Reuters, Myanmar
12 March
By Ed Cropley
ဘာသာပြန် - ကျော်
မြန်မာနိုင်ငံကနေ အိမ်နီးချင်း ထိုင်းနိုင်ငံဘက်ကို အလည်သွားရင်း သွားကိုက်လို့ သွားဆရာဝန်နဲ့ ပြခဲ့တဲ့ မြန်မာတစ်ယောက် အကြောင်းရေးထားတဲ ပျက်လုံးတစ်ခုကို ပြောပြချင်ပါတယ်။
ထိုင်းလူမျိုးသွားဆရာဝန်က “ခင်ဗျားတို့ မြန်မာနိုင်ငံမှာ သွားဆရာဝန်တွေ ရှိတာသေချာတယ်မို့လား” လို့ မေးပါ တယ်။
မြန်မာလူငယ်ကပြန်ပြီးဖြေပါတယ်။ “ရှိတာပေါ့ဗျာ၊ ကမ္ဘာမှာ အကောင်းဆုံးသွားဆရာဝန်တွေထဲက အချို့က မြန်မာနိုင်ငံကဗျ။ ဒါပေမယ့် သူတို့ရဲ့ ပါးစပ်ကိုတော့ဘယ်သူမှ ဖွင့်လို့မရဘူး” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ဆန္ဒပြပွဲကတည်းက ထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ စစ်အစိုးရဆန့်ကျင် သူတွေနဲ့ သံဃာ တော်တွေဟာ ရာနှင့်ချီပြီး ရှိနေပါသေးတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင် အုပ်စိုးမှုလက်အောက် မှာ ရှိခဲ့တာ အခုဆိုရင် ၄၆ နှစ်တောင်ကျော်ခဲ့ပါပြီ။
ဒါပေမယ့် ကမ္ဘာမှာ အရက်စက်ဆုံးအာဏာရှင်နိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံအတွင်းမှာ နေရာတိုင်းမှာ စစ်အ စိုးရရဲ့ သူလျှိုတွေ၊ သတင်းပေးတွေ ကြားမှာဘဲ စစ်အစိုးရနဲ့ပက်သက်တဲ့ ဝေဖန်မှု၊ သဘောထားကွဲလွဲ မှုတွေ အကြောင်း၊ စစ်အစိုးရနဲ့ ပက်သက်တဲ့ ဇာတ်လမ်းစုံကို ကြားနေရတာပါ။
အဲဒီအထဲကတစ်ခုကတော့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြု တက္ကသိုလ်ရဲ့ ကျောင်းအုပ်ဆရာတော် သက် တော် ၇၁ နှစ်ရှိပြီဖြစ်တဲ့ ဆရာတော်အရှင် ဉာဏိဿရ ရဲ့ တရားခွေတွေလည်းပါပါတယ်။အရှင် ဉာဏိဿရ အနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ဆန္ဒပြပွဲတွေမှာ ပါဝင်ခြင်းမရှိသော်ငြားလည်း ဆရာတော် ရဲ့ တရား DVD အချို့ အခွေတွေဟာ မြန်မာနိုင်ငံအတွင်းမှာ ဖြန်ချိရောင်းချခွင့် ပိတ်ပင်ခံထားရပြီး အခုအခါမှာ အတော်ကို ရေပန်း စားနေပါတယ်။ အဲဒီလိုဘဲ ယခုအခါ မြန်မာနိုင်ငံအတွင်းမှာ တားမြစ်ပိတ်ပင် ခံထားရတဲ့ DVD, VCD အခွေတွေ ကတော့ စစ်အစိုးရကို စောင်းမြောင်းပြောဆိုတယ်လို့ ထင်တဲ့ သီချင်း၊ ဇာတ်လမ်းခွေတွေ နဲ့ ယခု နောက်ဆုံး ထွက်ရှိ တဲ့ ရမ်ဘို ၄ ဇာတ်လမ်းတို့ပါဘဲ။
CD တစ်ချပ်မှာဆိုရင် အရှင် ဉာဏိဿရက BC သုံးရာစုလောက်က လူသတ်ပြီးနယ်မြေတွေကို သိမ်းယူခဲ့တဲ့ အိန္ဒိယဘုရင် အသောကမင်း ရဲ့ဇာတ်လမ်းကို နမူနာပြုပြီးဟောထားတာပါ။ နောက်တစ်ခွေမှာ ဆိုရင် အချို့အ ပင်တွေဟာ ဘာကြောင့် အခြားအပင်တွေထက် မြန်မြန် ကြီးထွားလာကြလဲ ဆိုတာကို လေ့လာဆန်းစစ်ဖို့ သစ်ပင်ပျိုတွေကို လိုက်လံဆွဲနှုတ်တဲ့ မျောက်တစ်အုပ်ရဲ့ အကြောင်းပါ။ နောက်ဆုံးတော့ မျောက်တွေဟာ သစ်ပင်တွေ ကို ပြန်လည်စိုက်ပျိုးကြတဲ့အခါ အဲဒီသစ်ပင်တွေဟာ မြန်မြန်ခြောက်သွေ့ပြီး မြန်မြန် သေသွားတာကို တွေ့ကြရပါတယ်။ အဲဒီအကြောင်းအရာတွေ ဟောထားတဲ့ အရှင် ဉာဏိဿရ ရဲ့ တရား ခွေတွေ ဟာ မြန်မာနိုင်ငံထဲမှာ တားမြစ်ပိတ်ပင် ထားတဲ့ အခွေတွေဖြစ်ပါတယ်။
စစ်အစိုးရဲ့ ရက်ရက်စက်စက် နှိပ်ကွပ်မှုပုံရိပ်တွေ၊ သတင်းတွေ နဲ့ စစ်အစိုးရကို ဆန့်ကျင်တဲ့ အပြုအမှုတွေ လုပ်ဖို့ ဆို တာ သိပ်မခက်လှပါဘူး။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာအရေးအခင်း အကြမ်းဖက်နှိမ်နှင်းမှုမှာ သေဆုံးခဲ့သူ အနည်းဆုံး ၃၁ ယောက်ရှိတယ်လို့ကုလသမဂ္ဂက ထုတ်ပြန်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် စစ်အစိုးရဟာ နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ၀န်ကြီးများအစည်းအဝေးမှာ ဘာမှအရေးမပါတဲ့ ယခုနောက်ဆုံးထွက်ရှိတဲ့ ရမ်ဘို ၄ အခွေကို ရေးကြီးခွင်ကျယ်လုပ်ပြီး သိမ်းဆည်းဖို့ ၀ရမ်းထုတ်လိုက်ပါ သေး တယ်။ အခုလည်းဒီသတင်းကို စစ်အစိုးရအနဲ့ တာမြစ်ပိတ်ပင်လို့ရသေးလား။ စစ်ဗိုလ်ချုပ်တွေ အဲဒီလို လုပ်ရ လောက်အောင် မတော်သေးပါဘူး လို့ စစ်ကိုင်းက ဦှးဇင်း တစ်ပါးက Reuters ကို အခုလို ပြောပြသွားတာပါ။
“သူတို့အားလုံက ဦးပဉ္ဖင်းတို့ကို အရူးတွေလို့ထင်နေကြတယ်။ ကျုပ်တို့မှာ ဦးနှောက်ရှိတယ်။ ဥာဏ်ပညာ ရှိတယ်။ ဒါကြောင့် သူတို့ ဦးပဉ္ဖင်းတို့ကို အဲဒီလိုထင်လို့မရဘူး။ စစ်ထောက်လှမ်းရေးတွေက သတင်း ကြားကြားချင်း အခွေတွေကို လိုက်သိမ်းတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ လူတွေက ကိတ်မုန့်ရောင်းသလို အခွေ တွေကို ရောင်းပြီးကုန်ကြပြီ” လို့ အဲဒီဦးပဉ္ဖင်းက ရယ်ရယ်မောမော နဲ့ ပြောပြပါတယ်။
စစ်အစိုးရကို ဆန့်ကျင်တော်လှန်တဲ့ အသံတွေကို ကြွေးကြော်နေတာ သံဃာတော်တွေတင် မကပါဘူး။
မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးစကာလမှာ အာရှတိုက်ရဲ့ အကြီးမားဆုံး စီးပွားရေး ဈေးကွက် အဆင့်မှာရှိခဲ့ပါတယ်။
ထို့ပြင် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရတဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီနှင့် မြေအောက်တော်လှန်ရေးအဖွဲ့တွေ ကလည်း စစ်အစိုးရကို တော်လှန်ပုန်ကန်ဖို့ အင်တာနက် ကိုလည်း အားထားနေကြရတယ်။
စစ်အစိုးရကို တော်လှန်ပုန်ကန်ကြတဲ့ အုပ်စုတွေထဲက ထင်ရှားတဲ့ အုပ်စုတစ်စုကတော့ ၈၈ မျိုးဆက် ကျောင်းသားတွေပါဘဲ။ အဲဒီအုပ်စုဟာ ၁၉၈၈ ဆန္ဒပြပွဲတွေမှာ စတင်ပြီးပေါ်ပေါက်လာခဲ့တာပါ။
စစ်အစိုးရက ပြီးခဲ့တဲ့လက ရွေးကောက်ပွဲတစ်ခုကျင်းပဖို့ အချိန်ကာလကိုသတ်မှတ်လိုက်တဲ့အချိန်မှာ ၈၈ မျိုးဆက်ကျောင်းသားအုပ်စုက ၀ိုင်းဝန်းပြီးရှုံ့ချခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ၈၈ မျိုးဆက်ကျောင်းသားတွေထဲ က အချို့က ထောင်ထဲမှာ၊ အချို့က ပုန်းအောင်းနေရပြီး၊ အချို့ကတော့ ပြည်ပမှာ ရောက်ရှိနေကြပါတယ်။
စက်တင်ဘာအရေးအခင်းမှာ ဖမ်းဆီးခံခဲ့ရပြီး၊ မကြာသေးမီကမှ ပြန်လွတ်လာတဲ့ လူရွှင်တော် သရုပ်ဆောင် ဇာဂနာ ဟာလည်းဘဲ ၅၃ သန်းသော ဗမာပြည်သူလူထုကို စစ်စိုးရဆန့်ကျင်ရေးလှုံ့ဆော်တဲ့နေရာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။
စက်တင်ဘာဆန္ဒပြပွဲတွေမှာ လူထုသုံးထောင်လောက်ရဲ့အလယ်မှာ တက်ကြွစွာပါဝင်ခဲ့တဲ့ လူရွှင်တော် သရုပ် ဆောင် ဇာဂနာရဲ့ လှုပ်ရှားမှုများဟာ အမှတ်ရစရာတွေဖြစ်စေခဲ့ပါတယ်။ ဇာဂနာဟာ ရန်ကုန်မြို့က နာမည်ကျော်တဲ့ သရုပ်ဆောင်၊ လူရွှင်တော်တစ်ယောက်ဖြစ်ပါတယ်။ မန္တလေးမြို့မှာ ကတော့ မုတ်ဆိတ် ညီနောင်လို့ အများသိကြတဲ့ ပါပါလေးတို့ ညီနောင်တွေဖြစ်ပါတယ်။
ဖော်ပြပါ လူရွှင်တော်သုံးယောက်ဟာ စစ်အစိုးရနဲ့ပက်သက်တဲ့ ပျက်လုံးတွေကို ပျက်တဲ့အတွက်ကြောင့် ထောင်ထဲမှာ စုစုပေါင်း ၁၂ နှစ်လောက် ထိန်းသိမ်းခံခဲ့ရပါတယ်။ အဲဒီအချိန်မှာဘဲ သူတို့ဟာ ညဘက်ဖျော်ဖြေ ပွဲတွေမှာ ဖျော်ဖြေခွင့်တော့ရပါတယ်။
သို့သော်ငြားလည်း သူတို့အဖို့ သရုပ်ဆောင်တဲ့အခါမှာ အင်္ဂလိပ်လိုအသုံးအနှုန်းတွေ မပါဖို့တော့ ကန့် သတ်ထားပါတယ်။ အခုအခါမှာ ပါပါလေးတို့ညီအစ်ကို နှစ်ယောက်အတွက် ဖျော်ဖြေရေးစင်မြင့် ကတော့ သူတို့ နေထိုင်ရာအိမ် အခန်းကျဉ်းလေးပါဘဲ။ ပရိသတ်တွေကတော့ အမြဲတမ်း တိုးရစ်စ်တွေနဲ့ စစ်အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားသူတွေပါဘဲ။
“ကျနော်တို့ကို ဖျော်ဖြေခွင့်တော့ ပေးထားပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့အနေနဲ့ကလည်း ထောင် ကျပြီးသားဆိုတော့ ဘာမှလည်းမထူးဘူးလေ။ ကျနော်ကတော့ လူရွှင်တော် သက်သက်ပါဘဲ။ ဒါပေမယ့် ကျနော် လွတ်လွတ်လပ်လပ် ပြောလို့ရတဲ့အချိန်ကတော့ ကျနော့်အိမ်မှာ ကျနော်နေနေတဲ့ အချိန်ပါဘဲ” လို့ ဦးလူမော်ကပြောပြပါတယ်။

No comments :
Post a Comment