယောက် ၅၀၀၀ထောင်မကလို့  ၁၀၀၀၀လည်းသတ်အုံးမှာဆိုတာရယ်၊ ပါတီကို မြေပေါ်ကနေထက် တောထဲ ကိုအပြီးရောက် အောင်ပေးပို့လိုက်မှာ ဆိုသော အခင်းအကျင်းတွေက ပြင်ဆင်ပြီးသားဆိုတာ ကို လည်း ပြသ အုံးမှာဖြစ်ပါတယ်။
ဒီထက်ကြောက်စရာကောင်းသောန၀တ ရဲ့ ခြေလှမ်းတစ်ခုဟုပြောရမှာထက် န၀တ၏ ပက်စက်သော သောက်ကျင့် တစ်ခုကို ဘယ်လိုပြန်ပြီးတော့ ရင်ဆိုင်မယ်ဆိုတာကိုလည်း ပြင်သင့်ပါသည်။
န၀တ၏ တကယ့်မိန်း ကဒုတ်သည် အခြေခံဥပဒေဖြစ်သည်။ ထိုအခြေခံဥပဒေတွင် ၄င်းတို့ ရေရှည်ရေးကို ရေးဆွဲထားသည့်ဖြစ်သောကြောင့် မည်သို့ မှ လက်လွတ်မည်မထင်ပေ၊ ထိုအတွက်ကြောင့် ထိုဥပဒေကြီးကို
ရအောင် အကောင်ထည်ဖေါ်ပြီးတော့အတည်ပြုကာ၊ ၁၉၉၀ပြည့်ရွေးကောက်ပွဲလွတ်တော်အမတ်များ ကိုအုပ်ချုပ်ပါ ဟုပြောလာလျှင်မည်သို့ ဆက်လုပ်မည်နည်း။
ဘာလို့လည်းဆိုတော့ သူတို့ ရဲ့ ကိုယ်ပွားကြံဖွတ်ကို လုလားမြောက်အောင်မွေးထားပြီးသောကြောင့်ပါ။
ထိုကြောင့် စစ်တပ်က ရွေးချယ်နိုင်သောသူများ၊ စစ်တပ်ကို ကိုယ်စားပြုသူများကို ကြံဖွတ်နှင့် အစားထိုး တင် မြှောက်နိုင်ပါသည်။
ထိုသို လုပ်ရခြင်းမှာ၊ကျွန်တော်သိသလောက် နှစ်ပေါင်း ၆၀အတွင်းတွင် မြန်မာနိုင်ငံတွင်ရှိသော စစ်တပ်သော၎င်း၊ တိုင်းပြည်ကို ချစ်လှပါချည်ရဲ့ လို့ အော်နေခဲ့ သောနိုင်ငံရေး စစ်ဗိုလ်ကြီးများ၊ နိုင်ငံရေး လုပ်နေသော ၀ါရင့် နိုင်ငံရေးသမိုင်းဝင် ဆရာကြီး များသည် ကျွန်တော်တို့ မှားခဲ့ပါတယ်၊ ဒါတွေ ကျွန်တော်တို့ မှားခဲ့တယ်၊ ဒါကြောင့် ကျွန်တော်တို့ လုပ်တာတချို့ မှာ မှန်ပေမဲ့ အခြေခံက အမှားကို ကိုင်တွယ်လုပ်ဆောင်ခဲ့လို အမှန်တွေ ကလည်း အမှားတွေပါဘဲ လို့ ပြည်သူကိုဝန်ချပြောဆိုနိုင်သောအဖြစ်ကို မလုပ်ဆောင်နိုင်သောစိတ်ကို မမွေးမြူ ပေးနိုင်ခဲ့သောကြောင့် ၊ မွေးရန်မကျင့်ပေးခဲ့သောကြောင့် ဒါတွေ ဒီလိုဖြစ်တာပါ လို့ဘဲ တိုတိုပြောပါရစေ။
အထူးသဖြင့် ဒါတွေကိုဘာလို့ ဒီလိုလုပ်ဆောင်ရသလည်းဆိုရင်တော့ မြန်မာပြည်ကစစ်တပ်ဗိုလ်ချုပ်တွေ၊၀ါရင့်သော်၎င်း၊ ၀ါနုသော်၎င်းအစဉ်လာကြီးခဲ့သော နိုင်ငံရေးသမားတွေ၊ အားလုံးမရဘူးသော၊အနှစ် ၅၀ကျော် မရခဲ့သောတိုင်းရင်းသား ပြည်သူတော်တော်များမျာကြီးရဲ့ မေတ္တာ၊ ယုံကြည်ကိုးစားခြင်းကို နှစ်တိုတိုကလေးနှင့်ရာနုနုး အပြည့်အ၀ရသွားသောသူကို ကြောက်လန့် နေခြင်း၊ မုန်းတီးခြင်း၊ အကြီး ကျယ် မနာလိုခြင်း တို့ ကြောင့် ဖြစ်ပါသည်၊
ထိုသူကတော့ ကျွန်တော်ကိုမွေးသောအမေမဟုတ်ပေမဲ့  အမေကဲ့သိုပင်လေးစားချစ်ခင်ရသော ဒေါ်အောင် ဆန်းစုကြည် ဖြစ်ပါတယ်။
ထိုသိုဖြစ်လာစေရန်အတွက်ဖြစ်တည်နေမှုတွေကအများကြီးကိုရှိနေပါသည်။ ဒီတော့ ဘာတွေ ဆက်ဖြစ် လာမလည်း ဆိုတာကိုစောင့်ကြည့်မလား၊
ပြတ်ပြတ်သားသားတိုက်ပွဲကိုဝင်မလားဆိုတာကိုဘဲ မေးရတော့ပါမယ်။
အမေသည် အားလုံးကိုဖြတ်ကျော်မယ်
အမေသည်အားလုံးကိုစိုးမိုးမယ်။
အမေသည်အားလုံးကိုအောင်ရမယ်။
(ရွေဝါရောင်တော်လှန်ရေးအောင်ရမည်)
စိုင်းမွန်

No comments :
Post a Comment