The Times, UK
18 March
By Hannah Fletcher
ဘာသာပြန် - ကျော်သိင်္ခ
တိဘက်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေအပေါ် တရုတ်အစိုးရရဲ့ အကြမ်းဖက်နှိမ်နှင်းခဲ့မှုတွေနဲ့ ပက်သက်ပြီး မကျေနပ်ကြလို့ လန်ဒန်မြို့ ရဲ့လမ်းမတွေပေါ်ကနေတစ်ဆင့် လူအုပ်ကြီးဟာ တရုတ်သံရုံးဘက်ကို ကြွေးကြော်သံတွေဟစ်အော်ချီတက်သွားကြပြီး၊ လက်ထဲမှာ ကိုင်ထားတဲ့ တုတ်တွေ၊ ကျောက်တုံးတွေ၊ ပုလင်းတွေနဲ့ တရုတ်သံရုံးကို ပစ်ပေါက်ခဲ့ကြပါတယ်။
အခြားလူမျိုးစုတွေအပါအ၀င် တိဘက်အနွယ်ဖွား အယောက်တစ်ရာကျော်က ဖယောင်းတိုင်ထွန်းညှိပြီး ၀တ် ပြုဆုတောင်းကြတဲ့ပွဲအပြီး နောက်တစ်နာရီလောက်အကြာမှာ အဲဒီလူအုပ်ကြီးဟာ ဒေါသမာန်ဟုန်တွေ ပေါက် ကွဲလာပြီး အခုလိုရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့တာ လို့ မျက်မြင်သက်သေတစ်ဦးက ပြောပြသွားတာ ဖြစ်ပါတယ်။ “ရဲတွေက ဆန္ဒပြသူတွေကို ဂုတ်ကနေ ကိုင်ဆွဲပြီးဖမ်းဆီးခဲ့ပါတယ်။ အမျိုးသမီးတစ်ဦးဆိုရင် လမ်းမနဲ့ ခေါင်းနဲ့ ဆောင့်မိသွားတယ်” လို့ သူက ဆက်လက်ပြောပြပါတယ်။
ဆန္ဒပြသူတွေဟာ တုတ်တွေ၊ ခဲတွေ၊ ပုလင်းတွေနဲ့ သံရုံးထဲကို တအားကုန်လွှဲပစ်ကြပါတယ်။ အချို့တော့ တိဘက်အလံကို သံရုံးရဲ့ ပြတင်းတံခါးဝထဲကို ပစ်သွင်းကြရင်း “တရုတ်! တရုတ်! ထွက်သွား! ထွက်သွား!” လို့ ကြွေးကြော်ကြပါတယ်။ လွတ်လပ်သောတိဘက် ကျောင်းသားများအဖွဲ့ရဲ့ ကိုယ်စား အသက် ၂၅ နှစ်အရွယ် ပီမာ က “ကျနော်က လန်ဒန်မှာ မွေးပြီး၊ လန်ဒန်မှာ ကြီးတဲ့ တိဘက်လူမျိုးပါ။ ကျနော် တိဘက်ဒေသကို တစ်ခါမှ မရောက်ဖူးပါဘူး။ ကျနော် က တစ်ရာ ရာခိုင်နှုန်း တိဘက်စစ်စစ်ပါ” လို့ ပြောသွားခဲ့ပါတယ်။
အသက် ၃၀ နှစ်ရှိဆွန်နမ် ငိုဒက်ပ် က “ကျနော်ကတော့ အိန္ဒိယမှာ မွေးပြီးအိန္ဒိယမှာဘဲကြီးပြင်ခဲ့ပါတယ်။ ကျနော်လည်း တိဘက်ကို တစ်ခါမှ မရောက်ဖူးပါဘူး။ တိဘက်လူမျိုးတွေဟာ တိုက်ခိုက်နေတာမဟုတ်ပါဘူး။ ကျနော်တို့ဟာ လိုလားချက်တွေကို တောင်းဆိုနေတာပါ။ အဲဒီလိုအော်ဟစ်တောင်းဆိုတာလေးနဲ့ ကျနော် တို့ဟာ သေနတ်တွေနဲ့ ပစ်ခတ်နှိမ်နှင်းခြင်းခံရပါတယ်” လို့ ပြောသွားပါတယ်။
အဲဒီဆန္ဒပြပွဲမှာ သီလရှင်လည်းဖြစ်၊ နိုင်ငံရေးအကျဉ်းသား တစ်ဦးလည်းဖြစ်ခဲ့သူ င၀မ်ဆမ်ဒေါ က သူမဟာ အ သက် ၁၃ နှစ်ကတည်းကနေပြီး တရုတ်စစ်ကြောရေးစခန်းမှာ ၁၂ နှစ်လုံးလုံး အဖမ်းခံခဲ့ရသူဖြစ်ကြောင်း ပြောပါ တယ်။ ၂၀၀၂ ခုနှစ် ထောင်ကနေလွတ်လာပြီးနောက် သူမဟာ တိဘက်ကို ပြန်လို့မရတော့ပါဘူး။ “ကျမအနေနဲ့ ကျမတို့ ဒေသကို လွမ်းတယ်၊ ကျမ မိသားစုကိုလည်း လွမ်းတယ်။ ဒါပေမယ့် ကျမတို့ တိဘက်အနွယ်တွေဟာ ဘယ်တော့မှ အရှုံးမပေးဘူး” လို့ သူမကပြောပါတယ်။
တရုတ်သံရုံးအနေနဲ့ ကတော့ ဆန္ဒပြပွဲနဲ့ ပက်သက်ပြီး ဘာမှာ ထင်မြင်ချက်ပေးခြင်းမရှိခဲ့ပါဘူး။
No comments :
Post a Comment