Friday, 14 March 2008

နအဖ သွေးပျက်နေပြီ ၊ အားလုံးအသင့်ပြင်ထားကြ



AP, Yangon
13 March
သာသာပြန် - ကျော်

လွန်ခဲ့တဲ့အနှစ် ၂၀ ကဖြစ်ပွားခဲ့တဲ့ ၈၈ အရေးအခင်းမှာ ကျောင်းသားခေါင်းဆောင် ကိုဖုန်းမော် ကျဆုံးခဲ့တာဟာ ဒီကနေ့ မတ်လ ၁၃ ရက်နေ့ဆိုရင် အနှစ် ၂၀ ပြည့်ခဲ့ပါပြီ။ ဒါကြောင့် နအဖ အာဏာပိုင်တွေက ဆူပူမှုတွေ ဖြစ်မှာ ကိုကြောက်ရွံ့ သွေးပျက်ပြီး မနေ့က စပြီး ရန်ကုန်မှာ လုံခြုံရေးတပ်တွေကို တိုးမြှင့်ချထားလိုက်ပါတယ်။
မျက်မြင်သက်သေတစ်ဦးရဲ့ ပြောပြချက်အရ နံပါတ်တုတ်တွေ၊ ဒိုင်းတွေ နဲ့ မျက်ရည်ယိုဗုံးတွေ သယ်ဆောင်လာတဲ့ လုံခြုံရေးတပ်တွေ တင်ထားတဲ့ စစ်ကားတွေကို ဈေးတွေ နဲ့ အဓိက ကျတဲ့လမ်း ဆုံ၊ လမ်းလေးခွတွေမှာ ဆူပူမှုတွေဖြစ်လာရင် ရုတ်တရက် ဖြိုခွင်းဖို့ ချထားတယ်လို့ဆိုပါတယ်။ အရပ်သားဝတ်စုံနဲ့ ရဲတွေ၊ ကြံ့ဖွတ် နဲ့ စွမ်းအားရှင်တော်တော်များများကိုလည်း နေရာအနှံ့မှာ တွေ့ရတယ်လို့ဆိုပါတယ်။
စစ်စိုးရဆန့်ကျင်ရေး စာရွက်စာတမ်းတွေကိုလည်း နအဖ ရဲ ပြည်သူ့ဆန္ဒခံယူပွဲ နဲ့ ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်မယ်လို့ကြေငြာပြီးကတည်းက ရန်ကုန်မြို့ရဲ့ နေရာအနှံ့ တော်တော်များများမှာ တွေ့နေရပါတယ်။
နအဖ ရဲ့ အတိုက်အခံအဖွဲ့အစည်းတွေ၊ သံတမန်တွေ နဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ နအဖ ရဲ့ အစီအစဉ်တွေဟာ စစ်အာဏာသက်ဆိုးရှည်အောင်ပြုလုပ်ခြင်းဘဲဖြစ်တယ်လို့ ပြောဆိုခဲပြီးပါပြီ။
လုံခြုံရေးတွေကိုတော့ ပြီးခဲ့တဲ့ ဇန်န၀ါရီလက ရန်ကုန်ရထားဘူတာမှာ ဗုံးပေါက်ကွဲကတည်းက ရန်ကုန်မြို့နဲ့ နေပြည်တော် တို့မှာသာမက လမ်းဆုံလမ်းလေးခွနေရာတွေမှာလည်းချထားပါတယ်။ အဲဒီဗုံပေါက်ကွဲမှုမှာ လူနှစ်ယောက်သေပြီး၊ ငါးယောက်ဒဏ်ရာရခဲ့ပါတယ်။ ဒါပေမယ့် စစ်အစိုးရ ကတော့ ယခုလိုဗုံးပေါက်ကွဲမှုမှာ ပြည်တွင်း၊ ပြည်ပအုပ်စုတွေက ပြည်သူတွေကြောက်လန့်အောင် လုပ်တာဖြစ်ကြောင်း စွပ်စွဲခဲ့ပါသေးတယ်။
၁၉၈၈ မတ်လ ၁၃ ရက်နေ့မှာ အသက် ၂၃ နှစ်ရှိ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကို နေ၀င်းရဲ့လက်ပါးစေ တွေက နိုင်ငံရေး မငြိမ်မသက်အောင် လုပ်တယ်ဆိုတဲ့ အငြိုးနဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်။
အဲဒီဖြစ်ရပ်နောက်ပိုင်းမှာဘဲ၊ နေ၀င်းအစိုးရကို အချိန်ကြာမြင့်စွာ ခါးခါးသီးသီး မုန်းတီးနေတဲ့ ပြည်သူလူထုက ဆန့်ကျင်ဆန္ဒပြပွဲတွေ ဆင်နွှဲခဲ့ကြပါတယ်။ အဲဒီဆန္ဒပြပွဲတွေက ဗမာ့လွတ်လပ်ရေး အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်ကို လူထုရှေ့ကနေ မားမားမတ်မတ် ရပ်တည်စေခဲ့တာပါဘဲ။ သူမရဲ့ ပြည်သူတွေဘက်က မားမားမတ်မတ် ရပ်တည်မှုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မွေးဖွားပေးခဲ့တာဖြစ်ပါတယ်။
အဲဒီလို ဒီမိုကရေစီတောင်းဆိုရေးဆန္ဒပြပွဲတွေမှာ စစ်အစိုးရက ကြောက်ကြောက်လန့်လန့်နဲ့ အာဏာကို အလွဲသုံးစားလုပ်ပြီး ဆန္ဒပြသူ ရဟန်း၊ ရှင် လူ၊ ကျောင်းသားပြည်သူတွေကို ပစ်ခတ်ဖြိုခွင်းခဲ့တဲ့အတွက်ကြောင့် တစ်နိုင်ငံလုံးမှာ လူပေါင်း ထောင်နှင့်ချီပြီး သေဆုံးခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေးဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး၊ စစ်အစိုးရက အာဏာကို လုယူခဲ့တဲ့အချိန်ကစပြီး အခုအချိန်အထိ တည်ငြိမ်မှုမရှိ သေးပါဘူး။



Rest of your post

No comments :