Wednesday, 19 March 2008

တရုတ်အခက် ဗမာ့အချက်


Reuters, Singapore
17 March
By Gillian Murdoch
- ကျော်သိင်္ခ

တရုတ်စစ်ကြောင်း တွေဟာ တိဘက်အနွယ်လူမျိုးစုတွေရဲ့ ဆူပူအုံကြွမှုတွေအပေါ်ကိုင်တွယ်ဖြေရှင်းဖို့ တရုတ်နိုင်ငံအနောက်ဘက်ပိုင်းဒေသကို တနင်္လာနေ့က ရောက်ရှိခဲ့ပါတယ်။ အဲဒီလိုလာရောက်ပြီး တစ်ပတ်အကြာမှာပဲ တိဘက်ပြည်နယ်ရဲ့ မြို့တော် လာဆာ မှာ တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ စတင် ပြီးဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အောက်ဖော်ပြပါ သမိုင်းကြောင်းအချက်အလက်တွေဟာ ခေတ်သစ်တရုတ်-တိဘက် ဆက်ဆံရေးနဲ့ပက်သက်နေတဲ့ အချို့အချက်အလက်တွေပါဘဲ။

၁၉၅၀ ခုနှစ် အောက်တိုဘာလမှာ တရုတ် ပြည်သူ့လွတ်မြောက်ရေးစစ်ကြောင်းဟာ တိဘက်ဒေသသို့ စစ်ချီ ခဲ့ပါတယ်။ တစ်နှစ်ကြားပြီးတဲ့အခါမှာ တရုတ် ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ မော်စီတုန်းဟာ ပြည်တွင်းစစ်အောင်နိုင်ပြီး တရုတ်ပြည်သူ့သမ္မတ နိုင်ငံကိုထူထောင်ခဲ့ပါတယ်။

၁၉၅၄ ခုနှစ်၊ စက်တင်ဘာလမှာ တရုတ်ခေါင်းဆောင် မော်စီတုန်းဟာ ဘုန်းတော်ကြီး ဒလိုင်လားမားနဲ့ တွေ့ခဲ့ပါတယ်။ ၁၉၅၄ မတ်လမှာ ကံကြွေးချစနစ် အဆုံးသတ်ဖို့ ပြင်ပြောင်းလဲရေးတွေ လုပ်ပြီးနောက် တိဘက်ဒေသမှာ ဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပြီး လူတွေ ထောင်နဲ့ချီပြီး သေဆုံးခဲ့ပါတယ်။ တိဘက်ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်လားမား ဟာ သူ့ရဲ့နောက်လိုက် ၈၀ ၀၀၀ နှင့်အတူ အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ပါတယ်။ ဒလိုင်လားမား ဟာ ပြည်ပရောက်အစိုးရအဖွဲ့ကို ဒါရမ်ဆလာ မှာ ဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ အစိုးရအဖွဲ့ကို ဘယ်နိုင်ငံကမှာ အသိအမှတ် မပြုခဲ့ပါဘူး။

၁၉၆၅ ခုနှစ်မှာ တဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တရားဝင်ထူထောင်ခဲ့ပါတယ်။

၁၉၆၆ မှာ တရုတ်ယဉ်ကျေးမှုတော်လှန်ရေး စတင်ပါတယ်။ တိဘက်လူမျိုး အနီရောင်အစောင့်တပ်သားတွေက တိဘက်ဒေသမှာ ရှိတဲ့ ဘုန်းကြီးကျောင်တွေဆီ ချဉ်းကပ်လာပြီး၊ ဗုဒ္ဓရုပ်ပွားတော်တွေကို ဖျက်ဆီး၊ ဘုန်းတော်ကြီးတွေနဲ့ သီလရှင်တွေကို လူဝတ်လဲဖို့ အတင်းအဓမ္မ စေခိုင်းပါတယ်။

၁၉၇၂ မှာ အမေရိကန်သမ္မတ ရစ်ချက်နစ်ဇွန်ရဲ့ တရုတ်ပြည်အလည်အပတ်ခရီးစဉ်က တိဘက်မှာရှိတဲ့ တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်တွေနဲ့ တိဘက်လူမျိုးတွေရဲ့ တိုက်ခိုက်ရေးအစီအစဉ်တွေကို အဆုံးသတ် သွားစေခဲ့ပါတယ်။

