Monday, 24 March 2008

တရုပ်အစိုးရရဲ့ ကျားကျားမီးယပ် အာဘော်များ နဲ့  ပီကင်း အိုလံပစ်


CHENGDU, China (AP)
23 March
ကျော်သိင်္ခ

တရုတ်အစိုးရက ဘုန်းတော်ကြီး ဒလိုင်လားမား ကို တိဘက်မှာ ဆန္ဒပြပွဲတွေဖြစ်အောင် စည်းရုံးလှုံ့ဆော်သူ၊ ဘေဂျင်းအိုလံပစ်ကို ထိခိုက်ပျက်ဆီးအောင် လုပ်သူ၊ တိဘက်ဒေသက တရုတ်ကွန်မြူနစ် ခေါင်းဆောင်တွေကို ကျဆုံးအောင်လုပ်သူ လို့ တနင်္ဂနွေနေ့က စွပ်စွဲလိုက်ပါတယ်။ တိဘက်ဒေသမှာ တရုတ်တပ်တွေ ဖြန့်ထားပြီး အပြင်ဘက်ကနေလည်း စစ်ဆေးမေးမြန်မှုတွေ ပြုလုပ်နေပါတယ်။ နိုင်ငံခြားသတင်းမီဒီယာတွေကို ပိတ်ပင်ထား တဲ့ကြားက သတင်းတွေဟာ တိဘက်မြို့တော် လာဆာ နဲ့ အခြား အုပ်စုတွေထံ ကနေပြီး ကြားနေရ ပါတယ်။


တရုတ်အစိုးရဟာ ပြင်ပက လာတဲ့ သတင်းတွေကို သူတို့ရဲ့ သတင်းမီဒီယာတွေနဲ့ ဖုံးလွှမ်းဖို့ ကြိုးစားနေပါတယ်။ ပြီး တော့ အရင်က ထိန်းလို့သိမ်းလို့မရဖြစ်နေတဲ့ ဒေသဟာ အခုတော့ ထိန်းသိမ်းမှုအောက်မှာရှိနေပါပြီ လို့ လည်းပြောပါသေးတယ်။ တရုတ်အစိုးရဟာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒလိုင်လားမား ကို အခုလာမယ့် နွေ မှာကျင်းပမယ့် အိုလံပစ်ပွဲတော်ကို အန္တရာယ် ကျရောက်အောင်လုပ်သူလို့ စွပ်စွဲခဲ့ပါတယ်။

“ဒလိုင်လားမားအုပ်စုရဲ့ မကောင်းတဲ့စိတ်ဓာတ်ဟာ အခုလိုအများက အာရုံစိုက်နေတဲ့အချိန်မှာ ဒုက္ခရောက် အောင်လုပ်တယ်၊ ပြဿနာတွေကိုပိုပြီးကြီးထွားလာအောင်လုပ်တယ်။ ဘေဂျင်းအိုလံပစ်ကို ပျက်ဆီးအောင် သွေးထွက်သံယိုမှုတွေဖြစ်စေတဲ့အထိ လုပ်တယ်” လို့ တိဘက်တိုင်းမ် သတင်းစာမှာ ရေးသားထားပါတယ်။ ထို့ပြင် “ရန်သူနှင့် ကျွန်ုပ်တို့အကြားက အသက်လုပွဲ” လို့လည်းဖော်ပြထားပါသေးတယ်။

အကြမ်းမဖက်နည်းလမ်းကို အားပေးသူ၊ မတ်လ ၁၄ ရက်ဆန္ဒပြပွဲတွေနဲ့ ပက်သက်ခြင်းမရှိသူ ဒလိုင်လားမား အား အိုလံပစ်ပွဲတော်ကို အပြည့်အ၀ထောက်ခဲ့အားပေးတဲ့ တရုတ်ပြည်သူတွေရဲ့ မျက်စိထဲမှာတော့ မကောင်း ဆိုးဝါးတစ်ကောင်သဖွယ် အမြင်တွေစောင်းနေကြပါတယ်။ “ဒလိုင်လားမားအုပ်စုကတော့ အိုလံပစ်ပွဲတော်မှာ တရုတ်အစိုးရကို တိဘက်လွတ်လပ်ရေးအတွက် ထည့်သွင်းစဉ်းစားလာအောင်လုပ်နေပြီ” လို့ တရုတ်ကွန်မြူနစ် ပါတီရဲ့ သတင်းစာတစ်ခုဖြစ်တဲ့ People’s Daily သတင်းစာမှာရေးသားထားပါတယ်။

တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဋ္ဌာနက စနေနေ့က ထုတ်ပြန်ကြေငြာရာမှာ တိဘက်ဆန္ဒပြပွဲတွေမှာ သေဆုံးခဲ့ သူ ဦးရေဟာ ခြောက်ယောက်ကနေ နှစ်ဆယ့်နှစ်ယောက်အထိ ရှိသွားပြီလို့ ဆိုပါတယ်။ မီးလောင် ထား တဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေသူ ဂ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အခြားလေးယောက်တို့ရဲ့ ရုပ်အ လောင်းတွေကိုလည်း ကာဂိုဒေါင်ပျက်ထဲကနေ ဆွဲထုတ်ပြီး လာဆာမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မီးသင်္ဂြိုလ် တယ်လို့လည်း ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။ ပြည်ပရောက် ဒလိုင်လားမား အစိုးရက တိဘက်လူမျိုး ၉၉ ယောက်အသက်ခံရတဲ့အနက် အယောက် ၈၀ ဟာ မြို့တော်လာဆာမှာ အသတ်ခံခဲ့ရတာ ဖြစ်ပြီး၊ ၁၉ ယောက်ဟာ ဂန်စု ခရိုင်မှာ အသတ်ခံခဲ့ ရတာဖြစ်တယ်လို့ပြောပါတယ်။ အခုလို အကြမ်းဖက်မှုဟာ တရုတ် နိုင်ငံအတွက် သြဂုတ်လမှာပြုလုပ်မယ့် အိုလံပစ်ပွဲတော်မတိုင်မီ လူထု နဲ့ အစိုးရအကြားဖြစ်ပွာခဲ့တဲ့ ပြဿနာ ဖြစ်ပါတယ်။ တရုတ်အစိုးရကတော့ အိုလံပစ်ပွဲတော်ကို နိုင်ငံတကာရဲ့ မျက်နှာစာမှာ ဂုဏ်သိက္ခာရှိစွာ ကျင်းပဖို့ မျှော်လင့်နေပါတယ်။

ဆင်ဟွာ က အမေရိကန်နိုင်ငံ အိမ်ဖြူတော်က ပြောရေးဆိုခွင့်ရှိသူ ကိုယ်စားလှယ် နန်စီ ပယ်လိုစီ ကို တိုက် ခိုက်တဲ့ စကားလုံးတွေသုံးပြီး ထင်မြင်ချက်တွေကို သတင်းစာထဲမှာ ရေးသားထုတ်ဝေခဲ့ပါတယ်။ အိန္ဒိယမှာ ရှိတဲ့ ဒလိုင်လားမားရဲ့ ရုံးချုပ်ကို အလည်အပတ်သွားခဲ့တဲ့ နန်စီဟာ တရုတ်အစိုးရကို ကြမ်းကြမ်း တမ်းတမ်းပဲ ဝေဖန်လိုက်ပြီး တိဘက်လူမျိုးတွေကို ထောက်ခံကြောင်း ပြီးခဲ့တဲ့သောကြာနေ့ ထုတ်ဖော်ပြောကြား လိုက်ပါတယ်။ တရုတ်အစိုးရရဲ့ အကြမ်းဖက်နှိမ်နှင်းမှုဟာ တစ်ကမ္ဘာလုံးအပေါ် စိမ်ခေါ်မှုတစ်ရပ် လို့လည်း သူမက ပြောဆို လိုက်ပါတယ်။

ဆင်ဟွာသတင်းဋ္ဌာနက နန်စီကို တိဘက်အဓိကရုဏ်းကို လျစ်လျူရှုသူလို စွပ်စွဲခဲ့ပါတယ်။ “နန်စီလို လူ့အခွင့် အရေးဆိုင်ရာ စုံစမ်းစစ်ဆေးသူတွေဟာ တရုတ်ပြည်ကို လာတဲ့အခါ မကောင်းတဲ့ အကျင့်တွေနဲ့ မရိုးသားမှုတွေ ကို သယ်ဆောင်လာတယ်” လို ဆင်ဟွာ ကပြောခဲ့ပါတယ်။ ဒါပေမယ့် တရုတ်အစိုးရဘက် ကတော့ သူတို့ရဲ့ အချက် အလက်တွေကို စစ်ဆေးခံဖို့နဲ့ ဖြစ်ရပ်အမှန်တွေကို ဖော်ထုတ် ဖို့ ငြင်းပယ်ခဲ့ပါတယ်။

တကယ်တော့ တရုတ်အစိုးရဟာ သူကိုယ်တိုင်ရော၊ တရုတ်စီးပွားရေးလုပ်ငန်းတွေကိုပါ ဒုက္ခရောက်မယ့် နည်း လမ်းကို ရှာတွေ့သွားတာပါ။ ဆင်ဟွာသတင်းဋ္ဌာနက စနေနေ့က ပြောဆိုရာမှာ ခရိုင်လေးခု နဲ့ ဂန်စု ခရိုင် က မြို့တော်တစ်ခုမှာ မတ်လ ၁၅ ရက် နဲ့ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းမှာ မှာ လူ ၉၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဒဏ်ရာရသူတွေထဲမှာ ရဲ ၆၄ ယောက်၊ အစိုးရအရာရှိ နှစ်ယောက် နဲ့ အရပ်သားတစ်ဦး တို့ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဆင်ဟွာသတင်းဋ္ဌာနက ဆန္ဒပြပွဲမှာ ဆန္ဒပြသူတွေ ထိခိုက်ဒဏ်ရာရတဲ့ အကြောင်းကိုတော့ ထည့်သွင်းဖော်ပြသွားခြင်း မရှိပါဘူး။ သတင်းမီဒီယာတွေကို တရုတ်အစိုးရက တာဆီးပိတ်ပင်မှုတွေ လုပ်နေသော်ငြားလည်းဘဲ တရုတ်တပ်တွေ တိဘက်ဒေသကို သွားနေတယ်ဆိုတဲ့သတင်းတွေကတော့ ဟိုတစ်စ ဒီတစ်စ ကြားနေရပါတယ်။

