ရန်ကုန်မြို့ မှာ လုံခြုံရေးတွေ တိုးချဲ့ ချထားလာတယ်။ အထူးသဖြင့် ပုဇွန်တောင်ဈေးကွေ့ ၊ ကြည်မြင်တိုင်၊ လှည်းတန်း၊ သမိုင်းလမ်းဆုံ၊ ၈ မိုင် လမ်းဆုံ တွေမှာ လုံခြုံရေး အတော်များများချထားတယ်။ စွမ်းအားရှင်တွေကို သာမန်ပုံစံနဲ့ ချထားတယ်။ စွမ်းအားရှင်နဲ့ ကြံဖွတ် နဲ့  တွေက ရဲ ယူနီဖေါင်းတွေ ကိုဝတ်ထားခိုင်းတယ်။ ရဲ တွေက သာမာန် ကြံဖွတ်နဲ့ စွမ်းအားရှင် ပုံစံမျိုး အရပ်ဝတ်နဲ့ ရှိနေတယ်လို့ သိရတယ်။ ရန်ကုန်တိုင်းစစ်ဒေသက တပ်မ ၂၂ ဗိုလ်မှုးကြီး ၀င်းထိန်က တာဝန်ယူထားတယ်။ ၀င်းထိန်က ရန်ကုန်တိုင်း တိုင်းမှုး လှဌေးဝင်းရဲ့ ညီ လှသန်းဝင်း နဲ့  သူငယ်ချင်းလို့ လည်းသိရတယ်။
သူက ၁၉၈၄ ခုနစ်မှာ မြန်မာ စာ နဲ့ ဘွဲ့ ရသူတဦးလို့ သိရတယ်။ သူက မြစ်ဝကျွန်းပေါ် ဖျာပုံမှာအခြေချထားတဲ့ တပ် ခလရ ၆၅ က ပြောင်းလာတာလို့ သိရတယ်။ မြေအောက်ကျောင်းသားတဦးကတော့ လောလောဆယ် ဆန္ဒပြပွဲဖေါ် ထုတ်မယ်ဆိုရင် သိပ်မလွယ်သေးဘူး။ လူတွေ မကျေနပ်ပေမဲ့  လမ်းမပေါ်ထွက်ဖို့ ခက်နေ သေးတယ်။ ပုံစံအသစ်တွေတည်ထွင်ဖို့ လို့ နေတယ်လို့ ဆိုတယ်။ လူထုလှုပ်ရှားမှုကတော့ ဖြစ်တာက ဖြစ်တော့မယ်လို့  သူက ဆိုပါတယ်။ ဂန်ဘာရီရှိတဲ့အချိန်မှာ ကျောင်းသားတွေက လှုပ်ရှားမှုကို လုပ်ဆောင်ချင်နေကြတယ် လို့ သိရပါတယ်။ လောလောဆယ်မှာ ပိုစတာကမ်ပိန်းတွေ ၊ Spray Campaign တွေက လျို့ ဝှက် ပြီး မြန်မြန်လုပ်- မြန်မြန် ခြေရာဖျောက်နည်းစနစ် တွေကို တ်ီထွင် လုပ်နိင်တဲ့အနေထားနဲ့  စတင် သင့်တယ် လို့ အမည် မဖေါ်လိုတဲ့ မြေအောက်ကျောင်းသားများ ကပြောပါတယ်။
No comments :
Post a Comment