၁၉၇၉ ခုနှစ်မှာ ဒလိုင်လားမား ရဲ့ အစ်ကို ဂျလိုသွန်ဒပ် က တရုတ်ဘက်က အရေးပါတဲ့ခေါင်းဆောင်တစ်ဦး ဖြစ် သူ ဒန်ဇိုပင် ရဲ့ အရေးပါတဲ့ဖိတ်ကြားချက်အရ တရုတ်ပြည်အလည်အပတ် ခရီးစဉ်အပြီးမှာ တိဘက် နှင့် တရုတ် တို့ ပြန်လည်သင့်မြတ်သွားခဲ့ကြပါတယ်။

၁၉၈၉ ခုနှစ်၊ မတ်လ - တိဘက်ဗုဒ္ဓဘာသာ ရဲ့ အထွတ်အထိပ်ဖြစ်သူ ပန်ချန်လားမားကွယ်လွန်ပြီး နောက် ဇန် န၀ါရီလမှာ လုံခြုံးရေးတပ်တွေဟာ တိဘက်ကို ရောက်ရှိလာပြီး၊ မြို့တော်လာဆာမှာ တစ်ချက်လွတ်အမိန့် (Martial Law) ကို ထုတ်ပြန်ပါတယ်။

၁၉၈၉ အောက်တိုဘာလမှာ ဒလိုင်လားမားဟာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ချီးမြှင့်ခြင်းခံရပါတယ်။

၁၉၉၀ မေလမှာ လာဆာမြို့တော်မှာ တစ်ချက်အလွတ်အမိန့် ရုပ်သိမ်းခဲ့ပြီး ဒလိုင်လားမားဦးဆောင်တဲ့ ပြည်ပရောက်အစိုးရအဖွဲ့ကို ဖျက်သိမ်းကာ ၁၉၉၁ ခုနှစ်အတွက်ရွေးကောက်ပွဲပြုလုပ်ရန် ကြေငြာခဲ့ပါတယ်။

၁၉၉၃ သြဂုတ်လ - ဒလိုင်လားမားဟာ သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ပြီး သူ့အနေနဲ့ တိုက်ခိုက်နေတာ ဟာ တိဘက် ဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဖို့ အတွက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ လွတ်လပ်ရေးအတွက် မ ဟုတ် ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

၁၉၉၄ - ဒလိုင်လားမားဟာ တိဘက်ဒေသမှာ တိုးတက်မှုမရှိတဲ့အတွက် တရုတ်အစိုးရနဲ့ စေ့စပ် ဆွေးနွေးမှု ပြု လုပ်ခဲ့ပါတယ်။

၁၉၉၅၊ ဒီဇင်ဘာ - အိန္ဒိယအခြေစိုက် တိဘက်လူမျိုးများက ဘေဂျင်းအစိုးရက အသက် ၆ နှစ်အရွယ် ဂတ်ဒ် ဟွန် ချိုကြည်ညီမား ကို ၁၁ ဆက်မြောက် ပန်ချန်လားမား အဖြစ်ရွေးချယ်ခြင်းကို ဆန္ဒပြကြပါတယ်။

၁၉၉၆၊ ဇွန်လ - ဒလိုင်လားမားဟာ ပြည်ပရောက် အစိုးရအဖွဲ့သစ်ပါဝင်တဲ့ရွေးကောက်ပွဲမှာ ကျမ်းသစ္စာ ကျိန် ဆိုပါတယ်။

၁၉၉၈၊ ဒီဇင်ဘာ - ဒလိုင်လားမားက အိန္ဒိယနိုင်ငံ ပတ်နာ မြို့တော်မှာ သူ့အနေနဲ့ တရုတ်အစိုးရနဲ့ အပြန် အ လှန်သဘောတူညီမှုရစေဖို့ တရုတ်အစိုးရအနေနဲ့ သူ့ကို မည့်သည့်အခြေအနေ၊ မည်သည့်အချိန်၊ မည်သည့် နေရာတွင်မဆို တွေ့ဆုံဆွေးနွေးလို့ရကြောင်း ပြောခဲ့ပါတယ်။

၁၉၉၉၊ မတ်လ - ဒလိုင်လားမား အနေနဲ့ တိဘက်ဒေသ လွတ်လပ်ရေးအတွက် တောင်းဆိုချက်ကို စွန့်လွှတ်ရင်၊ ပြီးတော့ တိဘက်ဒေသဟာ တရုတ်ပြည်မကြီးကနေခွဲထွက်လို့မရတဲ့ အစိတ်အပိုင်းတစ်ခုမဟုတ်ဘူးဆိုတာကို ဒလိုင်လားမားက အသိအမှတ်ပြုတဲ့ ထုတ်ပြန်ချက်တစ်စောင် ထုတ်ဝေမယ်ဆိုရင် တရုတ်အစိုးရအနေနဲ့ ဒလိုင် လားမားနဲ့ တွေ့ဆုံစေ့စပ်ညှိနှိုင်းဖို့ တံခါးကို အမြဲဖွင့်ထားကြောင်း တရုတ်အစိုးရဘက်က ပြောဆို ခဲ့ပါ တယ်။

