
နိင်ငံတော်အကြီးအကဲတွေဆိုတာ အခြေအနေလိုအပ်လာရင်တိုင်းပြည်ကို စကားပြောရတာပဲ။
ဗိုလ်ချုပ်အောင်ဆန်းလည်း မိန့် ခွန်းတွေပြောခဲ့တယ်။ ဦးနေ၀င်းလည်းပြောခဲ့တယ်။
ထိုင်းဘရင်ကြီးလည်း နှလုံးရောဂါဖြစ်နေတဲ့ကြားထဲက စကားပြောတယ်။ ဘုရှ်ဆိုလည်း ခနခနသတင်းစာရှင်းလင်းပွဲတွေ လုပ်ခဲ့တယ်။ မိန့် ခွန်းတိုရှည်တွေ ပြောခဲ့တယ်။
ဗိုလ် ချုပ်ကြီးစောမောင်လည်းပြောခဲ့တယ်။ တခါမှ နိင်ငံတော် ကို အသံထွက်ပြီး မိန့် ခွန်းမပြောရဲ တာကတော့ ဦးသန်းရွေတယောက်ပဲရှိပါတယ်။ မတ်လ၂၇ ရက်နေ့ က လည်း သန်းရွေ စကားမပြောဘူး။ သူမိန့်ခွန်းကို ကို မြန်မာ့ အသံဝန်ထမ်းကိုပဲဖတ်ခိုင်းတယ်။ သန်းရွေကတော့ စကားမပြောရဲ တာလား။ စကားပြောလို့ မရတာလား။ ထူးတော့ ထူးတယ်။ အခုလည်း ဆန္ဒခံယူပွဲ က သူတို့ အတွက်သေရေးရှင်ရေးတမျှအရေးကြီးနေရပြီ ။ နအဖ အခြေခံဥပဒေ အတုကြီး ကို ဘယ်စစ်သားကမှမယုံဘူး။ သူကိုစစ်သားတွေကစောင့်ကြည့်နေတယ်။ စစ်သားတိုင်းက ပြောချင်နေတဲ့စကားတွေက
၁- ဆန္ဒခံယူပွဲ အောင်မြင်သွားရင် ခင်ဗျားဘာဆက်လုပ်မှာလဲ
၂- စစ်တပ်နဲ့ လက်တွဲ မှာလား၊ ကြံဖွတ်နဲ့ လက်တွဲမှာလား။
၃- ခင်ဗျား ရာထူးပြုတ်လို့ ကတော့ ဦးနေ၀င်း၊ ဗိုလ်ချုပ်စောမောင်၊ ဗိုလ်ချုပ်ခင်ညွန့် တို့ ထက်ဆိုးမယ်ဆိုတာ ရိပ်မိရဲ့ လား။ ဒီစကားတွေကို စစ်သားတွေက မသိကိန်းတွေလို ညီမျှခြင်းချကြည့်  လို ကြည့် ၊ စိတ်တွက်တွက်ကြည့် လိုကြည့် လုပ်နေကြတာကြာပြီ။
ဒီတခါ တပ်မတော်နေ့ မှာ ဆန္ဒခံယူပွဲ နဲ့  အခြေခံဥပဒေဆိုတာ အရေးကြီးတဲ့  ပြသာနာတွေအဖြစ်ပေါ်လာနေပြီ။ ဒီလောက်အရေးကြီးတဲ့အချိန်ထိတောင်မှ သန်းရွေဟာ
အသံ ထွက်ပြီး မိန့် ခွန်းမပြောရဲ ဘူးဆိုတာပါပဲ။
1 comment :
I though Than Shwe spoke for 15 minutes, Heard from BBC.
Post a Comment