Wednesday, 26 March 2008
ဖမ်းဆီးမှုတွေကြားက တိဘက်တွေရဲ့ အန်တုမှု
BBC, UK
25 March
ကျော်သိင်္ခ
တိဘက်ဒေသနဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ လုံခြုံရေးတွေကို တိုးမြှင့်ချထားပြီးပါပြီ။ တိဘက်ဒေသအတွင်းရော အပြင်မှာပါ တင်းမာမှုတွေဆက်လက်ရှိနေဆဲပါ။ တနင်္လာနေ့က ဆန္ဒပြပွဲတွေဆက်လက်ဖြစ်ပွားပြီး၊ အင်္ဂါနေ့က လာဆာမြို့တော် ဆန္ဒပြပွဲမှာ လူ ၁၃ ယောက်ထပ်မံဖမ်းဆီးခံရပါတယ်။ အိန္ဒိယအနောက်မြောက်ပိုင်း အခြေစိုက် အဝေးရောက် တိဘက် အစိုးရက မတ်လ ၁၀ ရက်နေ့က တိဘက်ဒေသမှာ စတင်ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေကနေ စပြီး အခုထိ အကြမ်းဖက်သတ်ဖြတ်ခံရသူပေါင်း ၁၄၀ ရှိပြီလို့ အတည်ပြု ပြောကြားလိုက် ပါတယ်။
တရုတ်အစိုးရကတော့ ၁၉ ယောက်သေဆုံးတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ပြင်ပက ကြားနေရတဲ့ သေဆုံးမှုနဲ့ပက်သက်တဲ့ သတင်းတွေကိုတော့ အတည်ပြုလို့မရသေးပါဘူး။ နိုင်ငံခြားသားသတင်း ထောက်တွေကို တော့ တိဘက်ဒေသနဲ့ အခြားကန့်သတ်နယ်မြေတွေကို သွားလာခွင့်တွေ ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။ ဆန္ဒပြပွဲတွေကတော့ လာဆာမြို့တော်မှာ စတင်ခဲ့ပြီး ဆန္ဒပြပွဲတွေရဲ့ အရှိန်ဟာ တဖြည်းဖြည်း မြင့်တက်လာပါတယ်။ အခုဆိုရင် တရုတ်တစ်နိုင်ငံလုံးက တိဘက်လူမျိုးတွေဆီ သာမက ပြည်ပရောက် တိဘက်လူမျိုးများဆီအထိ ဆန္ဒပြပွဲတွေ ပျံ့နှံ့ကုန်ပါပြီ။
တနင်္လာနေ့ကတော့ တိဘက်အရေးလှုပ်ရှားသူတွေဟာ ဂရိနိုင်ငံက ဘေဂျင်းအိုလံပစ်မီးရှူးတိုင် ထွန်းညှိပွဲ ပြိုကွဲဖို့ကြိုးစားခဲ့ကြပါတယ်။
at 13:09
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment