Friday, 14 March 2008

လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆိုးသထက်ဆိုးလာတဲ့ မြန်မာနိုင်ငံ

Reuters, WASHINGTON
11 March
By Paul Eckert
ဘာသာပြန် - ကျော်

မြန်မာနိုင်ငံရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာအရေးအခင်းမှာ နအဖ ရဲ့ ရက်ရက်စက်စက် အကြမ်းဖက်နှိမ်နှင်းမှု များကြောင့် ပိုပြီးဆိုးရွားလာတယ် လို့ အမေရိကန်နိုင်ငံက လွန်ခဲ့တဲ့ အင်္ဂါနေ့ က အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

“ဗမာနိုင်ငံရဲ့ အဆုံးအစမရှိတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ တစ်နေ့တစ်ခြား ပိုပြီးတော့ တောင်ဆိုးရွား လာတယ်” လို့ အမေရိကန်နိုင်ငံ ပြည်နယ်အုပ်ချုပ်ရေးဋ္ဌာန ရဲ့ ၂၀၀၇ ခုနှစ် ကမ္ဘာ့လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းထဲမှာ ဖော်ပြထားပါတယ်။

“စစ်အစိုးရက တစ်နှစ်ပတ်လုံး လူတွေကိုသတ်ဖြတ်တယ်၊ ထင်ရာစိုင်းပြီးတော့ တရားမ၀င်ဖမ်းဆီး ထောင်ချမှုတွေလုပ်တယ်၊ မုဒိန်းကျင့်တယ်၊ နောက်ပြီးတော့ ညှဉ်းပမ်းနှိပ်စက်မှုတွေလည်းလုပ်တယ်” လို့ အစီ ရင်ခံစာ ထဲမှာ ဖော်ပြပါရှိပါတယ်။

စက်တင်ဘာဆန္ဒပြပွဲတွေမှာ အသတ်ခံခဲ့ရသူ အနည်းဆုံး ၃၁ ယောက်လောက်ရှိ ခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာထဲမှာရော၊ အခြားသတင်းဋ္ဌာနတွေကတဆင့် ပါ သိရပါတယ်။ အခြားလူ့အခွင့်အရေးအဖွဲ့တွေရဲ့ ခန့်မှန်းချက်မှာတော့ စက်တင်ဘာအရေးအခင်းမှာ သေဆုံးသူဦးရေဟာ အထက်ဖေါ်ပြပါအရေအတွက် ထက်များတယ်လို့ဆိုကြပါတယ်။ ဘာလို့လဲဆိုတော့ အထက်ဖော်ပြပါ သေဆုံးသူ အရေအတွက်ထဲမှာ ဆန္ဒပြပွဲမှာ ပျံလွန် တော်မူသွားကြတဲ့ သံဃာတော် အရေ အတွက် ကို ထည့်မတွက်ခဲ့တဲ့ အတွက်ကြောင့်ပါဘဲ။

“ဆန္ဒပြပွဲမှာပါဝင်ခဲ့ကြတဲ့ သံဃာတော်တွေဟာ ၂၀၀၇ ခုနှစ်အကုန်အထိ သူတို့ရဲ့ နေရပ် (သို့မဟုတ်) သူတို့ရဲ့ ဘုန်းကြီးကျောင်းတွေဆီ ပြန်လာကြတာမတွေ့ရဘူး။ အချို့ သံဃာတော်တွေဆိုရင် အခုထိ တောင် ပျောက်ဆုံးနေဆဲပဲ” လို့ အစီရင်ခံစာထဲ မှာ ဖော်ပြပါရှိပါတယ်။

ဗမာစစ်အစိုးရဟာ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားအဖွဲ့ အစည်းတွေနဲ့ မှန်ကန်တဲ့ တွေ့ဆုံ ဆွေးနွေးမှုမျိုးလုပ်ဖို့ စိတ်မ၀င်စားခဲ့ဘူး လို့လည်း အစီရင်ခံစာမှာရေးသားထားပါတယ်။

“ကုလသမဂ္ဂလုံခြုံရေးကောင်စီ နှင့် အာဆီယံတို့က အစောပိုင်းတုန်းက နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေး ဖို့ တောင်းဆိုတာကိုလည်း ပယ်ချခဲ့တဲ့အပြင်၊ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုနေအိမ်မှာဖမ်းဆီးထားပြီး အခြားအတိုက်အခံ ခေါင်းဆောင်တွေကိုလည်း ထောင်သွင်း အကျဉ်းချ ထား ပါတယ်” လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၃ ခုနှစ်မေလကစပြီး နေအိမ်မှာဖမ်းဆီးခံထားရတာ အခုထိဘဲဖြစ်ပါတယ်။ သူမဦးဆောင်တဲ့ NLD ပါတီဟာ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ မှာ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ဗမာနိုင်ငံမှာ ၁၉၆၂ ခုနှစ်ကတည်းက အုပ်စိုးလာခဲ့တဲ့ စစ်အာဏာရှင်တွေဟာ ရွေးကောက်ပွဲရလာဒ်ကို လျစ်လျူရှုခဲ့ပြီး အာဏာ ကို တရားမ၀င် အကြမ်းဖက်ပြီး သိမ်းယူခဲ့ပါတယ်။

“ဗမာနိုင်ငံအတွင်းမှာ နိုင်ငံသားတွေနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေဟာ တစ်ချိန်မဟုတ် တစ်ချိန်၊ တစ်ပတ်ပတ်မှာ ဆက်လက်ပြီးတော့ ပျောက်ဆုံးနေပါတယ်။ အဲဒီလို ပျောက်ဆုံးသူတွေထဲက တော်တော်များများဟာ ပြန်မ ပေါ်လာတော့ဘူး” လို့ အမေရိကန်နိုင်ငံ ရဲ့ ၂၀၀၇ ခုနှစ် ကမ္ဘာ့လူ့အခွင့်အရေးချိုးဖောက်တဲ့ နိုင်ငံများ စာ ရင်း အစီရင်ခံစာမှာ ဖော်ပြထားတာဖြစ်ပါတယ်။

No comments :