စိုက်ပျိုးထားတဲ့ ကြက်ဆူပင်တွေကို ကြည့်ရတာတော့ အရွက်မရှိဘဲ သေနေသလိုပါဘဲ။ စစ်အစိုးရဲ့ အခုလို ဇီဝလောင်စာထုတ်လုပ်ဖို့ နိုင်ငံသားတွေကို ကြက်ဆူပင် တွေ စိုက်ပျိုးခိုင်းတာကတော့ ၎င်းတို့ရဲ့ ခပ်ညံ့ညံ့အတွေးအခေါ် နဲ့ နိုင်ငံသားတွေအတွက် ဆိုးရွားလှတဲ့ ဗဟို စီမံကိန်း တစ်ခုပါဘဲ။
အခုလိုကြက်ဆူပင်စိုက်ပျိုးရတဲ့ ဒုက္ခကို မန္တလေးတိုင်းက ခြောက်သွေ့တဲ့ ဒေသတစ်ခုဖြစ်တဲ့ ပျော်ခြံကျေးရွာက ရွာသား တွေလည်း ခံစားနေရပါတယ်။ ၂၀၀၆ ခုနှစ် နှစ်လယ်ပိုင်းက စပြီး နအဖ အစိုးရဟာ အနည်းဆုံး လယ်တစ်ဧကနှင့်အထက် ပိုင်ဆိုင်တဲ့ လယ်သမားတိုင်း ကြက်ဆူပင် အပင် ၂၀၀ စိုက်ပျိုးရမယ်လို့ အမိန့် ထုတ် ခဲ့ပါတယ်။ လယ်သမားတွေဟာ အစိုးရဆီက ကြက်ဆူပင်မျိုးစေ့ တစ်ထုပ်ကို ၈၀၀ ကျပ်နဲ့ ၀ယ်ယူကြရပါတယ်။ ပိုက်ဆံ ၈၀၀ ဆိုတာ မြန်မာနိုင်ငံမှာ ရှိတဲ့ သာမန် လက်လုပ်လက်စား အလုပ်သမားတစ်ယောက်အတွက် တစ် ရက်လုပ်ခလောက်ရှိပါတယ်။
အခုဆိုရင် နအဖ ရဲ့အတင်းအဓမ္မအမိန့်ပေးစေခိုင်းမှုကြောင့် လမ်ဘေးဝဲယာ နေရာတွေမှာတောင် ကြက်ဆူပင်တွေ စိုက်ပျိုးနေရပါတယ်။ နယ်တွေမှာတင်မကပါ ဘူး။ အပင်စိုက်စရာဆိုလို့ မြေမှုန်တစ်မှုန်တောင် မရှိတဲ့ မြို့ တော်ရန်ကုန်က တိုက်ခန်းတွေကိုတောင် အတင်းဖိအားပေးပြီးစိုက်ခိုင်းလို့ ရန်ကုန်မြို့ကလူတွေ တော်တော် သောက ရောက်နေရပါတယ်။ ရေမလောင်းမိလို့ အပင်သေသွားရင်လည်း အပြောခံရဦးမယ်။ မီးမှန်မှန်မလာ၊ ရေမှန်မှန်မလာတဲ့ ရန်ကုန်လို နေရာမျိုးမှာ အပင်ကိုရေလောင်းဖို့ နေနေသာသာ တစ်တစ်ခါတစ်ခါ ချိုးဖို့ရေ တောင် လုံလုံလောက်လောက် မရပါဘူး။
ပြီးခဲ့တဲ့နှစ်က စွမ်းအင်ဝန်ကြီးဋ္ဌာန ဒုတိယ ၀န်ကြီးက စင်္ကာပူက လောင်စာဆီ နှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းရှင်တွေကို ၂၀၀၇ ခုနှစ်လယ်ပိုင်းလောက်မှာ မြန်မာနိုင်ငံမှာ သဘာဝဓာတ်ငွေ့ထုတ်လုပ်ဖို့ စိုက်ပျိုး ထားတဲ့ စိုက်ခင်းဧက ၇ သန်းရှိလာမှာဖြစ်ကြောင်း၊ အဲဒီအခါ ဇီဝလောင်စာတွေကို စင်္ကာပူသို့ အလျှင်အမြန် တင်ပို့ နိုင်လိမ့်မည်ဖြစ်ကြောင်း ပြောခဲ့ပါသေးတယ်။
