Wednesday, 26 March 2008

တိဘက်တွေ အိုလံပစ်တော်လှန်ရေး စပြီ


25 March
By Herald wire service
ကျော်သိင်္ခ
ဘေဂျင်းအိုလံပစ်ကော်မတီရဲ့ ဥက္ကဋ္ဌ ကတော့ ဂရိနိုင်ငံ အိုလံပီယာမြို့မှာ ဒီကနေ့ စတင်ပြီး မိန့်ခွန်းချွေ လိုက် ပါပြီ။ သင်္ကန်းတွေကို ရုံထားတဲ့ ဘုန်းတော်ကြီးတွေက ရှေးရိုးရာ အစဉ်အလာအတိုင်း အိုလံပစ်မီး မီးတောက်ကြီး ကို ထွန်းညှိဖို့ စောင့်ဆိုင်းနေကြပြီ။ ရုတ်တရက်ဆိုသလိုဘဲ ဆန္ဒပြသူတစ်ယောက်က လုံခြုံရေးအစောင့်တွေ တင်းကြပ်နေတဲ့ကြားကနေ ထွက်လာပြီး ဘေဂျင်းအိုလံပစ်ဥက္ကဋ္ဌ လျှူချင့်ရဲ့ အနောက်ကနေ ရပ်ပြီးတော့ ဆန္ဒပြ ပါတော့တယ်။

သူ့ရဲ့လက်ထဲ မှာလည်း အိုလံပစ်သင်္ကေတကို လက်ထိပ်တွေနဲ့ပုံဖော်ထားတဲ့ ပိုစတာကို ကိုင်ဆောင် ထားပါ တယ်။ လျှူချင့် က တရုတ်တရက် မိန့်ခွန်းပြောရာကနေ ရပ်လိုက်တဲ့အချိန်မှာ ရဲက ထိုဆန္ဒပြသူကို ဆွဲထုတ်သွား ပါတယ်။ ထိုအခါမှ လျှူချင့် စကားဆက်ပြောနိုင်ခဲ့ပါတယ်။

အခုလို ဖြစ်သွားတဲ့ပုံစံကတော့ တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေးပေါ်လစီနဲ့ တိဘက်မှာ အကြမ်းဖက်နှိမ်နှင်းခဲ့တဲ့ တရုတ်အစိုးရရဲ့ လုပ်ရပ်တွေကို ဘေဂျင်းအိုလံပစ် စတာနဲ့ ရှေ့မှာ ကြိုတင်ပြီး ဆန္ဒပြကြဖို့ အလားအလာရှိ တယ် ဆို တာ ထုတ်ဖော်ပြသလိုက်တာပါဘဲ။

ဂျာမနီနိုင်ငံကတော့ တရုတ်အစိုးရရဲ့ တိဘက်အပေါ်အကြမ်းဖက်ခဲ့မှုနဲ့ပက်သက်ပြီး ဘေဂျင်းအိုလံပစ်ကို သပိတ် မှောက်တာကို ကန့်ကွက်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂျာမနီနိုင်ငံအနေနဲ့ ဘေဂျင်းအိုလံပစ်ပွဲမှာ သူ့နိုင်ငံက အားကစားအသင်းတစ်သင် စေလွှတ်ဖို့ ကတိပြုထားခဲ့တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဂျာမန် အိုလံပစ်အားကစား သမဂ္ဂ (DOSB) က ၎င်းတို့အနေနဲ့ တိဘက်မှာဖြစ်ပွားခဲ့တဲ့ ကိစ္စအပေါ်မှာ အပြည့်အ၀ အာရုံ စိုက်ကြောင်းနဲ့ တရုတ်နိုင်ငံဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက လူ့အခွင့်အရေး ဖွံ့ဖြိုးအောင် ကြိုးစား ခဲ့သော်ငြားလည်း တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဟာ ယခုထိအောင် ကျေနပ်စရာကောင်း လောက် တဲ့ အဆင့်မရှိသေးကြောင်း ပြောခဲ့ပါတယ်။

ဂျာမန်အိုလံပစ်အားကစားသမဂ္ဂ က ကုလသမဂ္ဂ၊ ဂျာမန်အစိုးရနဲ့ ဒလိုင်လားမားတို့ ဟာ အိုလံပစ်ပွဲတော်အပေါ် သပိတ်မှောက်ခြင်းကို ဆန့်ကျင်ကြောင်းလည်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

No comments :