၁၉၉၉၊ ဒီဇင်ဘာ - ဒလိုင်လားမားက တိဘက်ဒေသအနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဥပဒေရရှိမှသာ ကျေနပ် မည် ဖြစ် ကြောင်း နဲ့ တရုတ်အစိုးရအနေနဲ့ တိဘက်ဒေသယဉ်ကျေးမှု ပျောက်ပျက်အောင်ပြုလုပ်တယ်လို့ လည်း စွပ် စွဲ ခဲ့ပါတယ်။

၁၉၉၉၊ ဇန်န၀ါရီ - တိဘက်ဒေသမှ ၁၄ နှစ်အရွယ် ဘုန်းကြီး၊ ကမ္မပလားမား က တရုတ်နိုင်ငံကနေထွက်ပြေးပြီး ဟိမ၀န္တာတောင်ကို ကျော်ဖြတ်ကာ ခရီးကြမ်းနှင်ခဲ့ပြီး အိန္ဒိယနိုင်ငံသို့ ဒလိုင်လားမားအား သွားရောက်တွေ့ဆုံခဲ့ သည်။

၂၀၀၆၊ ဇူလိုင် - တရုတ်အစိုးရက ချင်ဟိုင် - တိဘက် ရထားလမ်းကို ဖောက်လုပ်ခဲ့ပြီး၊ အဲဒီရထားလမ်းဟာ ကမ္ဘာ့အမြင့်ဆုံး မီးရထားလမ်းဖြစ်ခဲ့ပါတယ်။ အဲဒီအခါတုန်က တရုတ်အစိုးရဘက်က ထိုရထားလမ်းဟာ တိဘက်ဒေသကို ခေတ်မှီပြီး၊ ဖွံ့ဖြိုးတိုက်တက်အောင်ပြုလုပ်ပေးကြောင်းပြောခဲ့ပါတယ်။ တိဘက်ပညာရှင်များ ဘက်ကမှု ထိုရထားလမ်းဟာ တိဘက်ဒေသသို့ ဟန် တရုတ်မျိုးနွယ်စေ အလုံးအရင်းဝင်ရောက်လာစေပြီ၊ တိ ဘက် ပတ်ဝန်းကျင် ဒေသ ရဲ့ လုံခြုံမှုကို ချိန်းခြောက်ရာရောက်ကြောင်းပြောပါတယ်။

၂၀၀၈ ခုနှစ်၊ မတ်လ - လာဆာမြို့တော်မှာ ဖြစ်ပွားတဲ့ တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ တိဘက်လူမျိုး ၈၀ လောက်အထိ အသတ်ခံရတယ်လို့ ပြည်ပရောက် တိဘက်အစိုးရအဖွဲ့က ပြောပါတယ်။ ဒါပေမယ့် တိဘက် ဒေသမှာ ရှိတဲ့ အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေက ဆန္ဒပြပွဲမှာသေဆုံးသူ ၁၃ ယောက်ပဲရှိတယ်လို့ ပြောပါ တယ်။ အဲဒီ သေဆုံးသူတွေဟာ ဟန် တရုတ် မျိုးနွယ်တွေဖြစ်ပြီး တိဘက်လူရမ်းကားတွေရဲ့ သတ် ဖြတ်ခြင်းကိုခံရတာဖြစ်ကြောင်းပြောပါတယ်။ ဆန္ဒပြပွဲတွေဟာ တရုတ်နိုင်ငံ အခြားပြည်နယ်တွေ မှာ နေ ထိုင် ကြ တဲ့ တိဘက်လူမျိုး အသိုင်းအ၀ိုင်း တွေဆီအထိ ပျံ့နှံ့သွားပါတယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်း က အခုလို ဆန္ဒပြပွဲတွေအပေါ် အကြမ်းဖက်နှိမ်နှင်းတဲ့ တရုတ်အစိုးရကို အပြင်းအထန် ဆန့်ကျင်၊ ရှုံ့ချကြပါတယ်။ တရုတ် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဟာ အိုလံပစ်ပွဲတော်မတိုင်ခင် ၅ လ အလိုမှာ ဖြစ်ခဲ့တာဖြစ်ပါတယ်။

No comments :