ဒါကြောင့် ၂၀၀၆ ခုနှစ်မှာ စစ်အစိုးရဟာ ဒေါ်လာသန်း ၆၀၀ ဖိုး လောင်စာဆီတွေကို ပြည်ပသို့တင်ပို့ခဲ့ပါတယ်။ နောက် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ကတော့ လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာ အကြီးမားဆုံး စစ်အစိုးရဆန့် ကျင် ဆန္ဒပြပွဲတွေ ဖြစ်ခဲ့တာပါဘဲ။ ဒါဟာလည်း လောင်စာဆီ ပြဿနာက စခဲ့တာပါ။
ပြဿနာကတော့ စစ်အစိုးရဟာ ကုန်ကျစရိတ်သက်သာတာ တစ်ခုတည်းကိုတွက် ပြီး သဘာဝ ဇီဝလောင် စာဓာတ်ငွေ့ထုတ်လုပ်ဖို့ ကြက်ဆူပင်တွေ အတင်းဖိအားပေး ပြီးစိုက်ခိုင်းတာလားဆိုတာကို ဘယ်သူသိနိုင်မလဲ။
စစ်တပ်အသိုင်းအ၀ိုင်းနဲ့ အနီးကပ် ပေါင်းသင်းနေသူတွေကတော့ သူတို့ အနေနဲ့ ဇီဝလောင်စာထုတ်လုပ်ရေးမှာ စစ်အစိုးရနဲ့ပူးပေါင်းပါဝင်ဖို့ဆိုတဲ့ အစီအစဉ်တွေကို ကြေငြာပြီးသားပါ။ ဒါပေမယ့် အမှန်တကယ် ဇီဝလောင်စာဓာတ်ငွေ့ဘယ်လောက် ထုတ်လုပ်နိုင်မလဲဆိုတာကိုတော့ ပြောဖို့ခက်ပါတယ်။ ကျွမ်း ကျင် လေ့လာသူတွေ ရဲ့ ကတော့ ဒီနည်းနဲ့ ဇီဝလောင်စာကို သိပ်ပြီးထုတ်လုပ်နိုင်မှာ မဟုတ်ပါဘူး လို့ ပြောပါ တယ်။
ဒါတောင် စစ်အစိုးရဘက်က ၀န်ကြီးတစ်ဦးက ရွာသူရွာသားတွေကို ပြောပြရာမှာတော့ “ကြက်ဆူပင်တွေကို ကိုယ့်အိမ်မှာဘဲ ကိုယ်တိုင်ကြိတ်ပြီးတော့ အမှုန့်တွေကို ပြထားတဲ့ အကြွင်းအကျန်တွေထည့်တဲ့ လောင်စာ ဆီတွေရှိတဲ့ တိုင်ကီထဲကို ထည့်လိုက်” လိုက်လို့ လွယ်လွယ်လေး ပြောသွားတာဘဲ။
“အဲဒြီကက်ဆူသီးတွေကို ဇီဝဓာတ်ငွေ့အဖြစ်ဘယ်လိုပြောင်းလဲ မလဲဆိုတာကို တော့မဆုံးဖြတ်ရသေးပါဘူး။ ဘာ လို့ လဲဆိုတော့ မြန်မာနိုင်ငံမှာ ကြက်ဆူသီးကို အသုံးပြုလို့ရတဲ့ လောင်စာဆီအဖြစ် ပြောင်းလဲနိုင်တဲ့ စွမ်းရည် (နည်းပညာ) မရှိသေးလို့ပါဘဲ” လို့ သြစတေးလျနိုင်ငံ မက်ကွာရီ တက္ကသိုလ်မှ ဆီးန် တာနယ်လ် က ပြောပြ တာ ဖြစ်ပါတယ်။
“ဒီစနစ်တစ်ခုလုံးက အစကနေအဆုံး အသေအချာ သရုပ်ဖော်ပြီးရှင်းပြမှ ရမယ့်ကိစ္စဖြစ်ပါတယ်။ ဗမာနိုင်ငံမှာ တစ်ခါတစ်ရံ စိုက်ပျိုးရေးကဏ္ဍတွေမှာ သဘာဝကျကျတွေးခေါ်ပြီးမဆုံးဖြတ်ကြဘူး” လို့ လည်း ဆီးန်က ပြောပါ တယ်။