စီချွမ်ပြည်နယ် မြို့တော် ချန်ဒုမြို့ကို အလည်ပတ်သွားခဲ့တဲ့ အမေရိကန်နိုင်ငံသားတစ်ယောက်ကတော့ တိဘက်ပြည်နယ် နဲ့ ကပ်လျှက်ရှိတဲ့ ယူနန်ပြည်နယ် အနောက်မြောက်ဘက်ပိုင်းမှာ လက်နက်ကိုင်တပ်တွေကို တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ “စာကြည့်တိုက်နားက ဘာမှမရှိတဲ့ ကားရပ်နားဝင်ကြီးထဲမှာ စစ်ကားတွေ အပြည့်ပဲ၊ အဲဒီထဲမှာ လူတွေက ဒိုင်းတွေနဲ့ လေ့ကျင့်နေကြတယ်။ စစ်သားအယောက် တစ်ရာလောက်ကို ကျနော် မြင်ခဲ့တတယ်” လို့ မျက်မြင်သက်သေတစ်ဦးဖြစ်သူ အဲဒီ အမေရိကန်က ဆိုပါတယ်။ ယူနန်မှာတော့ ဆန္ဒပြပွဲ သတင်းနဲ့ ပက်သက်ပြီး အခုထိ ဘာမှတော့ မကြားရသေးပါဘူး။

ဆင်ဟွာ သတင်းဋ္ဌာနကတော့ ဂန်စုခရိုင်အပြင် ဆန္ဒပြပွဲတွေဖြစ်ပွားခဲ့တဲ့ လာဆာမြို့တော်ရဲ့ အခြားနေရာတွေ မှာ ပုံမှန်အခြေအနေအတိုင်း ပြန်ဖြစ်နေပါပြီလို့ တနင်္ဂနွေနေ့က ပြောသွားပါတယ်။ စီချွမ်ပြည်နယ်၊ အဘာမြို့မှာ ရှိတဲ့ အဓိကကျတဲ့ လမ်းမကြီးတွေပေါ်မှာတော့ ဈေးဆိုင်တွေ ထက်ဝက်လောက်ပြန်ဖွင့်နေပါပြီလို့ ဆင်ဟွာက ဆိုပါတယ်။ ကွန်မြူနစ်ပါတီ ရဲ့ အကြီးအကဲ ကန်ချင်းဝိုင် ကတော့ အစိုးရဋ္ဌာနတွေနဲ့ အဓိက လုပ်ငန်းတွေလည်း ပုံမှန်အတိုင်း ပြန်လည် လည်ပတ်နေပါတယ်။ ကျောင်းတွေကတော့ တနင်္လာနေ့ကျရင် ပြန်ဖွင့်ပါလိမ့်မယ် လို့ ပြောပါတယ်။

အဘာမြို့ ဆိုတာက ဆင်ဟွာ သတင်းဋ္ဌာနက ရဲက ဆန္ဒပြသူလေးယောက်ကို ပစ်ခတ်လိုက်တယ်လို့ ပြောခဲ့ တဲ့ နေရာပါ။ ဒါဟာ တရုတ်အစိုးရရဲ့ ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့တယ်ဆိုတာ ပထမဆုံး ဖော်ပြခဲ့တာဖြစ်ပါ တယ်။ ဆင်ဟွာ သတင်းတွေကို အတည်ပြုဖို့နည်လမ်းတော့ မရှိသေးပါဘူး။

ဥရောပသမဂ္ဂ နဲ့ အမေရိကန်နိုင်ငံတို့ က တရုတ်အစိုးရရဲ့ အကြမ်းဖက် နှိမ်နှင်းမှုတွေကြောင့် ဘေဂျင်းအိုလံပစ် ကို သပိတ်မှောက်တာကို သူတို့အနေနဲ့ ကန့်ကွက်တယ်လို့ ပြောဆိုနေသော်ငြားလည်း၊ ဥရောပက နိုင်ငံရေး သမားတွေကတော့ ဥရောပနိုင်ငံတွေအနေနဲ့ တရုတ်နိုင်ငံမှာ အကြမ်းဖက်မှုတွေ ဆက်ဖြစ်ခဲ့ရင် အိုလံပစ်ကို သပိတ်မှောက်ဖို့ကို မတားမြစ်သင့်ဘူး လို့ စနေနေ့က ပြောလိုက်ပါတယ်။

No comments :