စိုစွတ်တဲ့ ရာသီဥတုမျိုးမှာ ယာဉ်လမ်းကြောင်းတောင် မပေါက်တဲ့ ပျော်ခြံကျေးရွာ အနီးတစ်ဝိုက်လို နေရာမျိုးမှာ အခုလိုနေရာအနှံ့ ကြက်ဆူပင်တွေ စိုက်ခိုင်းတာ ဘာမှ အရာမရောက်ပါဘူး။
“ဒါသက်သက် အချိန်ဖြုန်းတာဘဲ” လို့ ညောင်ဦးမြို့ က စီးပွားရေးသမားတစ်ယောက်က ကြက်ဆူပင် စီမံ ကိန်းနဲ့ပက်သက်ပြီး သူ့ရဲ့ အမြင်ကို ပြောပြသွားတာပါ။ “ဒီမှာ အခုထိ လောင်စာထုတ်ထုတ်တဲ့ ဓာတ်ပေါင်း ဖိုဆိုလို့ တစ်ခုတောင် မရှိဘူး။ တကယ်လို့ ရှိတယ်ဆိုရင်တောင် အဲဒီဓာတ်ပေါင်းဖိုက သာမန်ထက် လေးဆ လောက် တောင် ဒီဇယ်ပိုစားသေးတယ်။
စစ်အစိုးရ လုပ်နေတာတွေ အားလုံးက ရုပ်ပြသက်သက်ပါဘဲ။ ကျနော်တို့ ဆီက ရေသွင်းစိုက်ပျိုးဖို့ အသစ် ဖောက် လိုက်တဲ့ ရေနုတ်မြောင်းလိုပါဘဲ။ မြောင်းထဲမှာ ရေဘယ်တော့မှ မရှိဘူး။ သူတို့ဆီက ရေဘယ်တော့မှ မဖွင့်ဘူး” လို့ ယနေ့ စစ်အစိုးရအုပ်ချုပ်မှု အောက်က ဒုက္ခရောက်နေကြရှာတဲ့ မြန်မာ့လယ်သမား တွေရဲ့ ဒုက္ခကို အခုလို ပြောပြသွားခဲ့ပါတယ်။
ဖြစ်မှဖြစ်ပါ့မလား ဆိုတဲ့ သံသယတွေကြားက စစ်အစိုးရအတင်းအဓမ္မခိုင်းတာကို လုပ်နေကြရတဲ့ သာမန် လက်လုပ်လက်စား မြန်မာလယ်သမားတွေကတော့ သူတို့ကြုံတွေ့နေရတဲ့ စစ်အစိုးရ ထုတ်ဖော်တဲ့ ကြက်ဆူပင် သီအိုရီ ကို အခုလို ရင်ဖွင့် ပြခဲ့ပါတယ်။
အခုလို ခပ်ကြောင်ကြောင်နိုင်တဲ့ အတွေးအခေါ်များနဲ့ ကြက်ဆူပင်စိုက်ပျိုးရေး စီမံကိန်းကို အစီအ စဉ်ရေးဆွဲခဲ့သူတွေ ကတော့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ဖမ်းဆီးထားတဲ့ ဗမာပြည်က ခပ်ရူးရူး ခပ်ကြောင်ကြောင် ဗိုလ်မှူး၊ ဗိုလ်ချုပ်ကြီး တွေပါဘဲ။

1 comment :
If they want the support from the public, they should start to make themselves smart and look good.
The psychological fight between the public and the junta will surely continue if the junta keeps going their stupidity. The result is very clear: they will never solve the political and economic crisis.
Who is the most responsible if a business shut down? The manager or the ordinary workers?
Post a Comment